Lesson from Angry Birds – Part 2

Angry Birds ကို App Store မှာ December 2009 မှာ စပြီး ပေါက်ခဲ့ပါတယ်။ Mat Wilson က

ငါတို့ စောစော သိခဲ့တာက ပေါက်သွားဖို့အတွက် အရင်ဆုံး နိုင်ငံသေးသေးလေးတွေမှာ အရင်ဆုံး ပေါက်အောင် လုပ်ဖို့ လိုတယ်။

လို့ဆိုပါတယ်။ Finnish App store မှာ ရာကျော်မျှသာ ရောင်းရပြီးတော့ Sweden , Denmark , Greece နဲ့ Czech Republic မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ UK နဲ့ US store မှာ မပေါက်ခင်ထိ 30,000 ကနေ 40,000 downloads ကို နိုင်ငံသေးသေးလေးတွေကနေ ရခဲ့ပါတယ်။ အများကြီးတော့ မဟုတ်ပေမယ့် ပုံမှန် app တွေရောင်းတာထက်တော့ ၄ ဆ လောက်များပါတယ်။ Chillingo ဟာ apple နဲ့ အဆက်အသွယ်ကောင်းတွေ ရှိပြီးတော့ အောင်မြင်တဲ့ game အချို့လည်း publish လုပ်ခဲ့ပါတယ်။ ဒါကြောင့် ပိုပြီး ဈေးကွက်များတဲ့ app stores တွေအတွက် Chillingo ကနေ တဆင့် ထုတ်ဝေခဲ့ပါတယ်။

February 11, 2010 မှာ Apple က Angry Birds ကို UK App store ရဲ့ ရှေ့စာမျက်နှာ game of the week မှာ ပြဖို့ သဘောတူခဲ့ပါတယ်။ Rovio ကလည်း youtube video တစ်ခု ဖန်တီးခဲ့ပြီးတော့ အခုအချိန်မှာ ကြည့်ရှုသူပေါင်း ၂၄ သန်း ကျော်သွားပါပြီ။ နောက်ပြီး level အသစ်ပေါင်း ၄၂ ခု ဖန်တီးခဲ့ပါတယ်။ နောက်ပြီး free , lite version ကိုလည်း ဖန်တီးခဲ့ပါတယယ်။ အဲဒါတွေ အကုန်လုံးကို ၃ ရက်အတွင်း release လုပ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ အဆင့် ၆၀၀ ကျော်ကနေ ပထမဆုံး app အဖြစ် App store မှာ ရောက်ရှိသွားပါတယ်။ April မှာတော့ US ရဲ့ နံပတ် ၁ app ဖြစ်ခဲ့ပါယ်။

Angry Birds ကို android အတွက် ထုတ်ခဲ့ရမှာ 20 million download ရရှိခဲ့ပါတယ်။ Apple’s Mac App store မှာ ရောင်းချခဲ့ရမှာတော့ 150,000 copies ပေါင်း ပထမ အပတ် တင် ရောင်းချခဲ့ရပါတယ်။ နံပတ် ၁ ကို ချက်ခြင်း ရခဲ့တယ်။

November 2010 မှာတော့ Fox Digital Entertainment က ခွင့်ပြုချက် ရခဲ့ပါတယ်။ 20th Century Fox က Rio ဆိုတဲ့ animation ထုတ်ဖို့ လုပ်နေပါတယ်။ ငှက်အကြောင်း ဖြစ်ပြီး ထို ငှက်က မပျံနိုင်ပါဘူး။ ဒါကြောင့် Angry Birds Game နဲ့ အလွန်ပဲ လိုက်ဖက်လှပါတယ်။

