Programming ကိုလေ့လာချင်တယ်။ Programming ဆိုတာ ဘာလဲ။ Programming နဲ့ ပတ်သက်ပြီး ဘာမှ မသိဘူး။ ဒါပေမယ့် လေ့လာကြည့်ချင်တယ်ဆိုတဲ့ သူတွေအတွက် CodeAcedamy က ဖန်တီးပေးထားပါတယ်။ javascript ကို လေ့လာချင်တဲ့ သူတွေအတွက်ကတော့ တော်တော် အဆင်ပြေပါတယ်။ အခု အချိန်မှာတော့ Course က ၂ ခု ပဲ ရှိပါသေးတယ်။ သို့ပေမယ့် contribute လုပ်ထားတဲ့ course တွေကတော့ တော်တော်များများရှိပါတယ်။ အခုထက်ထိတော့ အကုန်လုံးကို တင်မထားသေးပါဘူး။

CodeAcedamy မှာ register လုပ်ပြီးရင် programming ကို စလေ့လာလို့ ရပါပြီ။ facebook နဲ့လည်း login ဝင်လို့ရပါတယ်။ လေ့လာတဲ့ အခါမှာလည်း စာတွေ့နဲ့တင်မက လက်တွေ့မှာ code အစမ်းတွေ ရေးပြီး run ကြည့်လို့ရပါတယ်။ ပြီးတော့ မှန်မမှန် စစ်ပေးပါတယ်။ ဒီအချက်က တခြား learning တွေနဲ့ မတူ ထူးခြားပါတယ်။ programming ကို သိပြီးသား ကျွန်တော်တောင် စမ်းရင်းနဲ့ course တစ်ခု ပြီးသွားတယ်။ လေ့လာရတာကတော့ တော်တော်လေးကို ပျော်ဖို့ ကောင်းတယ်လို့ဆိုရပါမယ်။

3 responses to “CodeAcedamy”

  1. မိုက်တယ်ဗျ၊ ပြီးအောင်စမ်းလိုက်အုံးမယ်…

  2. Which package are you using for Code Academy? I willing to do something like yours. Thanks in advance.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading