Nookcolor Major Update

အခုပဲ Nookcolor က major update 1.2 version ထွက်ပြီဆိုတာနဲ့ download ချပြီး စမ်းကြည့်လိုက်တယ်။ စက်ကနေ အနားမှာ ရှိနေတာနဲ့ သွင်းပြီး စမ်းကြည့်လိုက်တယ်။ အရင် version တုန်းက အားသွင်းထားတဲ့ အချိန်မှာ စာဖတ်မရဘူး။ စာတွေ ရိုက်မရဘူး။ ဒါကြောင့် တနေ့ ၇ နာရီပဲ စာဖတ်လို့ ရတယ်။ အားသွင်းထားချိန်ဆိုရင် ပစ်ထားပေတော့ပဲ။ အခုတော့ အားသွင်းထားရင်း စာဖတ် ၊ စာရိုက်လို့ ရသွားပြီ။ Android 2.2 ကို အသုံးပြုထားတော့ Flash တွေပါကြည့်လို့ရသွားတယ်။ Youtube website တွေကိုလည်း လွယ်လင့်တကူ ကြည့်လို့ရသွားပြီ။ နောက်ထပ် ထူးခြားမှု တစ်ခုက Email App ကို built in ပါဝင်လာတဲ့ အတွက် အရင်ကလို gmail စစ်ချင်ရင် website သွားဖွင့် စရာမလိုပဲ app ကနေ တဆင့် စစ်လို့ရတယ်။ App store ပါဝင်လာပေမယ့် Android မှာ free ရတဲ့ Angry Bird က $2.99 ပေးရလိမ့်မယ်။ pulse ကတော့ free ရတဲ့အတွက် မဆိုးဘူးဆိုရမယ်။


အရင်က Nookcolor က အားသွင်းထားပြီး စာဖတ်တာကလွဲပြီး ဘာမှ ထွေထွေ ထူးထူး သုံးစားလို့မရဘူး။ အခုတော့ Tablet တစ်လုံး နီးပါး အသုံးပြုလို့ရနေပြီ။ သူ့ရဲ့ App store မှာက application ပေါင်း ၁၉၀ ကျော်ပဲ ရှိသေးတဲ့အတွက် အထင်ကြီးစရာမရှိလှဘူး။ နာမည်ကြီး App ဆိုလို့ Pulse နဲ့ Angry Birds , Fligh Control ပဲ ရှိတယ်။ ဒါတောင် Android မှာ Free ရတဲ့ Angry Birds က free မဟုတ်ဘူး။

Nook Color ပိုင်ရှင်များ Software Update အမြန်ရယူပြီး ebook reader ကို tablet အနေနဲ့ ပြောင်းလဲ အသုံးပြုနိုင်ပါပြီ။ ဒီ website ကို သွား။ download ချ။ ပြီးရင် nook color ကို computer နဲ့ ချိတ်။ download ချထားတဲ့ zip file ကို paste လုပ်ပြီး ထည့်။ usb connect ကို ပြန်ဖြုတ်။ ခဏ နေရင် nook က အလိုလို update လုပ်သွားပါလိမ့်မယ်ဗျာ။

9 Comments

  1. Jia_Li says:

    ဗြဲ … နဂိုတည်းကလိုချင်နေတာ … ခုရောဂါအခြေနေပိုဆိုးသွားပြီ …

  2. MHK99 says:

    တခုသိချင်လို့ပါ။ မြန်မာ ebook Pdf ဘတ်လို့ရမလား၊ Sony 505 သုံးတာကြာပါပြီ။ မြန်မာ ebook Pdfဘတ်ချင်ရင် Landscape မှာမှရတယ်။ တချို့ရကိုမရဘူး။ Nook ကကောင်းမလား- Kindle 3 ကကောင်းမလားစဉ်းစားနေတာ။ Kindle 3 ဈေးထပ်လျော့ထားတယ်။

    1. saturngod says:

      for reading myanmar ebok, use nook color. Kindle 3 is very hard to read pdf.

      1. thura soe says:

        can i see myanmar font without rooting ..?

        1. saturngod says:

          epub book can but other can’t

  3. MHK99 says:

    ဘတ်ကည့်ပြီပလား? ဘယ်စာအုပ်သွင်းပါသလဲ?
    နောက်တခုကEkaya keyboard သွင်းထားပါတယ်၊ ဒီ commentနေရာမှာ ကောင်းကောင်းမပေါ်ပါ၊ Blog ရောက်သွားတော့မှန်သွားပြန်ရော။ ဘာဖြစ်လို့ပါလိမ့်။

    1. saturngod says:

      because comment box is not force unicode. I need to add font family for comment box.

  4. Gadone says:

    Hello Ko Saturn.
    I’d like to ask about Nook Colour.
    Can I Play mkv format movies in Nook Colour?
    Thanks.

    1. saturngod says:

      Sorry, you can’t play mkv on Nook Color.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.