အဲဒါနဲ့တင် မရပ်တန့်နိုင်ပဲ အခုအခါမှာ facebook game လုပ်ဖို့ ကြိုးစားနေပါပြီ။ နောက်ပြီး Xbox 360, PS3, Wii တွေအတွက်ပါ ဖန်တီးဖို့ ကြံစည်ထားကြပါတယ်။ ဒါ့အပြင် game သာမက movies, TV , cartoons , comics တွေ ပါ ထုတ်ဖို့ စဉ်းစားထားပြီးသားပါ။ လွန်ခဲ့တဲ့ နှစ် ၁၀၀ တုန်းက Disney က Mickey Mouse နဲ့ စတင်ပြီး လူတိုင်း ပါးစပ်ဖျားမှာ စွဲခဲ့ကြပါတယ်။ အခုအချိန် လူတိုင်း ပါးစပ်ဖျားမှာ Angry Birds ဖြစ်နေတဲ့အချိန်ဖြစ်နေတဲ့အတွက် Rovio ဟာ Disney လိုမျိုး မဖြစ်လာဘူးလို့ ပြောလို့မရပါဘူး။

ဆောင်းပါးကနေ သတိပြုမိတဲ့ အချက်တွေက

၁။ Rovio ဟာ Angry Birds မထွက်ခင်မှာ game ပေါင်း ၅၁ ခု ရေးပြီးပြီ။

၂။ Rovio ဟာ iOS platform ကို ပထမဆုံး အဓိက ထားပြီး ထုတ်ခဲ့တယ်။

၃။ လူတိုင်း ကစားလို့ ရတဲ့ game တစ်ခု။ tutorial တွေမလိုပဲ အတတ်နိုင်ဆုံး အရိုးရှင်းဆုံး ဆော့လို့ ရတဲ့ game တစ်ခု ဖန်တီးခဲ့တယ်။

၄။ အောင်မြင်ပြီဆိုတာနဲ့ အခြား platform တွေအထိ တိုးချဲ့ခဲ့တယ်။

၅။ Chillingo နဲ့ partner လုပ်ပြီးတော့ app store ရဲ့ game of the week feature မှာ ပါလာအောင် ကြိုးစားခဲ့တယ်။

၆။ Youtube ကို သုံးပြီးတော့ game နဲ့ ပတ်သက်တာတွေ ထုတ်လွှင့်ခဲ့တယ်။

၇။ Customer တွေနဲ့ ကောင်းမွန်စွာ ဆက်ဆံခဲ့ပြီးတော facebook , twitter ကနေ update တွေကို ကြေငြာခဲ့တယ်။ အဲဒီကနေ တဆင့်ပဲ customer တွေနဲ့ ဆက်ဆံခဲ့တယ်။

၈။ game တွေမှာ control တွေ အများကြီးမပါပဲနဲ့ ရိုးရိုးနဲ့ လွယ်လွယ် ကစားလို့ရအောင် ဖန်တီးခဲ့တယ်။

Angry Birds က ရှေ့ဆက်မယ့် အကြောင်းတွေကို စိတ်ကူးတွေ ယဉ်ထားပြီး တဆင့်ပြီး တဆင့်ပုံဖော်ပြီး ရှေ့ဆက်နေပါပြီ။

3 Comments

  1. ငါတို့ရွာက နှပ်ချည်းတွဲလောင်းနဲ့ ကလေးတွေ ဒီလိုအဆင့်ရောက်အောင် ဘယ်ကစ လုပ်ပေးရရင်ကောင်းမလဲဗျာ။
    ကျေးဇူးတင်သဗျာ။
    မူရင်းတွေ လျှောက်ဖတ်လိုက်ဦးမယ်။

  2. rlay says:

    အခုလိုမျိုး အောင်မြင်သွားသူတွေရဲ့ ဖြတ်သန်းခဲ့ရပုံကို ပြောပြတာ အရမ်းကျေးဇူးတင်တယ်ဗျာ။ စာဖတ်ရင်းနဲ့တော်တော် စိတ်အားတက်မိတယ်။

  3. Zaw Ye Tun says:

    Very Good Post ….. Thanks for sharing Ko Saturngod

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.