ဒီနေ့ ညနေ ၆ နာရီလောက်ကတည်းက webservice ကို SOAP နဲ့ စမ်းနေတာ။ ရကိုမရနိုင်ဘူးဖြစ်နေတယ်။ SOAP အတွက် wsdl ကို ကိုယ်တိုင်မရေးချင်တာနဲ့ generate လုပ်ပေးတဲ့ NuSOAP ကိုသုံးလိုက်တယ်။ နောက်ပြီးတော့ local မှာ စမ်းတာ လုံးဝကို မရဘူး။ error ကြီးပဲတက် တက်နေတယ်။ နောက်တော့ မသင်္ကာတာနဲ့ပဲ browser ပေါ်တင်လိုက်တော့ အရမ်းကို အဆင်ပြေသွားတယ်ဗျ။ localhost မှာ SOAP ကို သွားဖတ်လို့မရဘူးဖြစ်နေတယ်။ ဖြစ်နိုင်တာက php.ini မှာ တစ်ခုခုပြင်ဖို့ လိုနေတာလားမသိဘူး။ ညနေ တစ်ခုလုံး မူးနောက်သွားတာ။ နောက်ဆုံးတော့ localhost ဖြစ်နေလို့ ဖြစ်နေတယ်။ ဘာပဲ ပြောပြော web service လေးတစ်ခုတော့ ဖန်တီးနိုင်သွားပြီ။ webservice ကို server ပေါ်တင်ပြီး စမ်းရင်ကောင်းမလား မကောင်းဘူးလား စဉ်းစားနေတုန်း။ လူသုံးများတယ်ဆိုရင်တော့ ကျွန်တော့် personal hosting လေးက နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ornagai မှာ စမ်းမလို့ စတင်စဉ်းစားနေပါတယ်ဗျာ။

One response to “SOAP & me”

  1. ကျွန်တော်ကတော့ webservice တွေကို win32 app client ကနေ ဘယ်လိုယူသုံးရမလဲဆိုတာကို စမ်းနေတာပါ… managed c++ ဒါမှမဟုတ် atl lib သုံးတဲ့ project ဆိုရင်တော့ visual studio ကနေ add web reference ဆိုပြီးလုပ်လိုက်ရင် ရတယ်.. wsdl က web method တွေကို ခေါ်သုံးလို့ရတဲ့ c++ wrapper function တွေ auto generate လုပ်ပေးတယ်.. ဒါပေမယ့် unmanaged c++ project နဲ့ ဘာ library မှမသုံးရင်တော့ အဲဒီ wrapper function တွေက auto generate လုပ်လို့မရဘူး ဖြစ်နေတယ်… လောလောဆယ်တော့ ဒီကတွေ့တဲ့ class လေး inherit လုပ်ပြီး ကိုယ့်ဟာကို wrapper function တွေရေးနေရတယ်.. http://www.codeproject.com/KB/webservices/SoapClient_CPP.aspx အဲလို c++ app မျိုးတွေအတွက် NuSOAP လို generate လုပ်ပေးတာလေး ရှိရင်မိုက်မယ်ဗျာ.. :)

    Thanks

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading