Just A Think! part II

ကဲ… ထားပါတော့.. မပြောကောင်းမဆိုကောင်း အမှန်အကန်တွေကိုသာ ဝယ်သုံးနေရပြီဆိုရင်…..
ကျွန်တော်တို့တွေ ဘယ်လိုလုပ်မလဲ…
ရတဲ့လခကဖြင့် ၅ သောင်း… Game ၁ ခွေဝယ်လိုက်တာနဲ့ ပြောင်ရော…
Windows Vista မဝယ်နိုင်တဲ့အပြင် Windows XP အတွက် စုလိုက်ရမယ့်ပိုက်ဆံ…
Computer ၁ လုံးဈေးနှုန်းက ခုန်ထွက်သွားမယ့် ဖြစ်ခြင်း…
Service Center တွေက အဲလောက်ထိမှာ မဟုတ်ပေမယ့် ဝယ်သုံးရမယ့်သူတွေအတွက်က ခေါင်းစား စရာပဲ…

ကျွန်တော့်မှာတော့ ဒီနည်းလေး ရှိတယ်…
ဘာနည်းလဲဆိုတော့ အလကားနည်းပါ…
ဟုတ်ပါတယ်.. Free တို့ Opensource တို့ပဲ ပြောင်းသုံးတဲ့နည်းပါ…
ဒါမှမဟုတ် portable လေးသုံးနိုင်တယ်လေ…
portableapps.com မှာ portable လေးတွေရနိုင်ပါတယ်..

OS

Ubuntu – OS ဆိုရင်တော့ Ubuntu ဖြစ်ဖြစ် တခြား Linux တစ်ခုခုရွေးလို့ရပါတယ်.. ကျွန်တော်ကတော့ Ubuntu ကိုတော်တော် သဘောကျတယ်.. Ubutnu ကို သင် download ချပြီး လွယ်လွယ်ကူကူ install လုပ်ပြီး သုံးနိုင်တယ်လေ… သင် ဝါသနာပါရင်.. သင့် Ubuntu ကိုပါ Live CD နဲ့ installer ပြန်ထုတ်လို့ရပါတယ်.. အဲ.. နည်းနည်းတော့ ပညာပါဖို့လိုတာပေါ့..

Browsers

Firefox – IE ကိုစွဲလမ်းနေတုန်းပဲလား… Firefox က IE ထက်ပိုကောင်းတယ်ဆိုတာ ကျွန်တော် အာမခံရဲပါတယ်… IE လည်း firefox ထက်ကောင်းတဲ့ နေရာတွေ ရှိနေပေမယ့် security ပိုင်းမှာ firefox က IE ထက် စိတ်ချရပါတယ်.. နောက်ပြီး Firefox အတွက် Theme , Plugin တွေက ရွေးချယ်စရာတွေ အများကြီးပါ

Opera – တချို့တွေကတော့ opera ကိုသုံးကြတယ်.. ဒါပေမယ့် ကျွန်တော့် စိတ်ထဲမှာတော့ firefox ထက် နှေးတယ်လို့ ခံစားရတယ်..

Email

Thunderbird – Outlook ကိုစွဲလမ်းနေတယ်ဆိုတော့ ခဏမေ့ထားလိုက်ပြီး thunderbird ကို ပြောင်းသုံးကြည့်ပါလား… Firefox ထုတ်တဲ့ company ဖြစ်တဲ့ mozilla ကပဲထုတ်ထားတဲ့ email client တစ်ခုပါ

G mail – Gmail ဖြစ်ဖြစ် အခြား web mail တွေ အများကြီး သုံးနိုင်ပါတယ်ဗျာ…

FTP

FileZilla – တကယ်ကောင်းတဲ့ FTP cleint နဲ့ server တစ်ခုပါ။ ခက်တာက မြန်မာနိုင်ငံမှာ သုံးမရတာပဲ။

Messaging

Pidgin – Pidgin က တော်တော်ကောင်းတဲ့ Messanger တစ်ခုပါ… Gtalk အပြင် အခြား IM တွေပါ သုံးလို့ရပါတယ်..

Multimedia

VLC media play– လှပတဲ့ desing မဟုတ်ပေမယ့် တော်တော်ကောင်းပါတယ်။ DVD , VCD အပြင် MPEG-1, MPEG-2, MPEG-4, DivX, mp3, ogg စတာတွေ တော်တော်များများကိုဖွင့်လို့ရတယ်လေ။ Ubuntu မှာတော့ အဲဒါပဲ သုံးလို့ကောင်းတယ်။

Creative Software

GIMP – Ubutnu မှာ built-in ပါတဲ့ software ပါ။ Photoshop လောက်မကောင်းပေမယ့် သုံးလို့ဖြစ်ပါတယ်။

Blender – Free 3D modeling and animation အတွက်ပါ။ Linux အတွက်ပါရပါတယ်။

CD/DVD

CD/DVD ကူးဖို့အတွက် CD riping အတွက် tool တွေတော်တော်များများကို Ubuntu မှာရှိပြီးသားပါ။ ကျွန်တော်တောင် မေ့နေပြီ။ ကျွန်တော့် Ubuntu ထဲကနေ ပြန်ကြည့်မှဖြစ်မယ်။ နောက်နေ့ ပြန် edit လုပ်လိုက်မယ်။

Compression

WinRar – Unbuntu က winrar အတွက် package ရှိပြီးသားပါ။
Other – အခြား .tar , .tar.gz တို့တွေက Ubuntu မှာ default ပါပြီးသားတွေပါ။

Office Software

Open Office – ဘာမှမပူပါနဲ့။ Office 2007 လောက်မကောင်းပေမယ့် office 97 ထက်တော့ သာတယ်လို့ထင်ပါတယ်။ အခုတောင် မြန်မာလို version ရနေပြီလေ။

PDF Reader – Ubuntu မှာ PDF အတွက် reader တွေပါပြီးသားလေ။ တခြား PDF print ထုတ်ဖို့ ရှိတယ်နဲ့တူတယ်။ သိပ်မသေချာဘူး။

WebDesign

NVU – Dreamweaver လောက်မကောင်းပေမယ့် အလုပ်ဖြစ်ပါတယ်။ HTML အတွက်ပေါ့။ HTML အတွက်တော့ ကောင်းကောင်းအလုပ်ဖြစ်ပါတယ်။

Dictionary

stardict – stardict ကတော်တော်သုံးလို့ကောင်းပါတယ်။ windows မှာထက် ubuntu မှာ ပိုသုံးလို့ကောင်းတယ်။ အခု မြန်မာလို dictionary ပါရတော့မယ်လေ။

Other

လိုအပ်တာတော်တော်များများကို Ubuntu ရဲ့ package site ကနေ download ဆွဲတ
ာပဲဖြစ်ဖြစ် တခါတည်း online ကနေ သွင်းတာပဲဖြစ်ဖြစ်ရတယ်လေ။
ကျွန်တော်တို့ ဒီလောက်ဆို လုံလောက်ပါတယ်။ PHP ကတော့ Linux အတွက် package တွေရှိပြီးသားလေ။ Database အတွက် MySQL ကလည်း အဆင်သင့်။ ROR လည်း ရေးလို့ရပါ့။ Python လည်း လာထားပဲ။ java လည်း ရပါ့ဗျာ။ C++ ဆိုပြောစရာလိုသေးလား။ တကယ်လို့ Windows က software တွေသုံးချင်ရင်တော့ wine ဆိုတာလေး တော့ သွင်းပေးလိုက်ရုံပါပဲ။ အဲဒါဆို windows က software တွေပါရလာနိုင်ပါတယ်။

အမှန်တိုင်းဆို Windows ဝယ်မသုံးနိုင်လည်း သိပ်ကြောက်ဖို့တော့ မလိုပါဘူး။ အပေါ်မှာ ပြထားတာတွေ အကုန်လုံးက Free တွေပဲ။ အဲ… ခက်တာ တစ်ခုပဲဗျ။ သင့်စက်ကတော့ Ubuntu နဲ့ internet ကောင်းကောင်းသုံးနိုင်ဖို့လိုလိမ့်မယ်။ internet မရရင် Ubuntu က အလကားနည်းပါးလိုပဲ။ သုံးရတာ မပျော်တော့ဘူး။ Internet connection ကောင်းကောင်းနဲ့ဆို မိုက်သလား မမေးနဲ့ဗျာ။ ခက်တာက ကျွန်တော့်မှာ connection မကောင်းတော့ ဆိုးပါ့ဗျာ။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.