Athena Editor

Sar ကို ထပ်ပြီး update မလုပ်ဖြစ်တာကြာလို့ App တစ်ခုပဲ အသစ်ပြန်ပြင်ရေးဖြစ်တယ်။ Athena Editor ဟာ code editor တစ်ခုဖြစ်ပြီးတော့ Zawgyi Bluetooth Keyboard ကို အထောက်အပံ့ ပေးထားပါတယ်။ Athena ဟာ Sar နဲ့ မတူပဲ note editor ထက်စာရင် text editor သဘော ပိုဆန်ပါတယ်။ Athena ရဲ့ အဓိက အားသာချက်ကတော့ Document Editor ကို support ပေးထားပါတယ်။ စာတွေ အသစ်တွေ သိမ်းဖို့ အတွက်ကတော့ iCloud Drive တစ်ခုကို သာ support ပေးထားပါတယ်။


Athena Editor ကို markdown အတွက်သာမက code ရေးဖို့ အတွက်ပါ ဖန်တီးပေးထားတယ်။ ပုံမှန် စာရေးသူတွေ အနေနဲ့ bluetooth keyboard ကို iPad နဲ့ချိတ်ပြီးတော့ athena မှာ စာရေးလို့ရပါပြီ။ markdown language ကို ရွေးထားရင်တော့ PDF နဲ့ export ထုတ်တာဖြစ်ဖြစ် HTML ကို export ထုတ်တာ ဖြစ်ဖြစ် ရပါတယ်။ ဒါ့အပြင် markdown နဲ့ ရေးထားတာကို HTML code အနေဖြင့်လည်း copy ကူးနိုင်ပါတယ်။


Theme များစွာနဲ့ language အတော်များများကို support ပေးထားပါတယ်။ ဒါကြောင့် dark theme ပဲ သုံးသုံး light theme ပဲသုံးသုံး အဆင်ပြေပါလိမ့်မယ်။ Font ကိုလည်း ရွေးချယ်ထားခွင့်ပေးထားပါတယ်။ bluetooth keyboard အတွက် ဇော်ဂျီ ကို ပဲ support ပေးထားပေမယ့် unicode နဲ့ ရေးထားတာတွေ ကြည့်လို့ရဖို့ နောက်ပြီး soft keyboard နဲ့ရိုက်လို့ရအောင် font ရွေးချယ်ခွင့်ပေးထားပါတယ်။


bluetooth keyboard မှာ english ကနေ ဇော်ဂျီ ပြောင်းချင်ရင် ctrl+shift ကို နှိပ်ရင် ရပါတယ်။ အခြား short cut များကတော့ command+o ဆိုရင်တော့ document picker ကို ဖွင့်ပေးပါတယ်။ command+s ကတော့ document ကို save လုပ်ပေးပါတယ်။

App store ကနေ download ချမယ်ဆိုရင်တော့ http://apple.co/2nv0FJy ကနေ download ချနိုင်ပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.