Linux
-
အခုတလော Ubuntu မှာ ကျွန်တော် software အသစ်လေးတွေ စမ်းသုံးဖြစ်တယ်ဗျ။ တော်တော်လေးကို ကောင်းမွန်တာပါ။ ရွေးရတာများလွန်းလှတဲ့ Ubuntu အတွက် software တွေထဲမှာ တစ်ယောက်နဲ့ တစ်ယောက် တော့ အကြိုက်တူမှာမဟုတ်ပေမယ့် ကျွန်တော် ကြိုက်မိတာလေးတွေ ဝေမျှလိုက်ပါတယ်။ Exaile Music Player ကျွန်တော် အရင်က KDE သုံးဖူးတယ်။ အဲတုန်းက Amarok ဆိုတဲ့ Player လေးကို GNOME မှာပါတဲ့ rhytmbox ထက်ပိုကြိုက်တယ်။ design ကလည်း သာတယ်လေ။ အခုတော့ ကျွန်တော့် စိတ်ကျေနပ်သွားရပါပြီ။ exaile ဆိုတာကတော့ amarok နဲ့ တော်တော်ဆင်တယ်။ သူ့ကို ကျွန်တော် rhytmbox ထက်ပိုသဘောကျပြီး လက်ရှိ အသုံးပြုနေပါတယ်။ သီချင်းတွေကို…
-
အခုလက်ရှိ fedora ကနေ zawgyi နဲ့တင်လိုက်တာနော်။ မယုံမှာဆိုးလို့ ပုံလေးနဲ့ ပြထားလိုက်တယ်။ အဲ.. copy paste မဟုတ်ဘူးဗျ။ fedora အတွက် ကျွန်တော် အရင်က ubuntu က deb package ကနေ rpm ပြောင်းထားတာ။ ပြသနာတွေကတော့ အများကြီးပဲဗျ။ ဘယ်လောက်များလဲဆိုတာတော့ မမေးနဲ့။ သွင်းလို့ကို မရတာ။ ဘယ်ရမလဲဗျာ။ ကျွန်တော့်မှာက fedora လည်းမရှိ။ နောက်ပြီး fedora ရဲ့ command တွေမသိတာလည်းပါတယ်။ အခုမှ ပြန်ကြည့်မိတယ်။ အကုန်အမှားတွေအများကြီးပဲ။ အခုတော့ fedora 10 ကို VirtualBox နဲ့ run ပြီးတော့ keyboard ကို ပြန်လုပ်လိုက်တယ်။ နောက်ပြီး rpm package…
-
ကဲ… ပြန်ပြင်ပြီးပါပြီ။ 8.04 နဲ့ 8.10 မှာ နေရာလည်း နဲနဲပြောင်းသွားတာကြောင့် ပြသနာတွေ ဖြစ်ကုန်တာပါ။ အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။ တကယ်လို့ package အဟောင်းသွားထားမိရင် $sudo apt-get remove zawgyi-keyboard နဲ့ ပြန်ဖျက်လိုက်ပါ။ ပြီးမှ ဒီဟာ ကို download ချလိုက်ပါ။ ပြီးရင်တော့ Terminal မှာ $sh install.sh ကို run လိုက်ရုံပဲ။ အဲ extract လုပ်ထားတာက Desktop ပေါ်က Zawgyi ဖြစ်နေတယ်ထားပါစို့။ ဒါဆိုရင် Terminal မှာ $cd ~/Desktop/Zawgyi/ $sh install.sh ဆိုပြီး လုပ်ရမှာပေါ့။ security ပိုကောင်းသွားတဲ့အတွက် ပိုခေါင်းစားသွားရတာပါ။
-
November 20th, 2008 – Alpha 1 release December 18th, 2008 – Alpha 2 release January 15th, 2009 – Alpha 3 release February 5th, 2009 – Alpha 4 release February 26th, 2009 – Alpha 5 release March 12th, 2009 – Alpha 6 release March 26th, 2009 – Beta release April 16th, 2009 – Release Candidate April…
-
ကိုယ့်ရဲ့ sidebar တွေမှာ <script type=”text/javascript” src=”http://www.ubuntu.com/files/countdown/display2.js”></script> လေးထည့်လိုက်ပြီး Ubuntu 8.10 ကိုကြိုဆိုရအောင်ဗျာ… ဒါမှမဟုတ် http://www.ubuntu.com/getubuntu/countdown ကိုသွားပြီး ကိုယ် ကြိုက်တဲ့ design လေးယူလို့ရပါတယ်ဗျာ ထွက်ပြီးမကြာခင်မှာရအောင် အခုကတည်းက မှာထားရအောင်ဗျာ… CD ခွေကို တောင်းချင်ရင်တော့ https://shipit.ubuntu.com/ ကိုသွားရောက်ပြီး တောင်းယူနိုင်ပါတယ်…
-
Ubuntu မှာ ဘာတွေ သုံးလို့ရလဲ မေးမေးနေသူတွေအတွက် http://www.getdeb.net ဆိုတဲ့ website လေးကို ညွှန်းပါရစေ။ Windows က Game တွေ ကစားလို့မရလို့ စိတ်မပျက်ပါနဲ့။ Windows Game လောက်မကောင်းပေမယ့် ကစားလို့ကောင်းတဲ့ Linux Game လေးတွေကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ကိုယ်လိုအပ်တဲ့ software တွေကို Categories နဲ့ရှာဖွေနိုင်တယ်။ သုံးမကုန် စမ်းမကုန်အောင် များပြားလှပါတယ်။ ဘာကောင်းလဲဆိုတာကတော့ ကိုယ်တိုင်ရွေးချယ်လိုက်တာ အကောင်းဆုံးပါပဲ။ ဒါပေမယ့် ဈေးကတော့ လူတိုင်း ဝယ်မရတဲ့ဈေးနှုန်းနဲ့ download ချနေရပါတယ်။ ဘာဖြစ်လို့ဝယ်မရလဲဆိုတော့ free ဖြစ်နေလို့ပါပဲဗျာ….
-
ကျွန်တော်ကတော့ ဒီကနေ အခု သုံးနေတယ်ဗျ။ တော်တော်လေးကို လှတယ်။ နောက်ပြီး package က အစုံပါတယ်လေ။ ကိုယ့်ဘာသာကိုယ် လိုက်တဲ့ဟာတွေ စုနေစရာမလိုတော့ဘူးပေါ့။ Ubuntu ရဲ့ theme ကို တုံးတုံးကြီးလို့ ထင်တဲ့သူတွေ အတွက် သွားကြည့်လိုက်ပါ။ ဘယ်လောက်ထိ လန်းသလဲဆိုတာကိုတွေ့သွားမှာပါ။ Vista ပုံစံမျိုးရပေမယ့် ကျွန်တော်ကတော့ မကြိုက်ပေါင်။ သူ့ထက်လှတဲ့ design တွေ Ubuntu မှာရှိနေပါတယ်။ ကဲ… နောက်နေ့မှ ဆက်ပြောတော့မယ်.. အခုမိုးချုပ်နေပြီဆိုတော့… လုပ်စရာလေးတွေလည်း ရှိသေးလို့….. နောက်မှပဲ Ubuntu ကို အလှဆင်နည်းလေး ရေးရအုံးမယ်..