iOS Developer Life :: Part II

Devices

iOS development လုပ်မယ်လို့ ဆုံးဖြတ်လိုက်ရင်တော့ Mac , iPad , iPodTouch အပြင် $99/year developer account တို့ကတော့ မဖြစ်မနေ ဝယ်ရတော့တာပဲ။ iDevices တွေ မရှိပဲနဲ့ ရေးတဲ့ app က တကယ့်လက်တွေ့ device မှာ ပြသာနာတွေ ရှိနိုင်ပါတယ်။ Simulator က iOS devices တွေထက်စာရင် memory ပိုများများရှိပါတယ်။ Simulator က CPU , Memory တွေက device က limit တွေနဲ့ မတူပါဘူး။ ဒါကြောင့် လက်တွေ့ စမ်းမယ်ဆိုရင် simulator ထက် Device မှာ စမ်းသာ အကောင်းဆုံးပါ။

နောက်ထပ်ပြီးတော့ Push Notification , Camera , in App Purchases တွေက device ပေါ်မှာ ပဲ testing လုပ်လို့ရပါတယ်။ compile လုပ်မယ် app store ပေါ်တင်မယ်ဆိုရင်တော့ xcode က မဖြစ်မနေ လိုအပ်လာပါပြီ။ ဒါကြောင့် mac ကိုလည်း မဖြစ်မနေ ဝယ်သင့်တဲ့ အထဲမှာ ပါပါတယ်။

Retina Display

new iPad မှာ Retina display ပါလာပါပြီ။ Retina Display အတွက် images size တွေကို ပြင်ထားရပါတယ်။ တကယ်လို့ Photoshop မှာ စကတည်းက iPhone 3Gs အတွက်သာ လုပ်ထားခဲ့ရင် iPad version ကိုလုပ်ဖို့အတွက် အစအဆုံး ဖန်တီးရပါတယ်။ ဒါကြောင့် retina display အတွက် စဉ်းစားထားရင်တော့ vector graphic က ပိုအဆင်ပြေပါတယ်။ ဒါမှမဟုတ်ရင် high resolution ကို စကတည်းက သုံးထားသင့်ပါတယ်။

Cross Platform

iOS platform တစ်ခုတည်းအတွက်က ပြဿနာ ထွေထွေ ထူးထူး မရှိပါဘူး။ တကယ့်လို့ ios version အပြင် အခြား platform တွေအတွက်ပါ ရေးချင်ရင်တော့ titanium လိုမျိုး cross platform IDE တွေသုံးမလား , ဒါမှမဟုတ် phone gap သုံးမလား စတာတွေ မေးခွန်းတွေ ရှိလာပါပြီ။ ကျွန်တော်ကတော့ Native နဲ့ ရေးရတာပဲ ပိုသဘောကျပါတယ်။ သေချာ ပိုင်နိုင်ပြီး memory management ပိုင်း အများကြီး ကောင်းပါတယ်။

နောက်တချက်က data သိမ်းတဲ့ အခါမှာ platform အားလုံးအတွက် အစဉ်ပြေအောင် စဉ်းစားထားဖို့ လိုပါတယ်။ အထူးသဖြင့် sync လုပ်ရတဲ့ အပိုင်းကတော့ တော်တော် စဉ်းစားရတဲ့ အပိုင်းပါပဲ။

UI Design

လွန်ခဲ့တဲ့ ၂ နှစ်က iOS App design နဲ့ အခု iOS App design တွေက တခြားစီတွေပါပဲ။ UI Design Approve တွေက အမြဲ ပြောင်းလဲနေတယ်။ အခုတလောတော့ Facebook , Path လိုမျိုး sidebar တွေက အရမ်းခေတ်စားနေပါတယ်။ တစ်ခါတစ်လေမှာ ကိုယ့် app အတွက် အစဉ်ပြေမယ့် UI Design အသစ်တွေလည်း စဉ်းစားရပါတယ်။ တစ်ခါတစ်လေ ကိုယ်ပိုင် control တွေလည်း ရေးသင့်တဲ့အခါမှာ ရေးရပါတယ်။ ခက်ခဲလှတယ်မဟုတ်ပေမယ့် ခေါင်းစားတဲ့ အခါတော့ တော်တော်စဉ်းစားရပါတယ်။

ဘယ်အလုပ်ပဲလုပ်လုပ် သက်သာတယ်ဆိုတာကတော့ တော်တော်လေးကို ရှားပါတယ်။ ဘယ်ဘာသာရပ် မဆို သူ့ ပညာ နဲ့ သူ ရှိတတ်ပါတယ်။ Web ကကောင်းတယ် Mobile က ကောင်းတယ်လို့ အလုပ်မှာ ဆုံးဖြတ်နေလို့ မရပါဘူး။ ကျွန်တော့်အတွက်ကတော့ web ပဲ ဖြစ်ဖြစ် iOS ပဲ ဖြစ်ဖြစ် မသက်သာပါဘူး။ Stress ကတော့ အတူတူလောက်ပါပဲ။

ဘယ်လောက်ပဲ ဝါသနာပါတယ်ပြောပြော အလုပ်လုပ်တဲ့အခါမှာ ပင်ပန်းတဲ့ ဒဏ် စိတ်ဖိစီးမှု ဒဏ် စတာတွေကတော့ ခံရစမြဲပါပဲ။ web သမားတွေ အနေနဲ့ mobile app တွေ ရေးချင်ကြတယ်။ ကျွန်တော် PHP ကနေ iOS ကို ပြောင်းလာတာ ၂ နှစ် ပြည့်တော့မယ်။ သို့ပေမယ့်လည်း ကိုယ့်ကိုယ် PHP ရေးတာလောက် စိတ်ကျေနပ်မှု မရသေးဘူး။ အထူးသဖြင့် memory leak တွေက တစ်ခါတစ်လေ crash ဖြစ်တာတွေက စိတ်ဖိစီးမှုတွေ ပေးနေတုန်းပါပဲ။

1 Comment

  1. MmCalendar says:

    Thank you so much.These 2 posts really helps a lot. I am currently exploring the iOS 5 and Xcode 4.2

    Although with background in Android, it doesn’t help much.

Leave a Reply to MmCalendar Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.