Rabbit And Chicken Count

ကျွန်တော်တို့ COMQUAS ရုံးမှာ programming ပွဲမှာ မေးခဲ့သည့် ပုစ္ဆာ တစ်ခုပါ။ ယုန် နှင့် ကြက် စုစုပေါင်း ခေါင်း ၃၅ ခေါင်း နှင့် ခြေ ၉၄ ချောင်း ရှိတယ်။ ယုန် ဘယ်နှစ်ကောင်လဲ။ ကြက် ဘယ်နှစ်ကောင်လဲ။ နောက်ပြီး error handling ပါ ထည့်သွင်းဖို့ လိုပါတယ်။

code မရေးခင်မှာ equation တွက် ဖို့ လိုပါတယ်။

A = Chicken
B = Rabbit

A + B = Head
2A + 4B = Foot

2A + 4B = Foot
2A + 2B = 2Head

2B = Foot - 2Head
B = (Foot - 2Head)/2

4A + 4B = 4Head
2A + 4B = Foot

2A = 4Head - Foot
A = (4Head - Foot)/2

ဒါဆိုရင်တော့ ယုန် ဘယ်နှစ်ကောင် ကြက် ဘယ်နှစ် ကောင် အတွက် equation ထွက်လာပါပြီ။

Error handling အတွက် result က အနှုတ် ဖြစ်လို့ မရပါဘူး။ နောက်ပြီးတော့ စားသည့် အခါမှာ အကြွင်း သုည ဖြစ်ဖို့ လိုပါတယ်။

Code ကို ကျွန်တော် javascript နဲ့ ရေးပြပါမယ်။

var foot = 94
var head = 35

rabbit = (foot - 2 * head)/2
rabbit_mod = (foot - 2 * head)%2

chicken = (4 * head - foot)/2
chicken_mod = (4 * head - foot)%2

if (chicken < 0 || rabbit < 0 || chicken_mod != 0 || rabbit_mod != 0) {

    console.log("ERROR")
}
else {
    console.log("CHICKEN " ,chicken)
    console.log("RABBIT ",rabbit)
}

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.