ကျွန်တော် ပြီးခဲ့တဲ့ post က လုပ်ခဲ့သလို လုပ်ထားတာကတော့ taggify အကူအညီနဲ့ပါ။ သူက ဘာတွေ လုပ်ပေးလဲဆိုတော့ ကိုယ့် website မှာ ပုံတွေပါခဲ့ရင် အဲဒီ ပုံလေးတွေကို တစ်ခါတည်း ပြုပြင်သွားပေးပါတယ်။ သူ့ site မှာ သွားပြင်စရာမလိုပဲ ကိုယ့် site မှာ ပြင်လိုက်ရုံပဲပေါ့။
taggify ကိုသုံးမယ်ဆိုရင် လုပ်ရမယ့်အဆင့်တွေက
၁. www.taggify.net တွင် Register လုပ်ပါ။
၂. အဲဒီမှာ ကိုယ့်စိတ်ကြိုက် အရောင်လေးတွေ ရွေးလိုက်။ ပြီးရင် Generate လုပ်လိုက်ရင် HTML code လေးရမယ်။
၃. အဲဒီ code လေးကို wordpress မှာဆိုရင်တော့ Desgin အောက်က Theme Editor ကိုသွားပါ။
၄. Main Index Template (index.php) မှာ အောက်ဆုံးနားက <?php get_sidebar(); ?> အပေါ်မှာ ရလာတဲ့ code လေးကို copy ကူးပြီး paste လုပ်လိုက်ပါ။
၅. Taggify Editor bookmarklet အခု taggify editor bookmarklet ဆိုတဲ့ link လေးကို right click နှိပ်။ Firefox မှာဆိုရင်တော့ bookmark this link ပေါ့။ IE မှာဆိုရင်တော့ Add To favourit နဲ့တူတယ်။ ကိုယ့်ရဲ့ bookmark ထဲမှာ ထည့်ခိုင်းတာပါ။
၆. ပြီးရင် ကိုယ့် site ကိုသွား။ bookmark ကနေ ခုနကလုပ်ထားတဲ့ book mark လေးကို ပြန်ခေါ်။ ဒါဆိုရင် box လေးတက်လာမယ်။ taggify.net မှာ လုပ်ထားတဲ့ user name နဲ့ pwd နဲ့ login ဝင်လိုက်ပါ။
၇. ကိုယ့် စိတ်ကြိုက် picture ကို ရွေးပြီး darge ဆွဲလိုက်။ လေးထောင့်လေးတက်လာမယ်။ ပြီးရင် စာရိုက်ဖို့တွေ ပါလာလိမ့်မယ်။
၈. ပြီးရင် save သွင်းလိုက်ရုံပါပဲ။
Leave a Reply