Idea တွေ Idle ဖြစ်ခြင်း

Myanmar Tutorial မှာ Idea လား idle လား ဆိုတာလေးကို ဖတ်မိပြီး ဒီ အကြောင်းလေး ရေးမယ်လို့ စဉ်းစားထားတာ အခုမှပဲရေးဖြစ်တော့တယ်။

Resource

ကျွန်တော်တို့ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် လိုအပ်တာကတော့ Resource ပဲ။ အဓိကလိုအပ်တဲ့ Resource ၃ မျိုးရှိတယ်။ Money | Time | Human (skill and knowledge) ။ အဲဒီ ၃ မျိုးထဲက ၂ ခု ပြည့်စုံမှ ကျွန်တော်တို့တွေ idea တွေ စတင်နိုင်မယ်။ ၁ ခု တည်းပြည့်စုံလို့ မရဘူးလား ဆိုတော့ ရတော့ ရတယ် မပြည့်စုံဘူးလို့ပဲ ဆိုရမယ်။ ကျွန်တော်တို့တွေ စဉ်းစားကြည့်ရအောင်

ပိုက်ဆံရှိတယ်ဗျာ idea ရှိတယ်။ အဲဒီအတွက် Human resource ရှာဖို့ အချိန်ပေးကို ပေးရမယ်။ ကိုယ် မရေးတတ် မလုပ်တတ်တဲ့အတွက် ရေးတတ်တဲ့သူကို ရှာရမယ်။ သူ့ကို ငှားရမယ်။ သူ့အတွက် လစာ ပေးရမယ်။ ပြီးရင် အဲဒီအတွက် Manage ပြန်လုပ်ရမယ်။ အဲဒီအတွက် ငွေ ရယ် အချိန်ရယ် လိုတယ်။ တွေ့ရလူ ငှား။ ပြီးတော့ လွှတ်ထားဆိုရင်တော့ idea တွေက ဖြစ်လာမှာမဟုတ်ဘူးဗျ။ အဲဒီအတွက် ငှားထားတဲ့ လူတွေကို ပြန်ပြီး manage လုပ်ဖို့အတွက် manager တွေ ထပ်ငှားဖို့လိုလာကော။ ဒါမှ ကိုယ့်အဲဒီအတွက် အချိန်ပေးရတာ သက်သာသွားမှာပေါ့။ ဒါမှမဟုတ် company တစ်ခုခုကို အပ်ပြီး product ထွက်လာအောင် စောင့်ရလိမ့်မယ်။ ငွေရှိရင် idea က ဖြစ်လာနိုင်ပေမယ့် အရာရာ အားလုံးက ကိုယ်စိတ်ကြိုက် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်ဆိုတာကို သိထားသင့်တယ်။ ငွေရှိပေမယ့် အချိန်ပေးပြီး resource ကိုရှာဖွေရတာပဲ။ ကိုယ့် idea ကို တကယ် ပုံဖော်ပေးနိုင်မယ့် company ဖြစ်ဖြစ် လူဖြစ်ဖြစ် အချိန်ပေးပြီး ရှာဖို့ လိုတာပဲ။

အချိန်တွေကတော့ ပေါပါရဲ့ ငွေမရှိဘူး။ ငွေမရှိတော့ လူငှားနိုင်လားဆိုတော့ မငှားနိုင်ဘူး။ ကိုယ်တိုင် ရေးနိုင်သလားဆိုတော့ မရေးနိုင်ဘူး။ မရေးနိုင်တဲ့အတွက် လေ့လာနေရတယ်။ လေ့လာနေရတော့ product က မထွက်လာဘူး။ လေ့လာရင်း စိတ်ပျက်လာတဲ့အခါမှာ အဲဒီ idea တွေက ပျောက်ပျယ်သွားတယ်။ သေသေချာချာ လေ့လာနိုင်တဲ့အချိန်မှာတော့ product က ထွက်လာတယ်။ idea က ဖြစ်မြောက်လာတယ်ပေါ့။ အဲဒီအတွက် လေ့လာဖို့ အချိန် ပေးကို ပေးရမယ်။ ဒါပေမယ့် ငွေ နဲ့ Human resource မရှိတော့ အချိန်တွေ အရမ်းကြာတာပေါ့။ ကြားထဲမှာ စိတ်ပျက်တာတွေ။ စိတ်ရှုပ်တာတွေ အခြားအခက်အခဲတွေ ဝင်လာရင် ပျောက်ပျက်သွားနိုင်တယ်။ ဒါကြောင့် အချိန်တစ်ခုတည်းရှိတာ idea တော့ ဖြစ်လာနိုင်ပေမယ့် ဒီ product တစ်ခုထွက်ဖို့အတွက် အရမ်းကြာတယ်။ အချိန်ကို အသုံးချပြီး ကိုယ်ကိုယ်တိုင် skill နဲ့ knowledge ရလာအောင် ပြင်ဆင်နေရတယ်။

