Unsplash.com ကိုတော့ လူတိုင်း နီးပါး သိပါလိမ့်မယ်။ high-resoultion ဓာတ်ပုံတွေကို အခမဲ့ ရယူနိုင်ပြီးတော့ စိတ်ကြိုက် လိုသလို အသုံးပြုနိုင်တဲ့ အတွက်ကြောင့် လူကြည့်များတဲ့ website ဆိုလည်း မမှားပါဘူး။ ကျွန်တော်လည်း iPhone အတွက် wallpaper အတွက် unsplash ကို ခဏခဏ သွား ကြည့်ဖြစ်ပါတယ်။ ဒါနဲ့ website ကို သွားပြီး download ချနေမယ့် အစား လွယ်လွယ်ကူကူ အသုံးပြုနိုင်အောင် iphone app လေး ကိုယ့်ဘာသာ ဖန်တီးထားပါတယ်။ Unsplash Wall လိုနာမည်ပေးထားပြီးတော့ backend API ကို unsplash.it ကနေ ရယူထားပါတယ်။

unsplashwall

ဓာတ်ပုံကို iphone , ipad စသည်တို့ အတွက် high resolution အတွက် ရယူနိုင်ပြီးတော့ retina @2x,@3x အတွက် ဓာတ်ပုံတွေပါ ရယူနိုင်ပါတယ်။ ၁၀ ရက် တစ်ခါ ပုံအသစ်တွေ အမြဲထွက်တဲ့ အတွက် ၂ ပတ် ၁ ခါ လောက် သုံးဖြစ်တယ်တဲ့ app လေး ဆိုလည်း မမှားပါဘူး။

unsplashwall

unsplashwall

iOS အတွက် Swift Programming နဲ့ ရေးထားပြီးတော့ ဘာမှ ထွေထွေထူးထူး မပါဝင်ပဲ အရိုးအရှင်းဆုံး ဖြစ်အောင် ဖန်တီးထားပါတယ်။

App ကို iOS App Store မှာ download ရယူနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading