Pivotal Tracker

မနေ့ကတော့ ကျွန်တော် SCRUM အကြောင်းပြောသွားပါတယ်။ SCRUM အတွက် Web Base Project Management Tool တွေ ရှိပါတယ်။ အချို့တွေက Agile Buddy ကို သဘောကျပေမယ့် သူက Free မဟုတ်ပါဘူး။ SCRUM Tool တွေနဲ့ ပတ်သက်ပြီး Stackover flow မှာ ဆွေးနွေးထားတာလေးတွေ လည်းရှိပါတယ်။ အချို့တွေက Basecamp ကို အသုံးပြုကြပါတယ်။ ကျွန်တော်ကတော့ သဘောအကျဆုံးက Manual နည်းပါပဲ။ Manual ဆိုတာ ကျွန်တော်ပြီးခဲ့တဲ့ Post တုန်းက Stand-up Meeting မှာ ပြသွားတဲ့ နည်းလေးပါပဲ။ Stackover Flow မှာ လူသဘောအကျဆုံး Answer ကလည်း ထိုနည်းအတိုင်းပါပဲ။

  • note cards
  • whiteboards
  • big visible charts
  • excel (if needed for tracking)

ပုံမှန် အဓိက Project တစ်ခုလုပ်ဖို့ အရင်ဆုံး Todo list လုပ်မယ်။ ပြီးရင် Priority တွေ ခွဲထုတ်မယ်။ လက်ရှိလုပ်နေတာ။ ပြီးသွားတာတွေ။ နောက်ပြီး စစ်ဖို့လိုသေးတာတွေ စတာတွေကို ခွဲထားမယ်။ တနည်းပြောရင် Tracking အတွက် အသုံးပြုမယ်ဆိုရင်တော့ Pivotal Tracker က အဆင်ပြေဆုံး နဲ့ အလွယ်ဆုံးပဲ။ သူက Free ဖြစ်ပြီး သုံးရတာလည်း အရမ်းလွယ်တယ်။ လက်ရှိ MZ 2.0 ကိုလည်း Pivotal Tracker နဲ့ပဲ Track လိုက်နေတာ။ Todo List မလုပ်ထားရင် ဘာတွေပြီးသွားပြီ ၊ဘာတွေ လိုသေးတယ်ဆိုတာကို သိဖို့က ခက်တာကြောင့် Excel ထဲမှာဖြစ်ဖြစ် Google Docs မှာ ဖြစ်ဖြစ် To do list tracking လေးလုပ်ထားတာ တော်တော်ကောင်းတယ်။ အဲဒါကလည်း စနေနေ့က SCURM အကြောင်းပြောပြီး ရုံးကလူတွေကို Group ခွဲပြီး လက်တွေ့ လုပ်ရတယ်။ ၄၅ မိနစ် project ပေါ့။ ၄၅ မိနစ်မှာ ၁၀ မိနစ် တစ်ခါလောက် Client နဲ့တွေ့ လက်ရှိ ဘာတွေလုပ်နေလဲ Client က ဘာတွေလိုချင်လဲ နောက်ပြီး Development ပိုင်းကို ဘယ်လိုလုပ်မယ်။ စတာတွေကို SCRUM Video တွေ ထဲက အတိုင်း လက်တွေ့ လုပ်ဆောင်ရတာပါ။ ဒါကြောင့်လည်း Todo List အရေးပါပုံ။ Burn Down Chart အရေးပါပုံတွေကို သိခဲ့ရတယ်။

Pivotal Tracker ကတော့ Feature တွေ အများကြီး မပါဝင်ပါဘူး။ အရင်ဆုံး Story တွေကို ဖန်တီးတယ်။ ပြီးရင် အရေးကြီးတာကို Point များများ ပေးတယ်။ အရေးမကြီးတာကို Point 0 ပေးလိုက်တယ်။ လက်ရှိ လုပ်နေတာကို Start လုပ်လိုက်တယ်။ ပြီးရင် Finish လုပ်တယ်။ UAT စစ်ပြီးရင် Deliver လုပ်တယ်။ အဲဒါဆိုရင် Task တစ်ခုပြီးသွားရင်။ လက်ရှိ မလုပ်ရသေးတာတွေကို Block Log ထဲမှာ ထည့်ထားတယ်။ မလိုအပ်သေးတဲ့ဟာတွေကို Ice Box ထဲမှာ ထည့်ထားတယ်။ နောက်ပိုင်းမှ ထပ်ဖြည့်မယ့် အရာတွေပေါ့။ ဒီလောက်ပဲ ပါပါတယ်။ ဒါပေမယ့် သုံးရတာ တော်တော် အဆင်ပြေတယ်။ Project အကြီးကြီးတော့ မသိဘူး MZ 2.0 အတွက်တော့ တော်တော်အဆင်ပြေတာအမှန်ပဲ။ အောက်မှာ လက်ရှိ MZ 2.0 ရဲ့ အခြေအနေကို ကြည့်လို့ရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.