ကိုယ်တိုင်လည်း ရေးတတ်တယ်။ ဒါပေမယ့် အချိန် နဲ့ ငွေမရှိဘူး။ အဲဒီတော့ idea ကို ဘယ်လို ဖော်ထုတ်တော့မှာလဲ။ အဲဒီအတွက် အချိန် အနည်းငယ် မရမက ရှာဖွေပြီး ရေးဖို့လိုအပ်တယ်။ အဲဒီအခါမှ idea တွေ အလုပ်ဖြစ်လာမှာပါ။

Lazy

တကယ်တန်းတော့ ကျွန်တော်တို့တွေ idle ဖြစ်နေတာက Resource မလုံလောက်တာ အပြင် ပျင်းတာလည်း ပါတယ်ဆိုလည်း မမှားဘူး။ တစ်ခါတစ်လေ ကျွန်တော်ကိုယ်တိုင် အချိန်ကော ရေးနိုင်တဲ့ ဟာကော ရှိရဲ့သားနဲ့ ရေးဖို့ ပျင်းနေတယ်။ အနားယူချင်နေတယ်။ အဲဒီအခါ idea တွေက idle ဖြစ်နေပြန်ကော။ အခုအချက်က idea ကို ပုံဖော်ဖို့ ပျင်းတာ အဓိကပဲ။ ကျွန်တော်တို့မှာ idea ရှိတယ်။ ဒါပေမယ့် ငါ့မှာ အချိန်မရှိဘူး။ ငါ့မှာ ငွေမရှိဘူး။ ငါမရေးတတ်ဘူးဆိုပြီး အကြောင်းပြချက်များနဲ့ ကျွန်တော်တို့ ကိုယ်တိုင် ကိုယ့်ဘာသာကိုယ် ပိတ်လှောင်ထားခြင်းဟာလည်း Resource ၃ မျိုးထက် ပိုအရေးပါတယ်ဆိုလည်း မမှားဘူး။

ပျင်းတာကတော့ အခြား resource မလုံလောက်တာထက် ပိုကြောက်ဖို့ ကောင်းတယ်ဆိုတာ အမှန်ပဲ။ ကျွန်တော်တို့ကိုယ်တိုင် လုပ်ချင် ကိုင်ချင်စိတ်မရှိတဲ့အခါမှာတော့ ကျွန်တော်တို့ idea တွေဟာ တဖြည်းဖြည်းနဲ့ သံချေးတက်လာမှာပဲ။ ဘယ်လောက် ကောင်းမွန်တဲ့ idea ဖြစ်ဖြစ် ပျင်းတဲ့အခါမှာ အလိုလို idle ဖြစ်သွားမှာတော့ အမှန်ပဲဗျ။ Mark Zuckerberg ဟာလည်း သူ့ facebook idea ကို ကျောင်းတက်နေတုန်း ကျောင်းတက်နေရလို့ အချိန်မရှိဘူးကွာဆိုပြီး မရေးဖြစ်ခဲ့ရင် သူ အခုလိုမျိုး အောင်မြင်တဲ့ social network site ကို ဖန်တီးဖြစ်တော့မှာမဟုတ်ဘူး။ တနည်းပြောရင် resource မရှိတာဟာ ကြံဖန်လို့ ရပေမယ့် ပျင်းတာကတော့ ကိုယ်တိုင် ပြုပြင်မှာပဲ ရမယ်။

No Deal

ကျွန်တော် အပါအဝင် လူအတော်တော်များများဟာ အပေးအယူပိုင်းမှာ အားနည်းတယ်လို့ ဆိုရမလားပဲ။ ဥပမာဗျာ။။ ကျွန်တော့် လုပ်ချင်တာ Q&A site ပေါ့။ web site အတွက်က ရေးတတ်တယ်။ iPhone အတွက်က သူများ ရေးထားပြီးသားရှိတယ်။ အဲဒါကို နည်းနည်းပြင်လိုက်ရင်ရတယ်။ သူ့ဆီက ခွင့်တောင်းတော့ ဘယ်လောက်ပေးရမယ်။ ဟာ … မတန်မဆကြီးကွာ… ကိုယ့်ဘာသာ ကိုယ်ရေးမှာပေါ့။ ဒီလောက် အချိန်ပေးပြီး ရေးလိုက်ရင် ရတာပဲ ဆိုပြီး ကိုယ့်ဘာသာ ကိုယ်ရေးလိုက်ကော။ ရေးလိုက်တာ ရပေမယ့် အချိန်ကုန်သွားတယ်။ idea တွေကို product အနေနဲ့ ထုတ်ဖို့အရာမှာ နောက်ကျသွားတယ်။ တကယ်လို့ သူနဲ့ ဈေးညှိ … ဒါမှမဟုတ် တစ်ခုခု အပေးအယူဖြစ်အောင် လုပ်ဖို့ ကျွန်တော်တို့တွေ အပင်ပန်းခံပြီး သိပ်ပြီး မကြိုးစားကြည့်ဘူး။ deal လုပ်တာက တစ်ခုတည်းဆိုရင် သိပ်မသိသာပေမယ့် Androdi , WebOS စတာတွေ အတွက်ပါလာပြီဆိုရင်တော့ သိသာလာပြီ။ မလိုအပ်ပဲ ငွေတွေ အချိန်တွေ ကုန်ဆုံးသွားနိုင်တယ်။ deal လုပ်ပြီး ရလာတဲ့ product က bug ပိုရှင်းကောင်းရှင်းလိမ့်မယ်။ ကိုယ်တိုင် စတင်ရေးတဲ့အခါမှာ bug တွေအများကြီး ရှိလာနိုင်တယ်။ အချိန်တွေ ငွေတွေ အများကြီးကုန်လာနိုင်တယ်။

နောက်ထပ် ဥပမာ ဆိုရအောင်။ ကျွန်တော်တို့ website ရေးတယ်ဆိုတော့ သာမာန် HTML ထက်ရေးတာထက်စာရင် wordpress ပိုကောင်းတယ်ဆိုပြီး wordpress သုံးတယ်။ ဟုတ်ပြီ။ template က လိုချင်တာက ဝယ်ရမှာ။ မဝယ်ဘူးကွာ။ ကိုယ့်ဘာသာကိုယ် ရေးတတ်နေတာပဲဆိုပြီး ရေးလိုက်တဲ့အခါမှာ အချိန်တွေကုန်ကုန်တယ်။ နောက်ပြီး ရေးနေရင်း မကြိုက်တာတွေ သဘောမကျတာတွေကြောင့် ပြင်ရင်းပြင်ရင်း မပြီးတော့တာတွေ ဖြစ်နိုင်တယ်။ member ဝင်ပြီး template ချက်ခြင်း သုံးလိုက်တာဟာ အချိန် ခဏလေးနဲ့ ပြီးသွားနိုင်တာပေါ့။ သို့ပေမယ့် ကျွန်တော်တို့ တော်တော်များများဟာ သူများဆီက ဝယ်သုံးရတာကို နှမြောကြပြီး ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ နဲ့ product ထွက်လာဖို့အတွက်တွေ နောက်ကျသွားမှာ ကုန်ဆုံးသွားမှာကိုတော့ မနှမြောကြဘူး။

ဆက်ပါအုံးမည်….

2 responses to “Idea တွေ Idle ဖြစ်ခြင်း”

  1. […] တွေ Idle ဖြစ်ခြင်း အပိုင်း ၁ မှာတော့ Resource , Lazy , No Deal ဆိုပြီး […]

  2. ကြိုက်တယ်ဗျာ….စေ့စပ်သေချာတဲ့..အတွေးနဲ့အရေး…..

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading