Learning iOS Development

iOS Development ကို လေ့လာဖို့က သိပ်ခက်ခက်ခဲခဲ မဟုတ်ပါဘူး။  အောက်က ပုံကို ကြည့်လိုက်ပါ။

iOS Development လုပ်တော့မယ်ဆိုရင်

၁။ ပထမဆုံး ကျွန်တော်တို့တွေ Mac Books တစ်လုံး လိုမယ်။ Xcode က Mac OSX ပေါ်မှာပဲ run တယ်။ တကယ်လို့ mac book မဝယ်နိုင်သေးဘူးဆိုရင်လည်း VMWare နဲ့ ရပါတယ်။ သို့ပေမယ့် သုံးရတာကတော့ စိတ်တိုင်းကျမှာ မဟုတ်ဘူး။

၂။ Internet လိုတယ်။ Internet မရှိရင် ကျွန်တော်တို့ tutorial တွေ video တွေ download ဆွဲလို့ ရမှာ မဟုတ်ဘူး။ Xcode က 4.5 GB လောက် ရှိပါတယ်။

၃။ XCode သွင်းဖို့လိုတယ်။ နောက်ပြီး iOS SDK ကို လေ့လာဖို့ stanford ရဲ့ itune u ကနေ လေ့လာနိုင်တယ်။ နောက်ပြီးတော့ Mobile.Tutsplus.com , raywenderlich.com စတာတွေကနေ iOS Development ပိုင်းကို လေ့လာနိုင်ပါတယ်။ အချို့ tutorial တွေက iOS 7 နဲ့ XCode 5 မဟုတ်တော့တဲ့အတွက် နည်းနည်းတော့ ဟောင်းနေတာလေးတွေ ရှိပါလိမ့်မယ်။ ပထမဆုံး အနေနဲ့ stanford က videos တွေ အရင်ဆုံး ကြည့်လိုက်တာ ဖြစ်ဖြစ် mobile.tutsplus.com က objective-c အခြေခံ ကို ဖတ်ကြည့်တာ ဖြစ့်ဖြစ် လုပ်ကြည့်သင့်ပါတယ်။

၄။ ပြီးလျှင် ကိုယ်ပိုင် App လေး တစ်ခု လောက် စမ်းကြည့်ပါ။ Dictionary App ပဲ ဖြစ်ဖြစ် Note app ပဲ ဖြစ်ဖြစ် စိတ်ကြိုက် app လေး တစ်ခု ရေးကြည့်ပါ။ Device ပေါ်မှာ စမ်းလို့ ရမှာ မဟုတ်ပါဘူး။ Developer Account ရှိမှ သာ device ပေါ်မှာ စမ်းလို့ ရပါလိမ့်မယ်။

၅။ မရတာတွေ နားမလည်တာတွေကို stackoverflow မှာ မေးနိုင်သလို မြန်မာလို မေးချင်တယ်ဆိုရင်တော့ Myanmar iOS Developer facebook group မှာ ဖြစ်ဖြစ် MZ မှာ ဖြစ်ဖြစ် မေးနိုင်ပါတယ်။ အခုမှ စမယ့် iOS Developer တွေ အနေနဲ့ NSMag ကိုလည်း ဖတ်သင့်ပါတယ်။

၆။ App ကို ရောင်းချင်တယ် ဒါမှမဟုတ် app store ပေါ်မှာ free ပေးချင်တယ်ဆိုရင်တော့ Developer Account လိုလာပြီ။ မတင်ခင် device ပေါ်မှာ test လုပ်ဖို့ device တစ်ခု လိုလိမ့်မယ်။ Simulator ဟာ emulator မဟုတ်ပါဘူး။ Mac OSX  ပေါ်မှာ run နေတဲ့ အတွက်ကြောင့် simulator ပေါ်မှာ run တဲ့ စွမ်းဆောင်ရည်မျိုး device မှာ မရနိုင်ပါဘူး။ GPS , push notification , M7 စတာတွေကို စမ်းမယ်ဆိုရင်လည်း simulator နဲ့ မရပါဘူး။

၇။ App ကို ရောင်းမယ်ဆိုရင် SWIFT code ရှိတဲ့ bank account လိုအပ်ပါတယ်။ Free ဆိုရင်တော့ မလိုအပ်ပါ။

၈။ ရောင်းဖို့ တင်လိုက်ပြီးတာနဲ့ ၁ ပတ်လောက် review စောင့်ပြီးရင် ကိုယ့် App က app store ပေါ်မှာ ရောက်လာပါလိမ့်မယ်။ App approve ဖြစ်ဖြစ်ခြင်း app store မှာ search လုပ်မရပါ။ ၁ နာရီလောက် ကြာမှ သာ app store ပေါ်မှာ search လုပ်ရင် တွေ့ပါလိမ့်မယ်။

4 Comments

  1. MZ ကတော့ ဇော်ဂျီ သုံးခွင့်မရှိပါဆိုတာနဲ့တင် မဝင်ဖြစ်တော့တာ ကြာပ
    ဟိုအရင်က အကောင့်ဆို ဘယ်နေမှန်းတောင်မသိတော့ဖူး

    1. saturngod says:

      if you are using keymagic keyboard , you can type Unicode with zawgyi keyboard. There is no different for changing :D

  2. Thura says:

    I’m from Myanmar and planning to enroll in iOS Developer Program which costs for $99, but as you may already know, Credit cards are currently not available in Myanmar.
    Can I use my Prepaid cards from local banks (VISA and MASTERCARD) for enrollment in the developer program? Thanks in advance for your help.

    1. saturngod says:

      yes , you can pay with any master or visa card. But you need to wait 1 or 2 week for their approval.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.