Idea တွေ Idle ဖြစ်ခြင်း :: Part 2

Idea တွေ Idle ဖြစ်ခြင်း အပိုင်း ၁ မှာတော့ Resource , Lazy , No Deal ဆိုပြီး ရေးခဲ့ပြီးပါပြီ။ အခုကတော့ အပိုင်း ၂ ပေါ့။

Believe

ကျွန်တော်တို့တွေဟာ ကိုယ့် Idea ကို ကိုယ် မယုံကြည်ခြင်းကလည်း Idle ဖြစ်စေခြင်း တစ်ကြောင်းဆိုလည်း မမှားပါဘူး။ ငါ idea အတိုင်းလုပ်လိုက်ရင် မအောင်မြင်ရင် ဒုက္ခ။ ငါ့ idea က အဲလောက်ကြီး မကောင်းဘူးထင်တာပဲ။ စသည်စသည်ဖြစ် ကိုယ့်ကိုယ် ယုံကြည်ချက် မရှိကြပါဘူး။ အချိန်မတန်သေးပါဘူး။ ငါလုပ်လို့ မဖြစ်ပါဘူး ဆိုပြီး ကိုယ့်ကိုယ် အားပေးရမယ့် အစား ကျွန်တော်တို့တွေဟာ ကိုယ့် idea တွေကို သတ်ပစ်ဖို့ ကြိုးစားနေကြပါတယ်။ သို့ပေမယ့်လည်း ကိုယ့် idea အတိုင်း အခြားသူ တစ်ယောက်လုပ်သွားတဲ့အခါ .. ဟာ ဒါ… ငါစဉ်းစားထားတာပဲ ဆိုပြီး နောင်တရ မကျေမနပ်တွေ ဖြစ်ပြီး ကျန်ခဲ့ရတာပေါ့။

Competing

ကျွန်တော်တို့ စဉ်းစားထားတဲ့ Idea ဟာ တစ်စုံတစ်ယောက် ဖန်တီးပြီးသားကို တွေ့ရင် ဆက်လက်ဖန်တီးဖို့ တွန့်သွားတတ်ကြပါတယ်။ သူလုပ်ပြီးသားပဲ။ သို့ပေမယ့် အကုန်လုံးက ကိုယ့် idea နှင့် တူလိမ့်မယ်ဟု မုခု မှတ်၍မရချေ။ ဆင်ရုံသာဆင်ပါလိမ့်မယ်။ တူညီမှာတော့ မဟုတ်ပါ။ ကိုယ့် idea က သူ့ဆီက ကူးချထားတဲ့ idea မဟုတ်ရင်တော့ ကိုယ့်ကိုယ် ယုံကြည်ပြီး ပြိုင်ဆိုင်ရဲဖို့ လိုပါတယ်။ သို့ပေမယ့်လည်း သူလုပ်ပြီးသား။ သူလုပ်ထားတာ ငါ့ထက်ကောင်းနေတာပဲ။ သူစဉ်းစားထားတာလေးတွေလည်း မဆိုးပါဘူးဟု ကိုယ့်ဘာသာကိုယ် တွေးသောပြီး ကိုယ့် idea ကို မြေမြုပ်ခဲ့သည်ကလည်း မနည်းတော့ပေလို့ ဆိုရလိမ့်မယ်။

အခုခေတ်ဟာ idea တွေ အမြောက်အများထွက်ပေါ်နေပြီး ကိုယ် စဉ်းစားထားတဲ့ idea က သူများတွေ ဖန်တီးပြီးသား ဖြစ်ချင်ဖြစ်လိမ့်မယ်။ သို့ပေမယ့် အလုံးစုံ တူညီမှာမဟုတ်ဘူးဆိုတာကိုတော့ ယုံကြည်ဖို့လိုတယ်။ ကိုယ့် idea မှာလည်း ကိုယ့် အားသာချက် တစ်ခုရှိမှာပဲ။ ဒါကြောင့် သူ့ဆီက ကူးချထားတဲ့ idea မဟုတ်ဘူးဆိုရင်တော့ ကိုယ့် idea ကို ကိုယ် ရဲရဲဝင့်ဝင့် ပွဲထုတ်သင့်တယ်။ ဥပမာ။။ Twitter ဆိုလည်း foursquare ရဲ့ geolocation sharing ပြီးမှ သူ့မှာလည်း ထည့်လိုက်တာပဲ။ Facebook ရဲ့ wall ကလည်း twitter နောက်ပိုင်းမှ ပြောင်းလဲလာတာဆိုလည်း မမှားဘူးလို့ ဆိုရမှာပဲ။ Facebook ရဲ့ wall idea က twitter ရဲ့ tweet idea နဲ့ မတူညီပါဘူး။ ဆင်ရုံသာဆင်တာပဲ။ ကိုယ်ဟာ copycat မဟုတ်ဘူးလို့ ယူဆရင်တော့ ကိုယ့် idea တွေကို မြေမြုပ်သဂြိုဟ် ဖို့မလိုအပ်ဘူး။

Collaborating

ကျွန်တော်တို့တွေဟာ idea တွေ ရှိရဲ့သားနဲ့ မချပြနိုင်သလို သူများကို ပြောပြရမှာလည်း အလွန်ဝန်လေးကြတယ်။ ကိုယ့် idea သူများ ခိုးသွားမှာလည်း ကြောက်ကြပြန်ရော။ ဟုတ်ပါတယ်။ idea
တွေ ခိုးခံထိတယ်ဆိုတာက ခဏခဏ ကြားနေတဲ့ စကားလုံးတွေပါ။ ရုပ်ရှင်တွေမှာလည်း ခဏခဏ ပါဝင်နေတော့ ကြောက်ကြတာ မဆန်းပါဘူး။ တချို့ကိစ္စတွေမှာတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ သူ့ idea ကိုယ့် idea ပေါင်းလိုက်ရင် ပိုကောင်းရင် ကောင်းသွားလိမ့်မယ်။ တစ်ခါတစ်လေမှာ တကိုယ်တည်း လှုပ်ရှားရတာ ကောင်းပေမယ့် လိုအပ်ရင်တော့ ဆွေးနွေးတိုင်ပင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့မှာ ရှိတဲ့ idea တွေကို ပြောပြရင်းနဲ့ ကိုယ့် idea ရဲ့ အားနည်းချက်တွေကို မြင်လာတတ်ပါတယ်။ ထို့အပြင် ပိုကောင်းတဲ့ idea တွေရလာနိုင်ပါတယ်။ rework စာအုပ်ထဲမှာပါတာကတော့ idea မပေါ်ထုတ်နိုင်ရင် ရောင်းချဖို့ ကြိုးစားပါလို့ဆိုထားတယ်။ ကိုယ့် idea ကို သူများကို ရောင်းချလို့ရရင် ရောင်းချလိုက်ပါ။ သို့ပေမယ့် ကျွန်တော်တို့ မြန်မာတွေမှာတော့ idea ဝယ်တဲ့ အလေ့အထ က မရှိဘူးလို့ ဆိုရမယ်။ မြန်မာမှ မဟုတ်ပါဘူး asia သားတွေဆို ပိုမှန်မယ်လို့ ဆိုလို့ရပါလိမ့်မယ်။ ဒါကြောင့်လည်း idea တွေက ရောင်းချခွင့်မရှိပဲ ခေါင်းထဲမှာတင် မှိုတက်ကုန်ရတာပေါ့။

ဒီအချက်တွေဟာ ကျွန်တော့် ကိုယ့်ကိုယ် ကြည့်ပြီး တွေးတောထားတဲ့ အချက်တွေပါ။ ကိုယ့်အားနည်းချက်တွေ ကိုယ်ပြန်လည် သုံးသပ်ပြီး ကျွန်တော့် idea တွေ ဘာကြောင့် idle ဖြစ်ကုန်ရတာလဲဆိုပြီး စဉ်းစားခဲ့တဲ့ result တွေဆိုလည်း မမှားပါဘူး။ ဒါကြောင့် လူတိုင်းနဲ့ အမြင်တူချင်မှ တူပါလိမ့်မယ်။ အခြား အမြင်များကိုလည်း comment ထဲမှာ ဝင်ပေးခဲ့နိုင်ပါတယ်ဗျာ။

