Airprint with Raspberry Pi

Raspberry Pi မှာ wheezy သွင်းပြီးတော့ Network Printer ကို cups သွင်းပြီးတော့ Airprint ပါ ရအောင် လုပ်လို့ရပါတယ်။  Raspberry Pi မှာ Cups နဲ့ Airprint သွင်းနည်းကိုတော့ http://rohankapoor.com/2012/06/configuring-the-raspberry-pi-as-an-airprint-server/ မှာ ဖတ်ကြည့်လို့ရပါတယ်။ iOS 6 အတွက် fixed လုပ်တာကိုတော့ http://blog.mornati.net/2012/09/22/linux-airprint-server-for-ios6-devices/ မှာ ဖတ်ကြည့်နိုင်ပါတယ်။

sudo apt-get update
sudo apt-get upgrade
sudo apt-get vim
sudo apt-get install cups
sudo apt-get install python-cups
sudo apt-get install avahi-daemon
sudo usermod -aG lpadmin pi
sudo /etc/init.d/cups start
sudo /etc/init.d/avahi-daemon start

ပြီးရင်တော့

sudo vi /etc/cups/cupsd.conf

နဲ့ ဝင်ပြီး

Listen localhost:631

ကို

#Listen localhost:631
Port 631

နောက်ပြီးတော့

<Location />

မတိုင်ခင်မှာ

ServerAlias *
<Location />

လို့ ပေးလိုက်ပါ။

<Location />

တွေ အောက်မှာ Allow @Local ဆိုတာကို ထည့်ပေးပါ။

<Location />
Order allow,deny
Allow @Local
</Location>

<Location /admin>
Order allow,deny
Allow @Local
</Location>

<Location /admin/conf>
AuthType Default
Require user @SYSTEM
Order allow,deny
Allow @Local
</Location>

ပြီးရင်တော့ :wq နဲ့ save သွင်းပြီး ထွက်လိုက်ပါ။

Save သွင်းပြီးရင်တော့

sudo cupsctl --share-printers --remote-printers --remote-admin

ကို run လိုက်ပါ။

ပြီးရင် raspberry pi ရဲ့ cups မှာ TEMP directory ကို ထည့်ပေးဖို့ ကျန်ပါသေးတယ်။

sudo vi /etc/cups/cups-files.conf

ကို သွားပါ။

TempDir ကို ရှာလိုက်ပါ။

#TempDir /private/var/spool/cups/tmp

ဆိုတာကို တွေ့ပါလိမ့်မည်။

TempDir /tmp

လို့ ပြောင်းလိုက်ပါ။ ပြီးရင် :wq နဲ့ ထွက်လိုက်ပါ။

sudo /etc/init.d/cups restart

ပြီးရင်တော့ ip_address:631 ကို သွားပြီးတော့ Printer ထည့်လိုက်ပါ။ ဥပမာ။ သင့် ip က 192.168.1.74 ဆိုရင်တော့ http://192.168.1.74:631 ပေါ့။ IP ကို သိချင်ရင် ifconfig နဲ့ ကြည့်လို့ရပါတယ်။

Web browser မှာ CUPS admin ကနေ တဆင့် printer driver သွင်းလိုက်ပါ။

ပြီးရင် Test Print လုပ်ကြည့်လိုက်ပါ။

mkdir /opt/airprint
cd /opt/airprint
sudo wget -O airprint-generate.py --no-check-certificate https://raw.github.com/tjfontaine/airprint-generate/master/airprint-generate.py
sudo chmod 755 airprint-generate.py
sudo ./airprint-generate.py -d /etc/avahi/services

ကျွန်တော်တို့ iOS 6 အတွက် အဆင့်နည်းနည်း ပြန်ပြင်ဖို့ လိုပါသေးတယ်။

sudo vi /etc/avahi/services/[your_printer].service

အဲဒီမှာ image/urf ကို pdl မှာ ထည့်ပေးဖို့လိုပါတယ်။

/usr/share/cups/mime/apple.types ကို ဖန်တီးပြီးတော့ အထဲမှာ

image/urf urf (0,UNIRAST)

ထည့်ပေးဖို့လိုပါတယ်။

/usr/share/cups/mime/local.convs မှာတော့
image/urf application/vnd.cups-postscript 66 pdftops

ထည့်ပေးဖို့လိုပါတယ်။

ပြီးရင်တော့ raspberry pi ကို

$sudo reboot

လုပ်ပြီးတော့ raspberry pi တက်လာရင် airprint ကော network printer ပါ အသုံးပြုလို့ရပါပြီ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading