Without Windows OS

ကျွန်တော်တို့တွေ စိုးရိမ်ကြောက်ရွံ့နေရတယ်။ တကယ့်ကို international လိုင်စင်ကြီးနဲ့ windows ကိုဝယ်သုံးရရင် ဘယ်လိုလုပ်မလဲ။ အခုအချိန်မှာတော့ ကျွန်တော်တို့တွေ သိပ်ပြီးကြောက်စရာမလိုတော့ပါဘူး။ ကျွန်တော်တို့တွေဟာ Linux မိသားစုကို ရင်းရင်းနှီးနှီးရှိလာလေပြီ။ ဒါပေမယ့်လည်း windows က program တော်တော်များများ run မရတာ။ windows နဲ့မတူတဲ့အပိုင်းတွေ များတာကြောင့် Windows ကနေ Linux ကိုချက်ခြင်းပြောင်းသုံးဖို့က အဆင်မပြေသေးပြန်ဘူးလေ။ ဒီလိုမျိုး user အတွက်

ကျွန်တော်တို့အတွက် ၁၀ နှစ်ကျော် ဖန်တီးခဲ့တဲ့ OS တစ်ခုရှိပါတယ်။ React OS ပေါ့။ အဲ… ပြောအုံးမယ်နော်.. သူက *nix family မဟုတ်ဘူး။ Linux လည်းမဟုတ် Unix လည်းမဟုတ်။ သူက Windows XP ကိုအခြေခံပြီး ဖန်တီးထားတာ။ နောက်ပြီး Free & Open source တဲ့ဗျ။ အခုအချိန်မှာတော့ alpha version ပဲရောက်သေးတယ်။ Windows နေရာမှာ replace လုပ်ပြီး သုံးတဲ့ အဆင့်မရောက်သေးဘူး။ စမ်းသုံးဆဲအဆင့်ပေါ့။ React OS ကို Windows နေရာမှာ အစားထိုးလာမှာလား။ ဒါမှမဟုတ် ဟိုတချိန်က Windows က Unix ကိုတိုက်ခဲ့သလို Windows ကို React OS က ပြန်တိုက်မှာလား။ Windows အခြေခံထားပြီး Free Open Source ဆိုတာကြီးက Windows ကိုကောင်းကောင်းစိန်ခေါ်လိုက်သလိုပဲ။ အခုလည်းကြည့်လေ Windows Program တော်တော်များများ  React OS မှာ run လို့ရနေပြီနော်။ ဘာတွေ ဘယ်လို run လို့ရလဲ ကြည့်ချင်ရင်တော့ ဒီမှာ သွားကြည့်လိုက်ပါ။ နောက်ပြီး Live CD လည်းရတယ်။ ဒါ့အပြင် source code ကိုပါ သူ့ website မှာ download ချလို့ရတယ်။ sourcode ကြီးပဲ 60 MB ရှိတယ်။ လေ့လာချင်ရင် လေ့လာလို့ရတာပါ။ OS တစ်ခုဘယ်လိုရေးမလဲ။ နောက်ပြီး ကျွန်တော်တို့ မြန်မာတွေ အော်အော်နေတဲ့ Myanmar Unicode ကြီး မြန်မာစာ OS ပေါ်မှာရရှိရေး။ စတာတွေကို React OS က ကောင်းကောင်းအထောက်အပံ့ပေးကောင်းပေးနိုင်လိမ့်မယ်။ သူက Windows တိုင်းပဲ။ ဒါပေမယ့် Free OpenSource။ ဒါ့အပြင် Source Code တစ်ခုလုံးကိုလည်း Free Download ချခွင့်ရှိတယ်။ Windows အတွက် နောက်ထပ် ပြိုင်ဘက် တစ်ယောက် မကြာခင်မှာ ထပ်မံ့ရောက်ရှိလာတော့မယ်။ Windows , Mac , Linux ကနေ ထပ်ပြီး React OS က နောက်ထပ် Windows platform အခြေခံ Free Opensource OS အနေနဲ့ OS လောက ပြိုင်ပွဲကြီးထဲ ဝင်ရောက်ဖို့ တာစူနေပြီ။ အခုအချိန်မှာတော့ alpha version ဖြစ်တာမို့ ခဏလောက် သည်းခံလိုက်ကြတာပေါ့ဗျာ….

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.