8 responses to “Idea တွေ Idle ဖြစ်ခြင်း :: Part 2”

  1. idea မျှေဝတယ်ဆိုတာလည်း ပညာလှူနေတာပဲ…
    လိုအပ်တဲ့နေရာ လိုအပ်တဲ့အချိန်မှာ ရလိုက်တဲ့ idea က အဖိုးအတန်ဆုံးဖြစ်မယ်ထင်တယ်… မလိုအပ်တဲ့အချိန်မှာရရင် ဘာမှသုံးဖြစ်မှာမဟုတ်ဘူး…
    အကိုပြောသလိုပဲ ခေါင်းထဲမှာမှတ်ထားရင်း မှိုတက်ပြီး မေ့သွားမှာပါ…

  2. ကိုစေတန်ပြောသလိုပေါ့ … Asia သားတော်တော်များများက ကိုယ့် Idea ကို မပြီးခင် လူမသိစေချင်ကြတာများတယ်.
    အဲ့ဒါက တစ်ယောက်နဲ့တစ်ယောက်နဲ့ ယှဉ်ပြိုင်တဲ့အခါမျိုးမှ ကောင်းတာ … အဖွဲ့အစည်းနဲ့အလုပ်လုပ်တဲ့အခါကျတော့ အဲ့ဒါမျိုးက အဆင်မပြေတော့ဘူးလေ။ ဥပမာ.. Project တစ်ခုလုပ်တော့မယ်ဆိုရင် ကိုယ့် Idea နဲ့ သူ့ Idea နဲ့ကိုယှဉ်ကြည့် ပြီးရင် သူ့ထဲကကောင်းတာလေးကိုယူ .. ကိုယ့်ထဲက ကောင်းတာလေးကိုယူ … အဲ့ဒါဆိုရင် တစ်ယောက်ထဲစဉ်းစားတာထက်တော့ပိုကောင်းလာတာပေါ့။ အဲ့လိုမဟုတ်ရင် ကိုယ့် Idea တွေ ခေါင်းထဲမှာပဲ Idle ဖြစ်သွားမှာပေ့ါ. ကိုယ်သိတာပေး သူများသိတာတောင်း .. အဲ့လိုမျိုးလူတွေလိုအပ်တယ်နော်. :)

  3. ဟုတ်တယ် – ခုခေတ်မှာ တော်တော်များများကို တစ်ယောက်တည်းလုပ်ဖို့ဆိုတာ နည်းသွားပြီ – အဖွဲ့အစည်းနဲ့ လုပ်မှ ပိုအောင်မြင်တာ – ခက်တာက IT Field မှာဆိုလည်း ကိုယ်သိတာ ကိုယ့်ဘာသာလုပ်နေကြတာ များတယ် – Sharing လုပ်တယ်ဆိုတာ တော်တော်နည်းသေးတယ် – နော် သွားတက်တဲ့ သင်တန်းတစ်ခုမှာဆိုရင် ရင်းနှီးတာလေးတွေလောက်ပဲ ပေးကြ ကမ်းကြနဲ့ – ကိုယ်ကတော့ ရှိတာ ပေးလိုက်တယ် – သူများမှာရှိရင်လည်း တောင်းလိုက်တာပဲ – တချို့ကတော့ ရှိတာ မပေးချင်ကြဘူး – ယူသာယူချင်ကြတယ်လေ – အဲ့လိုသာဆိုရင် အောင်မြင်ဖို့ တော်တော်လေး ခက်ခဲမှာ —

  4. Idle , Idea ဒီနှစ်လုံးဟာ ဆန့်ကျင်ဘက်
    ……………. Idea မရှိရင် Idel ဖြစ်နေနိုင်တယ်…..
    ှုIdel ဖြစ်နေတဲ့ သူဟာ Idea မရှိလို့များလား …. .

    1. not true…. so, I wrote this post

  5. ကျေးဇူးပြု software တွေပို့ပေးပါ

    1. whic softwares ?

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.