mywebfont အကြောင်းကိုတော့ ကျွန်တော် ဒီမှာ ပြောခဲ့ပြီးပါပြီ။ သို့ပေမယ့် html ကို မသိ CSS လည်း မသိ ဆိုတဲ့ သူတွေ အတွက် အရန်သင့် addon တွေ ရှိလာပါပြီ။

WordPress : mmunicode embed

လက်ရှိတော့ Yunghkio Font တစ်ခု တည်းကိုပဲ support လုပ်ပါသေးတယ်။ နောက်များ အားရင်တော့ အခြား font တွေ ရွေးချယ်လို့ ရအောင် ထည့်သွင်း သွားပါမယ်။

Joomla : Unicode Embed

ကို zack ကို ဒီ မနက် ရုံးချိန်မှာ ရေးဖို့ တောင်းဆို လိုက်တော့ ချက်ချင်းပဲ ရေးပေးလိုက်ပါတယ်။

Joomla : Zawgyi Embed

ကို zack ကပဲ တစ်ခါတည်း ဇော်ဂျီ အတွက်ပါ ရေးထားပေးပါတယ်။

Drupal: Unicode Embed

ဒါကိုတော့ ကို everleaner က ရေးပေးထားပါတယ်။ အခု version မှာတော့ Yunghkio တစ်ခုပဲ အလုပ်လုပ်ပါသေးတယ်။

Vanilla 2 : Unicode Embed

လက်ရှိ MZ မှာ အသုံးပြုထားတဲ့ plugin ပါ။ ယွန်းချို တစ်ခုပဲ support လုပ်ပါသေးတယ်။

Addon တွေကို လွယ်လင့် တကူသွင်းပြီး အသုံးပြုခြင်းအားဖြင့် လက်ရှိ အသုံးပြုထားတဲ့ template မှာ ပြင်နေစရာမလိုတော့ပါဘူး။ နောင်တချိန် template ပြောင်းတဲ့အခါမှာလည်း သွားထည့်စရာ မလိုတော့ပါဘူး။

For HTML

HTML မှာ ထည့်တဲ့ အခါမှာ <link rel=… ဆိုတဲ့ တစ်ကြောင်းပဲ </head> အပေါ်မှာ ထည့်ရပါလိမ့်မယ်။ ကျွန်တော် example ပြထားသလို css code တွေ ဖြည့်စရာမလိုပါဘူး။ ကျွန်တော်က example မှာfont အမျိုးမျိုးအတွက် embed ရတယ်ဆိုတာကို မြင်သာအောင် css code တွေ ကို ထည့်ပြထားတာပါ။ ဥပမာ ။။ zawgyi font embed လုပ်ချင်ရင်

</head>

မတိုင် ခင်မှာ

<link href=’http://mywebfont.appspot.com/css?font=zawgyi’ rel=’stylesheet’ type=’text/css’>

ကို ဖြည့်ပေးဖို့ လိုပါတယ်။ အဲဒီ အခါ အောက်ကလို ဖြစ်သွားပါလိမ့်မယ်။

<link href=’http://mywebfont.appspot.com/css?font=zawgyi’ rel=’stylesheet’ type=’text/css’></head>

အခြား CSS code တွေ ထည့်ရန် မလိုပါ။

Font Family

Font family ကိုတော့ css မှာ ပြင်ပြီး ထည့်ပေးဖို့ လိုပါသေးတယ်။ လက်ရှိ addon တွေမှာ font family ကို force လုပ်ပြီး မပြင်ထားတာတွေ ပါပါတယ်။ ဒါကြောင့် ကိုယ်တိုင် CSS က font-family မှာ ‘Masterpiece Uni Sans’ ကို ရှေ့ဆုံးမှာ ထားပြီး ထည့်ပေးဖို့လိုပါတယ်။ Masterpiece ကိုသာ ရှေ့ဆုံးမှာ မထားရင် Mac မှာ စာတွေ ဖတ်လို့ မရတော့ သလို iOS မှာလည်း font embed အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။

Yunghkio font embed သုံးထားရင် font family သည်

font-family:”Masterpiece Uni Sans”,Yunghkio;

Myanmar 3 Font embed ကို သုံးရင်တော့

font-family:”Masterpiece Uni Sans”,Myanmar3;

ဆိုပြီး ဖြစ်ရမှာပါ။

45 responses to “Mywebfont Addon”

  1. very nice !
    wait for who will develop in drupal :)

    1. ok , ko everleaner will do it :)

    2. added drupal :)

  2. is that compactable with blogspot? any clue?

