Unicode ဆိုတာ

Unicode ဆိုတာ တကယ်တန်းတော့ international အတွက်ပါ။ ဘာလဲဆိုရင် မင်း English စာဆိုရင် မင်းရိုက်လိုက်တဲ့ စာတွေကို computer ကစာအနေနဲ့သိမ်းထားတာ မဟုတ်ဘူး။ code နံပါတ်နဲ့သိမ်းလိုက်တာ။ A ဆိုရင် 65 ဆိုပြီး သိမ်းပြီး a ဆိုရင်တော့် 91 ဆိုပြီးသိမ်းပါတယ်။ English စာအတွက်က ASCII code ဆိုပြီးရှိပေမယ့် နိုင်ငံတကာအတွက်ဆိုရင် ASCII code ကမလုံလောက်တော့ဘူး။ ဘာဖြစ်လို့လည်းဆို ASCII code က စာလုံးရေ 255 လုံးပဲသိမ်းနိုင်တယ်။ ဒါကြောင့်မို့ နိုင်ငံတကာ အတွက် Unicode ဆိုတာ ပေါ်လာတာ။ Unicode ကစာလုံးရေ အများကြီးဆန့်တယ်။ ကျွန်တော် သေသေချာချာ မမှတ်မိတော့လို့ပါ။ အဲဒီလိုပဲ မြန်မာစာ အတွက် Unicode ဆိုတာရှိပါတယ်။ win-innwa တို့ CE တို့ဆိုတာ Unicode မဟုတ်ပါဘူး။ ASCII code ကို စာလုံးပုံစံပြင်ထားတာပါ။ သဘောကတော့ဗျာ ေ ဆိုရင် 61 ဆိုပြီးသွားသိမ်းတယ်။ ဗ ဆိုရင် 41 ဆိုပြီးသိမ်းထားတယ်။ ဒါဟာ Unicode မဟုတ်ပါဘူး။ Font သက်သက်ပဲရှိတာပါ။ သဘောပေါက်အောင်ပြောရမယ်ဆိုရင်တော့ က ဆိုတာက u မဟုတ်ပါဘူး။ win တို့ ce တို့ သဘောက u ကို က လို့သတ်မှတ်တာပါ။ အမှန်တိုင်းဆိုရင် ကဆိုတာက Unicode 1000 ပါ။ Unicode 0075 မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာတွေအတွက် Unicode ဆိုတာလိုလာပါတယ်။ Unicode ပထမဆုံး font ကတော့ Myazedi ပါ။ သူပေါ်လာပြီးနောက်မှ လူတွေက Unicode ကို စလုပ်လာတာပါ။ Unicode လုပ်နေတဲ့သူက အများကြီးပါ။ တချို့ကတော့ standard ဖြစ်နေပါပြီ။ တချို့ကတော့ မဖြစ်သေးပါဘူး။ ကျွန်တော် အခုသုံးနေတဲ့ Zawgyi-one က standard မဖြစ်ပါဘူး။ standard ဖြစ်တယ်ဆိုတာက rendering ပိုင်းမပါသေးဘူး။ code တွေ မမှန်သေးဘူး လို့ဆိုလိုတာပါ။ ဒါပေမယ့် web ပေါ်မှာ သူကပို အဆင်ပြေပါတယ်။ standard ဖြစ်တဲ့ဟာတွေက သိပ်အဆင်မပြေပါဘူး။ ဘာဖြစ်လို့လည်းဆို လူတိုင်းစက်မှာ rendering ကို မသွင်းထားလို့ပါ။

Rendering ဆိုတာဘာလဲဆိုတာဆက်ပြောပြပါမယ်။ rendering ဆိုတာက စာရေးသားဖို့ပါ။ ဖေဖေ ဆိုတာကို တကယ်တမ်း standard အရ computer မှာ ဖဖေေ ဆိုပြီးမှတ်သားထားပါတယ်။ ဘာဖြစ်လို့လည်းဆိုရင် ကခကေ မှာဆိုရင် ကကေခ ဆိုပြီး sorting လုပ်ရပါမယ်။ တကယ်လို့သာ ေ ကိုရှေ့မှာမှတ်ထားမယ်ဆိုရင် sorting ပိုင်းက ပြသနာတက်လာနိုင်ပါတယ်။ အဲဒီလို အပိုင်းတွေ မြန်မာစာ မှာ ရှိနေပါတယ်။ အဓိက sorting ပိုင်းကြောင့်ပါ။

Unicode font တစ်ခုထွင်ဖို့က မခက်ပါဘူး။ rendering ပိုင်းထည့်ဖို့ကလည်း မြန်မာစာပိုင်းသိတဲ့သူတစ်ယောက်ရှိရင်ရပါတယ်။ keyboard လုပ်ဖို့ကပိုတောင်လွယ်ပါသေးတယ်။ ဘာဖြစ်လို့လည်းဆို Microsoft က software တွေထုတ်ထားပြီးသားပါ။ သူပေးထားတဲ့ software တွေကနေ တဆင့် Unicode ကောင်းကောင်းလုပ်လို့ရပါတယ်။ နောက်ပြီး စာရိုက်ဖို့ အတွက်က keyman ဆိုတာရှိတယ်။ သူကဘာလုပ်ပေးလဲဆို ဖေဖေဆိုပြီးရိုက်လိုက်ရင် သူ့ဘာသူ ဖဖေဆေိုပြီး computer မှာ သိမ်းပေးပါတယ်။ အဓိကလိုအပ်တာက အချိန်ပါ။

External Link
Unicode.org
Unicode On Wiki
Microsoft VOLT
Keyman

1 Comment

  1. dummy says:

    thz for this post

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.