Linux ?

Windows တွေနာမည်ရ အောင်မြင်မှု မရှိခင်တုန်းကတော့ Unix တွေက OS လောကမှာ စိုးမိုးနေခဲ့ပါတယ်။ Microsoft က Unix ကို ဈေးကွက် လက်ဝါးကြီး အုပ်မှုနဲ့ တရားစွဲခဲ့ရမှာပေါ့ Unix က ရှုံးနိမ့်ပြီး Unix က Free OS လိုလိုဖြစ်ခဲ့ပါတယ်။ Unix က Free OS လိုလို ဖြစ်ခဲ့တဲ့အတွက်ကြောင့် ငွေကြေးမတတ်နိုင်တဲ့သူတွေ ကျောင်းသားတွေ ကျောင်းတွေ ဆေးရုံတွေက Unix ကို အသုံးပြုကြပါတယ်။ MS-DOS က ဝယ်သုံးရပြီး Unix ကိုတော့ free သာသာ အသုံးပြုခဲ့ကြရပါတယ်။ နောက်ပိုင်းမှာတော့ Unix ဟာ ပြန်လည် တရားရင်ဆိုင်ပြီး အောင်ပွဲရကာ သူ့ OS အသုံးပြုထားတဲ့ User တွေကနေ ငွေကြေး တောင်းဆိုမှု စခဲ့ပါတယ်။ အဲဒီလိုပဲ ကျောင်းတွေ ဆေးရုံတွေကိုတော့ Free ပေးပေမယ့် service တော်တော်များများ အသုံးပြုလို့မရခဲ့ပါဘူး။ အဲဒီအတွက်ကြောင့် Master တက်နေတဲ့ကျောင်းသား Linus Torvalds ဟာ Unix ကိုအခြေခံပြီး Linux OS ကိုစတင်ရေးသားခဲ့ပါတယ်။ Linux မတိုင်ခင်မှာတော့ Minix ဆိုတဲ့ OS ကို သူ့ဆရာ Dr. Andrew S. Tanenbaum ရေးသားခဲ့ပါတယ်။ Minix ကတော့ education အတွက် ရည်ရွယ်ပြီးရေးသားထားတဲ့ Unix-like OS တစ်ခုပါ။ Linux Torvalds က Linux ကို Portable OS ဆိုပြီး Master Thesis အနေနဲ့တင်သွင်းခဲ့ပါတယ်။ နောက်ပြီး Free Opensource ပေးခဲ့ပါတယ်။ Dr. Andrew S. Tanenbaum ကတော့ Linus Torvalds နဲ့ အကြီးအကျယ် စကားများခဲ့ပါတယ်။ Dr. Andrew S. Tanenbaum က Linux ကို အားမပေးခဲ့ပါဘူး။ အောင်မြင်မယ်လို့လည်း မခံယူထားပါဘူး။ GNU License ဖြစ်တဲ့ Linux ကို လူတိုင်းက ပြုပြင်ရေးသားပြီး လိုအပ်သည်များကို Feedback ပြန်ပေးခဲ့တာကြောင့် Linus က နောက်ထပ် kernal version ကို ပြန်ထုတ်ခဲ့နိုင်ပါတယ်။ Linux က Richard Stallman ရဲ့ GNU project ကြောင့် အောင်မြင်ခဲ့တယ်ဆို ပိုမှန်ပါမယ်။ GNU project ကနေ Application အမြောက်အမြားကို Linux အတွက်ရေးသားခဲ့ပါတယ်။ Window GUI ပါဝင်လာပြီး အောင်မြင်ခဲ့တဲ့ Windows 98, Windows Xp အချိန်ထိတိုင်အောင် Linux command mode အဓိကထားရတဲ့အတွက်ကြောင့် Windows လောက်အောင်မြင်မှုမရရှိခဲ့ပဲ Advanced User တွေ ကျောင်းသားတွေအတွက်သာ ဖြစ်နေခဲ့ပါတယ်။ သို့သော်လည်းပဲ အခုအခါမှာတော့ Windows ထက် များစွာ သာလွန်ကောင်းမွန်နေပြီ ဖြစ်ပြီး ဘယ် user မဆို အသုံးပြုနိုင်ပါတယ်။ အင်တာနက်ရှိရင်တော့ အကောင်းဆုံးပေါ့။

Linux ကို Linux OS ဆိုတာထက် Linux လို့ပဲ ခေါ်သင့်တယ်။ OS ကတော့ Distro တွေက ထုတ်တဲ့ အတွက်ကြောင့် Ubuntu OS, Fedora OS လို့ပဲခေါ်သင့်ပါတယ်။ Linux က OS မဟုတ်ပါဘူး။ Kernel တစ်ခုပါ။ OS တစ်ခုဖြစ်အောင် Application တွေများစွာ ပါဝင်လာအောင် Developer တွေက လုပ်ဆောင်ပေးခဲ့တာပါ။ Linux OS လို့မခေါ်ပဲ သူ့ကိုယ်ပိုင် Distro နာမည် OS လို့ပဲ ခေါ်သင့်တယ်လို့ ကျွန်တော်မြင်ပါတယ်။ ကျွန်တော်ကတော့ Ubuntu OS ကိုအသုံးပြုခဲ့ပါတယ်။ ဘာ Distro တွေရှိတယ် ဘယ် Linux Distro က ထိပ်ရောက်နေသလဲဆိုတာကိုတော့ http://distrowatch.com/ မှာကြည့်နိုင်ပါတယ်။

Linux ရဲ့ Logo အဖြစ် Tux ဆိုတဲ့ ပင်ကွင်းကို အသုံးပြုခဲ့ပါတယ်။ Tux ကတော့ Linus ရဲ့ ချစ်စနိုး ခေါ်ကြတဲ့ နာမည်ဖြစ်ပြီး ပင်ကွင်းကတော့ ငယ်စဉ်က Tux ကို ပင်ကွင်းကိုက်ခံ မိဖူးတာကို မှတ်မှတ်ရရအနေဲ့ ပင်ကွင်းကောင်လေး အသုံးပြုထားတာပါ။

ကျွန်တော် ကြားဖူးနားဝများတာဖြစ်သောကြောင့် အချို့အချက်များသည် မှားယွင်းကောင်းမှားနိုင်ပါတယ်။

3 Comments

  1. saturngod says:

    http://www.mysteryzillion.org/forums/forumdisplay.php?f=79

    မှာ Linux နဲ့ ပတ်သက်ပြီး မေးလို့ရတယ်။ ပြောလို့ရတယ်။ ဆွေးနွေးလို့ရတယ်။

  2. Trh says:

    thanks, bro …

  3. ther.geek says:

    The history of unix is very much different from what i know.
    unix got no major law suit with m$ and unix is not cheap too.
    Hope you do research and can correct the story later.
    .Rgds
    .TherGeek

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.