    1. you can add from your blogspot template. same like add in HTML

      1. အာလူးလေး Avatar
        အာလူးလေး

        ကိုစေတန်ကြီး Blogspot မှာ မရဘူးဖြစ်နေတယ် တခြားနည်းလမ်းရှိရင် ပြောပြပါဦး
        JB မလုပ်ပဲ iphone ကနေကြည့်ချင်လို့ပါ

        1. it’s working fine with blogspot. please check http://mmuniembed.blogspot.com/ with your iphone. you can read in http://www.saturngod.net/knowledgebase/change-unicode-in-blogspot

  3. အစ်ကို့ ဆိုဒ်ကို ကွျှန်တော့် firefoxနဲ့ iPhoneမှာ မှန်မှန်ကန်ကန် စာလုံးတွေဖတ်ရဘူးဖြစ်နေတယ်ဗျ။

    1. firefox in mac can’t render embed myanmar font. iphone need iOS 4.2 or later

      1. hmm i c. dat’s da problem. im using iOS 4.1 :(

  4. Is it working fine with the site(wp) which has text in mm3?
    OR should I change all mm3 text to yunghkio first?

    1. I need to support font family wp plugin. Now, it’s only support yunghkio. You can add

      at the header of your template.

  5. ကိုစေတန်ရဲ့ mmunicode-embed plugins နဲ့ပါတ်သက်လို့ သိချင်တာလေး တစ်ခု မေးပါရစေ ..
    တစ်နေ့က mmunicode-embed plugins ထဲက ဖိုင်တွေ လျောက်ဖတ်ကြည့်ရင်း
    uniembed.php မှာ ရေးထားတာလေးတစ်ခုမှာ သိပ်မရှင်းလို့ပါ။ uniembed.php ထဲမှာ
    <script src="/browserdetect.js”> ဒီလိုလေး တစ်ကြောင်းတွေ့တယ်။ နောက် သူနဲ့ကပ်ရပ်မှာ
    <script src="/uni512zg1.js”>
    ဒီလို ထပ်တွေ့တယ်။ အဲ့ဒါက mmunicode-embed plugins ထဲမှာပါတဲ့ js ဖိုင်ကို ခေါ်သုံးထားတာလားလို့.. mmunicode-embed plugins ထဲမှာ browserjetect.js ကတွေ့တယ် uni512zg1.js ဖိုင်ကို မတွေ့လို့ပါ။ အဲ့ဒါ ဘယ်လိုလဲ မသိဆိုပြီး စိတ်ထဲမှာ မရှင်းလို့ပါ။
    နောက်အဲ့ဒီ စာနဲ့ ကပ်လျက်ပဲ

    <?php
    }
    //for convert zawgyi to unicode comment
    if(is_single())
    {
    if (get_option('uniemd_init') =="")
    {
    //init
    update_option('uniemd_init',1);
    update_option('uniemd_jquery',1);
    update_option('uniemd_converter',1);
    update_option('uniembed_font','yunghkio');
    }
    ဆိုတာကိုတွေ့တယ် ကျနော်က php မဖတ်တက်ပါဘူး။ ဒီအတိုင်း အင်္ဂလိပ်စာ ဖတ်သလို ဖတ်ကြည့်တာ။ comment မှာ zawgyi နဲ့ပေးရင်လည်း unicode ပြောင်းပေးဖို့လို့ ဆိုလိုတာလားမသိဘူး.. ဒါနဲ့ zawgyi နဲ့ comment ရေးကြည့်တော့ unicode မပြောင်းဘူးဗျာ။ ကိုယ်ထင်တာနဲ့ ဖြစ်တာနဲ့ မတူတော့ အဲ့ဒါလည်း သိပ်မရှင်းဘူးအကို.. အခု မှ php ကိုလေ့လာမယ်ဆိုပြီး php ဖိုင်တွေ လိုက်ဖွင့်ရင်း အခုလို မသိတာလေးတွေ မရှင်းတာလေးတွေ ရှိလာလို့ပါ။

    1. I forget to upload uni512zg1.js in source. I fixed that in latest version.

      1. အကို အခုထပ်ထည့်လိုက်တဲ့ uni512zg1.js ဖိုင်က website အတွက် ဘယ်လိုအလုပ်လုပ်မှာလဲအကို၊ zawgyi နဲ့ comment ရေးကြည့် zawgyi အတိုင်းပဲ ပေါ်နေသေးတယ်၊ style.css မှာ
        font-family: ‘Masterpiece Uni Sans’, Myanmar3, Yunghkio, Parabaik, Padauk, ‘WinUni Innwa’, ‘Win Uni Innwa’,
        ‘MyMyanmar Unicode’, Myanmar2; အခုလို ပေးထားပါတယ်အကို unicode နဲ့ comment ရေးရင် ပေါ်ပါတယ်။ ကျနော်က အကို့ plugins ဖိုင်တဲ့ စာတွေ လျောက်ဖတ်ကြည့်ရင်း
        zgcomment_convert လို့လည်းတွေ့တော့ zawgyi နဲ့ comment ရေးသွားရင်လည်း ဆိုဒ်ထဲမှာ unicode အနေနဲ့ပြောင်းပေါ်မယ်ထင်တယ်။ အခု plugins ကို update လုပ်ပြီး zawgyi နဲ့ comment ရေးကြည့်တာ zawgyi အတိုင်းပဲ ရှိနေသေးတယ် အကို.. zawgyi comment ကို unicode အနေနဲ့ပြောင်းပေါ်မယ်လို့ ထင်လို့ပါ။ ကျနော် စိတ်ထဲမရှင်းလို့မေးတာပါ ရစ်တယ်လို့မထင်ပါနဲ့နော် :)

        1. commnet ကို ဇော်ဂျီ နဲ့ ရေးထားရင် unicode ပြောင်းပေးပါတယ်။ ရေးတဲ့ မြန်မာစာ က စာလုံး ၂ လုံး ထပ်နေတာ။ သဝေထိုး ၂ ခု ထပ်နေတာ စတဲ့ အမှားအယွင်းတွေကတော့ ဇော်ဂျီ နဲ့ ရေးထားမှန်း မသိနိုင်တော့တဲ့အတွက် မပြောင်းပေးနိုင်ပါဘူး။ ဒီ comment ကို ကျွန်တော် comment box မှာ ဇော်ဂျီနဲ့ ရိုက်ပြီး တင်လိုက်တာပါ။ သို့ပေမယ့် လက်ရှိ အသုံးပြုထားတဲ့ site မှာ javascript error တစ်ခုခု ဖြစ်နေရင်တော့ ပြောင်းပေးနိုင်မှာ မဟုတ်ပါဘူး။

          1. သို့ပေမယ့် လက်ရှိ အသုံးပြုထားတဲ့ site မှာ javascript error တစ်ခုခု ဖြစ်နေရင်တော့ ပြောင်းပေးနိုင်မှာ မဟုတ်ပါဘူး။

            ဒီအချက်ကြောင့်မယ်ဖြစ်မယ်ထင်တယ် ကျနော့မှာ မပြောင်းသေးဘူးအကို
            ဆိုဒ်မှာ ဖြစ်နေတဲ့ javascript err တစ်ခုခုကို ဘယ်လိုရှာ ဖြေရှင်းရမလဲ၊ ဘယ်နေရာလေးတွေ စစ်ကြည့်ရမလဲ
            ဆိုတာ လမ်းစလေးဖြစ်ဖြစ် ပြောပေးပါအကို ကျနော်ဘာသာစမ်းကြည့်ပါမယ်..

          2. link ထည့်ထားတဲ့ website ကို ကြည့်လိုက်တော့ submit button ရဲ့ id က commentSubmit ဖြစ်နေတယ်။ zgcomment_convert.js ထဲမှာ comment submit button ရဲ့ id ကို submit သုံးထားတယ်။ ဒါကြောင့် အလုပ်မလုပ်ဘူးဖြစ်နေတာ။

  6. ဟုတ်တယ် အကိုရေ commentSubmit ဖြစ်နေတာ :)
    အခု submit လို့ ပြင်လိုက်မှ အဆင်ပြေသွားတယ်။ zawgyi နဲ့ comment ရေးတာကို submit ကိုနှိပ်လိုက်တာနဲ့ comment box ထဲမှာကို unicode ပြောင်းပေးတယ်၊ တကယ် ကျေးဇူးတင်ပါတယ်ဗျာ..

  7. ဒီမှာပဲ တစ်ခါတည်း မေးပါရစေ..
    အကို့ mmunicode plugin ကို နည်းနည်းပါးပါး ပြင်သုံးခွင့်ရှိလားအကို ပြင်သုံးလို့ရမလား?
    open source လားဆိုတာ သိချင်လို့ပါ။ အခု အကို့ကိုတော့ ခွင့်တောင်းဦးမှဆိုပြီး ပြောသာ ပြောရတယ်၊ ကျနော် plugin ကိုပြင်သုံးမိနေပီရယ် :) ဟိုတစ်လောမှ အကိုရေးတဲ့ css စာအုပ်ဖတ်ပီး ကျနော့ website theme ကိုလည်း ကျနောပြင်သုံးဖြစ်ပါတယ်။ အခုလည်း အရှိန်ပါပီ အကို့ plugin ကိုနည်းနည်းတော့ ပြင်သုံးဖြစ်သွားတယ်။ အကိုလုပ်ထားတာကို မကြိုက်လို့မဟုတ်ပါဘူး google apps ကနေ mywebfont.appspot တို့လုပ်ထားတာလည်း ကြိုက်ပါတယ်၊ ဒါပေသိ ကျနော်သုံးနေတဲ့ freehostingcloud မှာပဲ font ကို host လုပ်ပီး သုံးကြည့်ချင်တာနဲ့ အဲ့ဒါလေး ပြောင်းရေးကြည့်တယ်အကို၊ ခွင့်တောင်းတာပါ၊ လုပ်တော့ လုပ်ပီးနေပီရယ် :) နောက် အကို့ plugins ထဲမှာလည်းပါပါတယ်၊ jquery.min.js အဲ့ကောင်က website တစ်ခုမှာ ဘယ်နှစ်နေရာလောက် သုံးသင့်လည်းအကို၊ ajax မို့ ဆိုဒ်အတွက် အသုံးဝင်တာတော့ သိတယ်၊ အဲ့ဒါနဲ့ google မှာ ထပ်ရှာကြည့်တော့ jquery-1.6.2.min_.js ဆိုပြီးတွေ့တာနဲ့ js host တင်ပီး ထည့်သုံးဖြစ်တယ်၊ နေ့လည်က hosting cpanal ထဲ ဝင်ကြည့်တော့ /html/wp-includes/js/jquery/jquery.js ဆိုပြီး တွေ့တာနဲ့ ဖတ်ကြည့်တော့ အကို့ plugins ထဲမှာ ပါတဲ့ jquery.min.js အတိုင်းတူနေတယ်၊ wordpress software ထဲမှာလည်းပါတာထင်တယ်၊ အဲ့ဒါနဲ့ အကုန်တူသွားအောင်လို့ဆိုပြီး jquery-1.6.2.min_.js ထဲက code တွေ အကုန်လိုက်ထည့်ပစ်လိုက်တယ်၊ အဲ့ဖိုင်က နေရာ ၃ခုမှာ ရှိနေသလိုဖြစ်နေတယ်၊ အဲ့ဒါ ဖြုတ်လည်း မပစ်ချင်ဘူး၊ ဒီအတိုင်း ထားလို့ရလား ကောင်းမလားဆိုတာ အကို့အမြင်ကိုသိချင်လို့ပါ။ ဘာမှ မထူးဘူး၊ အကျိုးမရှိဘူးဆိုရင် အကို့ plugin ထဲက jquery.min.js နဲ့ /html/wp-includes/js/jquery/jquery.js မှာ ရှိနေပီးသား ၂ ခုကိုပဲ ထားလိုက်ပီး ကျနော့ဘာသာ ထပ်ထည့်ထားတဲ့ jquery-1.6.2.min_.js ကိုဖြုတ်ပစ်ရမှာမို့ပါ။ ထားလို့ရတယ်ဆိုရင်လည်း ထားချင်ပါတယ်၊

    1. jquery.min.js is not require for wordpress 3.1 or later. jQuery is already included in wordpress. You can change your code as you like for your website.

  8. How to use this addon in drupal site?
    Can you explain me please?
    I want to change from joomla to drupal and want to use Unicode too.

    Thanks in advance.

    1. Drupal အတွက် http://www.myanmarlanguage.org/d/d.php?f=mmuniwebfont.zip ကို သုံးရင် ရပါလိမ့်မယ်။

      ပုံမှန် သုံးချင်ရင်တော့ template က မတိုင်ခင်မှာ mywebfont.appspot.com မှာ ပြထားတဲ့ link လေး ထည့်လိုက်ရုံပါပဲ။

  9. firefox version အဟောင်း Firefox/3.0.10 တို့ မှာ unicode support မလုပ်ဘူးထင်တယ်
    အင်တာနက်ဆိုင်တစ်ခုမှာ Firefox/3.0.10 ကိုသုံးထားတာ ကျနော့တို့ unicode ဆိုဒ်တွေ ဖတ်မရဘူး အကို ..

  10. ကိုစေတန်
    ipad မှာ Myanmar3 Font များ မှန်မှန် ကန်ကန် မ မြင်ရလို့ပါ
    masterpieceunisans-mac.ttf လဲထည့်ထားပါတယ် ။ Masterpiece Uni San ကို svg format နဲ့ font-family ထဲမှာထည့်ထားပါသေးတယ်
    font-family ကိုလည်း font-family:”Masterpiece Uni Sans”,Myanmar3; ဆိုပြီးထည့်ထားပါတယ်
    ရရစ် ၊ သဝေထိုး စတဲ့ စာလုံး မှလွဲ ၍ ကျန်တာ အားလုံး မှန်နေပါပြီ..အဲဒါ စာလုံး အားလုံး မှန်ကန်ဖို့ မေးချင်လို့ပါ။
    Progarm Theme ကိုတော့ Mobile Theme ပြီး Joomla 1.5 နဲ့ရေးထားပါတယ်..
    အဲဒါ စာလုံးပေါင်းများ မှန်စေရန်အတွက် နည်းလမ်းလေးရှိရင် ပြောပြပေးပါနော်..

    1. Masterpiece Uni San for mac. It can’t show in windows. What is your website ? let me check your css.

  11. ကိုစေတန် ခင်ဗျာ၊ ကျွန်တော့်မှာ အစ်ကိုရဲ့ mmunicode embed ကို သုံးထားပါတယ်၊ နောက်ပြီး comment အတွက်ကို jetpack comment ကို သုံးထားပါတယ်၊ အဲဒီမှာ comment ကို ဇော်ဂျီနဲ့ ရေးပြီး တင်ရင်၊ ယူနီကုဒ်ကို ပြောင်းမပေးပါဘူး၊ ဒီပြဿနာကို ဘယ်လို ဖြေရှင်းရပါမည်လဲ၊ ကျေးဇူးပြုပြီး အားတဲ့အခါ ဖြေပေးပါ ခင်ဗျာ။

    1. New version has been updated. Please update your plugin in version 1.5 . It will be working fine.

      1. ဟုတ်ကဲ့ ခင်ဗျာ၊ update လုပ်လိုက်မှ ဘာ comment မှ ရေးလို့ မရတော့ဘူး၊ ဖြစ်နေပါတယ်၊ ဒါနဲ့ 1.4 ကို ပြန်ပြောင်းထည့်ပြီး သုံးကြည့်တော့ ဇော်ဂျီကနေ ယူနီကုဒ် မပြောင်းပေမယ့် comment လို့တော့ ရနေပါတယ်။ အခု 1.5 ကို သုံးထားလို့ ဒီလို error ပြနေပါတယ် ခင်ဗျာ၊ ကျွန်တော် ဘာဆက်လုပ် သင့်ပါသလဲ၊ အားတဲ့အခါ ကျေးဇူးပြုပြီး ဖြေပေးပါဦး ခင်ဗျာ

        1. oh! didn’t download all the files :( I will submit again

        2. version 1.6.1 ကိုပွောငျးသုံးလိုကျပါ။

  12. အဲ error ပုံစံ ပြောဖို့ မေ့ကျန်ခဲ့လို့ပါ၊
    Warning: require_once(zawgyi2unicode.php) [function.require-once]: failed to open stream: No such file or directory in /home/pusker/public_html/nnyiminkha.net/wp-content/plugins/mmunicode-embed/uniembed.php on line 63

    Fatal error: require_once() [function.require]: Failed opening required
    ဒီလို ပြနေပါတယ် အစ်ကို၊ ကျွန်တော် ဘာဆက်လုပ်ရမလဲ မသိလို့ပါ ခင်ဗျာ။

    1. I submitted version 1.6.1 and it should be OK.

      1. ဟုတ် ရသွားပါပြီ အစ်ကို၊ ဒီအတွက် ထပ်ပြီး ကျေးဇူးတင်ရပါတယ် ခင်ဗျာ။

  13. အစ်ကိုရေ ပြဿနာ နည်းနည်း ရှိနေသေးတယ်ဗျ၊ comment ရေးလိုက်ရင် ဒီအောက်ကလို ပေါ်လာတယ်၊ ပြီးရင် တခြားတစ်ယောက် အနေနဲ့ ရေးရင် ရေးပြီးလို့ တင်လည်း တင်လိုက်ရော ဘာမှ မပေါ်တော့ပါဘူး။

    Warning: Cannot modify header information – headers already sent by (output started at………../nnyiminkha.net/wp-content/plugins/mmunicode-embed/zawgyi2unicode.php:1) in ……/nnyiminkha.net/wp-content/plugins/jetpack/modules/subscriptions.php on line 525

    ဘာဆက် လုပ်သင့်ပါသလဲ ခင်ဗျာ။

  14. The plugin generated 3 characters of unexpected output during activation. If you notice “headers already sent” messages, problems with syndication feeds or other issues, try deactivating or removing this plugin.
    အစ်ကိုရေ အစ်ကို့ plug in 1.6.2 ကို activate လုပ်လိုက်တော့ ဒီလို စာကြောင်း ပေါ်လာပါတယ် ခင်ဗျာ၊ comment လို့ မရတော့သလို၊ ဇော်ဂျီကနေ ယူနီကုတ်ကိုလည်း ပြောင်းမပေးတော့ပါဘူး၊ ဆိုက်တစ်ခုလုံး error ဖြစ်သွားလို့၊ အစ်ကို့ plug in ကို deactivate လုပ်လိုက်ရသေးတယ်။ အခု 1.6.2 ကိုပဲ ထည့်ထားပါတယ် အစ်ကို၊ ပြဿနာကို အားရင် နည်းနည်းလောက် ရှင်းပေးပါဦး။

  15. ကျွန်တော့် css မှာ font-family:’Masterpiece Uni Sans’,Myanmar3,Yunghkio,arial,helvetica,sans-serif; ဒီလို ထည့်ထားပြီး header မှာ
    ဒီလို ထည့်ထားပါတယ်၊ အစ်ကို ဒါတွေ ဖြုတ်ပြီး စမ်းတော့လည်း မနေ့ကလို error ပဲ ပြပါတယ်၊ အစမ်း တင်ထားတဲ့ comment ကို ပြန်ဖျက်ရင်တောင် ဆိုက်က error ဖြစ်သွားပါတယ်။ အခု ကျွန်တော် 1.6.2 ကိုပဲ ထည့်ထားပါတယ်။

    1. It’s working on my site.

      First remove the plugin and reinstall again.

      I will test on other site and I will let you know.

      1. အစ်ကိုရေ မနေ့က ကတည်းက ပြန်ရေးမလို့ပဲဗျ၊ ဒါပေမယ့် ကျွန်တော့်ဆိုက်က အစ်ကို့ plug in 1.6.2 ကို မဖြုတ်ပဲ ထွက်လိုက်တာ၊ ဘယ်လိုမှ ပြန်ဝင်လို့ မရတော့ဘူး ဖြစ်နေလို့။ အရေးထဲ ftp ကလည်း ဝင်လို့ မရဘူး ဖြစ်နေပါတယ်။ အစ်ကို တခြားဆိုက်မှာ စမ်းလို့ ဘယ်လိုနေလဲဆိုတာ ပြန်ပြောပြပေးပါနော်။

        1. Sorry for problem you a lot. It was working fine on my website hover problem at other site. So, I fixed and updated it. Let me know , is it working fine or not yet .

  16. အစ်ကို ခင်ဗျာ၊ ကျွန်တော် တမင်တကာ ပြန်မပြောပဲ နေတာ မဟုတ်ပါဘူး၊ ftp ပြဿနာကနေ ဒိုမိုန်း ပြောင်းတဲ့အထိ နည်းနည်း ကြာနေလို့ပါ၊ ပြီးရင် သုံးကြည့်ပြီး ပြန်ပြောပါမယ် ခင်ဗျာ။

  17. အစ်ကိုရေ … jetpack ကို deactivate လုပ်ထားရင် ဒီလိုပေါ်ပါတယ်၊
    Warning: Cannot modify header information – headers already sent by (output started at /home/…/…./nnyiminkha.net/wp-content/plugins/mmunicode-embed/zawgyi2unicode.php:1) in /home/…/public_html/nnyiminkha.net/wp-includes/pluggable.php on line 875

    နောက်ပြီး jetpack ကို activate လုပ်ထားရင်တော့ ဒီလိုပေါ်ပါတယ်၊
    Warning: Cannot modify header information – headers already sent by (output started at /home/…/public_html/nnyiminkha.net/wp-content/plugins/mmunicode-embed/zawgyi2unicode.php:1) in /home/…/public_html/nnyiminkha.net/wp-content/plugins/jetpack/modules/subscriptions.php on line 526

    Warning: Cannot modify header information – headers already sent by (output started at /home/…/public_html/nnyiminkha.net/wp-content/plugins/mmunicode-embed/zawgyi2unicode.php:1) in /home/…/public_html/nnyiminkha.net/wp-content/plugins/jetpack/modules/subscriptions.php on line 531

    Warning: Cannot modify header information – headers already sent by (output started at /home/…/public_html/nnyiminkha.net/wp-content/plugins/mmunicode-embed/zawgyi2unicode.php:1) in /home/…/public_html/nnyiminkha.net/wp-includes/pluggable.php on line 875
    အစ်ကို့ plug in က 1.6.4 ပါ။

    1. Look like your php.ini enable the Warning. I removed the class that cause error in version 1.6.5 . If you don’t mind , can you test again ?

      1. အစ်ကိုရေ 1.6.5 နဲ့ Jetpack နဲ့ အားလုံး အဆင်ပြေသွားပါ ခင်ဗျာ၊ ကျွန်တော် http://blog.saturngod.net/news/update-mmunicode-embed မှာ သွား ပြောထားသေးတယ်၊ approve လုပ်တာ မတွေ့လို့၊ ဒီမှာ လာပြီး ကျေးဇူးတင်ကြောင်း ထပ်ပြောပါတယ် ခင်ဗျာ။

Leave a Reply to saturngodCancel reply

This site uses Akismet to reduce spam. Learn how your comment data is processed.