Open Web Tools Directory

Mozilla Labs ကနေ အသစ်လွှင့်တင်လိုက်တဲ့ site လေးပါ။ ကျွန်တော်တို့ Web Developer အနေနဲ့များပြားလှတဲ့ Library တွေကြားမှာ ဘာပိုကောင်းလဲ ဘာက ကိုယ့်အတွက် သင့်တော်မလဲစတာတွေကို ရွေးချယ်ရတာ တော်တော်လေး အာရုံစားပါတယ်။ အခု Mozilla က အကုန်လုံးကို တနေရာတည်းမှာ စုစည်းထားပေးတယ်။ search လုပ်လို့လည်းရတယ်။ ဥပမာ javascript လို့ ရိုက်လိုက်ရင် jquery,mootools, YUI (ကျွန်တော်သိတာ အဲဒီ ၃ ခုတည်း) အပြင် အခြား Library တွေပါ ထွက်လာတယ်။ တစ်ခုခြင်းဆီရဲ့ အကြောင်းကိုလည်း ရှင်းပြပေးထားတယ်။ နောက်ပြီး အဲဒီ site မှာ သုံးထားတဲ့ Javascript ကလည်း အတော်လေး လန်းတာကို တွေ့ရတယ်။ ကျွန်တော်ပြောနေတာ ကြာပါတယ်။ web developer တစ်ယောက်မဟုတ်ရင်တောင် ဗဟုသုတအဖြစ် ခဏလောက်တော့ သွားကြည့်သင့်တဲ့ site လေးတစ်ခုပါ။

http://tools.mozilla.com/

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.