တကယ်တန်းအလုပ်ဖြစ်တာ hardware ဈေးကွက်။ ဒါပေမယ့် အလုပ်ဖြစ်ဖို့ data စုဆောင်းရတာက web , opensource , GNU တွေ ဖြစ်ကုန်တယ်။ တနည်းပြောရင် opensource က data collect လုပ်ဖို့ opensource ဖြစ်လာပြီး ရလာတဲ့ data တွေကို opensource company တွေက hardware ဈေးကွက်ကိုပြောင်းလဲလိုက်တယ်။ data တွေက opensource ပါ။ သင့်ဘာသာ သင်လုပ်နိုင်ရင် သင့်ဘာသာ သင် hardware ထုတ်ပေါ့။
ကိုယ့်ဘာသာကိုယ် hardware ထုတ်ဖို့ဆိုတာကလည်း data တွေအားလုံးက server ပေါ်မှာလေ။ ဒီတော့ ပိုင်ဆိုင်တဲ့ company ကပဲ data တွေကို လိုသလိုထုတ်နိုင်တာပေါ့။ data collect လုပ်တဲ့ GPL (eg:wiki) တွေတော်တော်များများက ဒီလိုရပ်တည်လာကြတာကိုတွေ့ရတယ်။ နောက်ပြီး ကိုယ် ထုတ်ထားတဲ့ opensource မဲ့ ကိုက်မယ့် hardware တွေကို သီးသန့်ထုတ်ပြီး ရောင်းစားလာတယ်။ ဒါက opensource တွေရပ်တည်နိုင်ခြင်း သဘောတရားတွေထဲက တစ်ခုပဲ။
တချို့ data collect မလုပ်တဲ့ GPL and Other Free license (eg:joomla) တွေကတော့ shop တွေလုပ်လာကြတယ်။ နောက်ပြီးတော့ installation ဆောင်ရွက်ပေးတာတွေကို အခကြေးငွေနဲ့လုပ်ကိုင်လာတယ်။ နောက်ပြီး စာအုပ်တွေ ထုတ်လာကြတယ်။ တချို့တွေကတော့လည်း donate button လေးထားပေးထားကြတယ်။ တနည်းပြောရင် free license (GPL,MIT,etc.) ကို အသုံးပြုပြီး win-win ပုံစံကို သွားနေတာပါ။ ဒါပေမယ့် မြန်မာနိုင်ငံမှာ opensource လုပ်ရင် ရှုံးမယ်။ ကြာရှည် မရပ်တည်နိုင်ဘူးဆိုတဲ့ အမြင်တွေ ရှိကြတာကို တွေ့ရတယ်။ မြန်မာနိုင်ငံမှာတော့ opensource (GPL,MIT,etc.) တွေ ဖြစ်ဖို့ခက်ခဲတယ်ဆိုတာက Hardware ထုတ်ရတာ ခက်ခဲခြင်း ၊ နောက်ပြီး online ပေါ်က ငွေလွှဲရတာ ခက်ခဲခြင်း အပြင် ဘုရား ၊ဘုန်းကြီးကျောင်းကိုသာ လှုမယ်။ opensource တွေကို donate လုပ်မယ်လို့ စိတ်ကူးမရှိခြင်း တို့ကြောင့်ပါ။ မြန်မာတွေမှာကလည်း ဘုရား ၊ ဘုန်းကြီးကျောင်းတွေ လှုမှ ကုသိုလ်ဖြစ်မယ်လို့ ငယ်ငယ်ကတည်းက ရိုက်သွင်းထားတဲ့ အတွေးက အချို့တွေမှာပါလာတာလည်းပါတယ်။
ဒီရောက်တော့မှ opensource တွေ freeware တွေ ဘယ်ကနေ ပိုက်ဆံဘယ်လိုရလဲဆိုတာကို လေ့လာကြည့်မိတယ်။ commercial နဲ့ ယှဉ်ရင်တော့ ဝင်ငွေက နည်းပေမယ့် ရအောင် ရပ်တည်နိုင်တယ်။ လည်ပတ်နိုင်တာတွေကို တွေ့ရတယ်။ ဒီထက် သေသေချာချာ သိအောင်တော့ ကိုယ်တိုင်လုပ်ကြည့်မှပဲ သေသေချာချာ သိမယ်ထင်တယ်။
Leave a Reply