Gtalk Labs Edition

စမ်းကြည့်ဖို့ပေါ့… bug တွေတော့ ရှိဆဲပဲ… File Transfer နဲ့ voice call မပါတာတော့ မမိုက်ဘူးပေါ့ဗျာ.. နောက်ပြီး ကျွန်တော်တို့ မသုံးတဲ့ Orkut နဲ့ တစ်ခါတစ်လေ… ဒါမှမဟုတ် တချို့တွေ သုံးနေကျတဲ့ google calendar တွေပါလာတယ်… တနည်းပြောရင် google calendar ကိုပွဲထုတ်လာတာပေါ့… gtalk မှာပါ တွဲပါလာရင်တော့ နောက်ပိုင်း ကျွန်တော် ကိုယ်တိုင် google calendar ကို gmail လိုသုံးဖြစ်တော့မယ်နဲ့တူတယ်… မဆိုးဘူးဗျ.. ဒါပေမယ့် သီးသန့်ကြီး ဝင်နေရလို့ မသုံးတာ… Group Chat နဲ့ Smile ရတာတော့ ရှယ်ပေါ့ဗျာ.. အဲဒါကို စောင့်နေတာ.. ခက်တာက Group Chat မှာ voice call ပါရရင် ပွဲပြီးပြီ… conference တွေအတွက် သီးသန့်မလိုတော့ဘူးပေါ့.. သူတို့တော့ ရအောင် လုပ်လိမ့်မယ်ထင်ပါတယ်.. နောက်ပြီး font က ဇော်ဂျီမဟုတ်တဲ့အတွက် နည်းနည်းလေးတော့ ညစ်ဖို့ကောင်းတယ်… နောက်ပြီး login ဝင်ရတာ… အရမ်းကြာတယ်… အဲဒါအပြင် အရင်ကလို login ဝင်နေတဲ့အချိန် sing out လုပ်ပြီး username ပြောင်းလို့လဲမရဘူး. မကောင်းသေးတာတော့ အမှန်ပဲ…အခုက စမ်းသပ်ဖို့လောက်ပဲဆိုတော့.. စမ်းကြည့်လိုက်ပေါ့… ပြီးရင် feed back လေး သူတို့ကိုပေးလိုက်ပေါ့ဗျာ… အဲ… သွင်းရင်တော့ kaspersky ကတော့ trojon ဆိုပြီး ထအော်လိမ့်မယ်ဗျ.. သူတို့က update လုပ်ဖို့.. feedback လုပ်ဖို့အတွက် ထည့်ထားတဲ့ program ကြောင့်ဖြစ်တာဖြစ်မယ်ဗျ…  နောက်ပြီး Online ကနေ download ချပြီး သွင်းတာနဲ့တူတယ်… ဒါကြောင့် သွင်းတာ နည်းနည်းကြာတယ်… download ချတဲ့ file လေးကသေးပေမယ့် သွင်းရတာ အချိန်နည်းနည်းတော့ ပေးရတယ်… ကျွန်တော့်မှာတော့ connection ကြောင့်နဲ့တူတယ်.. နည်းနည်းလေး စောင့်လိုက်ရတယ်..

http://www.google.com/talk/labsedition/

2 responses to “Gtalk Labs Edition”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading