ကျွန်တော် ornagai ကို Angular.JS နဲ့ version 3 ရေးထားပြီးတော့ opensource ချပေးမယ်လို့ ဆိုထားပေမယ့် မအားတာရယ် ထပ်ပြီးတော့ ornagai ကို update မလုပ်ဖြစ်တာရယ်ကြောင့် github မှာ တင်ဖို့ အချိန် မရောက်သွားဘူး။ ဒီနေ့ Wunderlist ကနေ Todos တွေကို ရှင်းရင်း နဲ့ ornagai source code ချပေးဖို့ ထည့်ထားလို့ နောက်ထပ် ရပ် မရွှေ့တော့ပဲ တစ်ခါတည်း Github မှာ တင်ထားပေးပါတယ်။ AngularJS Javascript framework ကို AngularJS နဲ့ အသုံးပြုထားတယ်။ အဓိကတော့ AngularJS ကို code school ကနေ လေ့လာပြီးတော့… Continue reading Ornagai V3 Source Code
Category: Opensource
Rabbit
Rabbit ဆိုတာကတော့ နောက်ထပ် Unicode To Zawgyi , Zawgyi To Unicode converter တစ်ခုပါ။ Zawgyi To Unicode ကို ၂၀၁၁ တုန်းက ရေးထားခဲ့ဘူးတာပါ။ နောက်ပိုင်း Unicode ကနေ Zawgyi ပြောင်းတာ ရေးမယ် ရေးမယ် နဲ့ မရေးဖြစ်ခဲ့ပဲ ပြီးခဲ့တဲ့ ၃ ရက်လောက်ကမှ ရေးမယ်ဆိုပြီး ရေးလိုက်တာ ဒီနေ့ ပြီးသွားပါတယ်။ ကျွန်တော့်ရဲ့ converter က ၁၀၀% မှန် မယ်လို့ အာမ မခံ ပါဘူး။ အဓိက က ကျွန်တော် ဇော်ဂျီ ၂၀၀၉ ကို အဓိကထားပြီး ပြောင်းထားတာ ရယ် နောက်ပြီးတော့ သေသေချာချာ… Continue reading Rabbit
Balar
အရင် တစ်ခါတုန်းက ရေးဖူးတဲ့ EasyDoc ကို ဗလာ ဆိုပြီး နာမည်ပြောင်းလိုက်တယ်။ Markdown document generator ပါပဲ။ <div id=”content”> နဲ့ </div> ကြားထဲမှာ ရေးထားတဲ့ markdown တွေကို HTML ပြောင်းပြီး ဖော်ပြပေးသလို header တွေကိုလည်း TOC ခွဲထုတ်ပေးပါတယ်။ ဗလာ မှာ EasyDoc ကို ထပ်ပြင်ထားတာကတော့ mobile အတွက်ပါ။ mobile တွေမှာ ကြည့်ရင် toc ကို လွယ်လင့် တကူသွားလို့ ရအောင် ပြန်ပြင်ထားတယ်။ UI ကို EasyDoc ကနေ နည်းနည်း ထပ်ပြင်ထားပါတယ်။ လက်ရှိ API JSON response document တွေကိုလည်း ဗလာ ကို အသုံးပြုပြီးပဲ… Continue reading Balar
Mangareader.net to ebook
Manga တွေကို Nook Simple Touch ထဲမှာ ထည့်ဖတ်ဖို့အတွက် epub file format သို့မဟုတ် PDF format မှ အဆင်ပြေပါလိမ့်မယ်။ iPad , iPhone တို့မှာလို app တွေ မရှိတဲ့အတွက် သီးသန့် image တစ်ခုခြင်းဆီကို download ချရပါတယ်။ ဒါနဲ့ github မှာရှာကြည့်လိုက်တော့ mdl ဆိုပြီး ruby နဲ့ ရေးထားတာ တွေ့ပါတယ်။
Ava Lite
Ava framework ကို ရေးပြီးတာတော့ ကြာပြီ။ ဒါပေမယ့် bluehost မှာ တင်တော့ ပြဿနာ တက်တာပဲ။ ဘာလို့လည်းဆိုတော့ memory usages အရမ်းများနေလို့။ ဘာကြောင့်များတာလဲလို့ code ကို ကြည့်လိုက်တော့ class ကို recursive ဖြစ်နေတာတွေ့ ရတယ်။ [php] $this->load=$this; [/php] အဲဒါက အဓိက ပြဿနာပဲ။ အဲဒီ recursive က dead lock ဖြစ်သွားပြီး memory limit ပြည့်သွားတာ။ အစက hosting ကို သွားပြီး အပြစ်တင်သေးတယ်။ ဒါပေမယ့် ကိုယ့်ဘာသာ code ကို သေချာပြန်စစ်တော့ အဲဒီ နေရာက ပြဿနာ တက်ပါလေရော။ ပြန်ပြင်မယ်ဆိုတော့လည်း လက်ရှိ… Continue reading Ava Lite
Change Nifty to Ava
အခုခေတ်ကြီးက နာမည်ပေးရတာ ခက်တဲ့ ခေတ်လို့ပဲ ဆိုရမလားမသိဘူး။ Nifty ဆိုတဲ့ နာမည်လေး ကြိုက်လို့ ပေးထားတာ အခု ကို ဒီဘီ ပြောလို့ ရှာကြည့်လိုက်တာ Nifty PHP framework က ရှိပြီးသားဖြစ်နေတယ်။ အခြား နာမည်လှလှလေး နောက်ပြီး Nifty နဲ့ အဓိပ္ပာယ်တူတဲ့ စာလုံးတွေကို ရှာကြည့်တော့လည်း ရှိပြီးသားတွေပဲ။ Nod ဆိုတာကတော့ ခေါင်းညိတ် တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ornagai မှာတော့ ခေါင်းညိတ်သည် ။ ခေါင်းညိတ်ပြသည်။ ။ ခေါင်းတစ်ညိမ့်ညိမ့်လုပ်သည် ။ ပန်းစသည် လေ၌တစ်ညိမ့်ညိမ့်လှုပ်ရှားနေသည် ။ ခေါင်းညိတ်ခြင်း ။ ခေါင်းညိတ်ပြခြင်း ။ လို့ ဆိုထားပါတယ်။ NOD 32 ရဲ့ Nemocnica… Continue reading Change Nifty to Ava
Font Embed problem in Unicode
ဒီနေ့ ရုံးမှာ MMUnicode Embed အတွက် ထပ်ပြီး update လုပ်ဖို့ စဉ်းစားမိလာတယ်။ မနေ့ညကတည်းက စဉ်းစားမိပေမယ့် ရေးဖို့က ပျင်းနေတယ်။ ရုံးရောက်တော့ လူပျိုကြီးကိုတော့ လှမ်းပြီး အကြောင်းကြားလိုက်သေးတယ်။ ကျွန်တော် ဒီနေ့ comment မှာ ဇော်ဂျီနဲ့ ရိုက်ရိုက် unicode နဲ့ ရိုက်ရိုက် ရိုက်လို့ရအောင် လုပ်တော့မယ်လို့။ တကယ်တန်းတော့ ကျွန်တော် ငပျင်းမို့ပါ။ comment တဲ့သူတွေက unicode နဲ့ ဖတ်ပြီး comment တာတွေကို ဇော်ဂျီ နဲ့ ရိုက်သွားတယ်။ ဒါနဲ့ ကိုယ့်ဘာသာကိုယ် ပြန်ပြောင်းရတာပေါ့။ အဲလို ပြောင်းရတာ ပျင်းလို့ comment ရေးတာတွေကို ဇော်ဂျီနဲ့ ရေးရေး Unicode နဲ့ ရေးရေး ရအောင်… Continue reading Font Embed problem in Unicode
Zawgyi Keyboard for iOS Development
Zawgyi keyboard ကို iOS အတွက်ကတော့ MMKeyboard အကြောင်းပြောခဲ့ပြီးပါပြီ။ ကျွန်တော့်မှာ လက်ရှိ Ornagai အတွက်ရေးထားတဲ့ MMKeyboard ရှိတယ်။ Ornagai Myanmar To English Dictionary အတွက်ပေါ့။ MMKeyboard ကို တွေ့တော့ စဉ်းစားမိတာ တစ်ခုရှိတယ်။ မြန်မာစာ iPhone Application တွေလုပ်တဲ့အခါမှာ မြန်မာစာ keyboard ပြဿနာ ဖြစ်နေတာပဲ။ မြန်မာစာ keyboard မပါတော့ မြန်မာလိုရိုက်လို့မရဘူးပေါ့။ ဒါကြောင့် Ornagai မှာ သုံးမယ့် Keyboard ကို Open Source ပေးဖို့ စဉ်းစားမိတယ်။ သာမာန်လူတွေ အနေနဲ့ကတော့ မြန်မာစာရိုက်ဖို့ MMKeyboard က အဆင်ပြေပါတယ်။ Developer တွေအတွက်ကတော့ ကိုယ်ပိုင် Keyboard ရှိမှပဲ မြန်မာလိုရိုက်မယ့် Application တွေ အဆင်ပြေမှာ။ တစ်ခြား အပိုင်းတွေက လေ့လာလို့ရပေမယ့် keyboard ရေးဖို့ကတော့ ရှာလို့တွေ့မှာ မဟုတ်ဘူး။ ကျွန်တော်လည်း အစက… Continue reading Zawgyi Keyboard for iOS Development