Text Mate 2 on github

မနေ့က textmate 2 ကို github ပေါ်မှာ တွေ့တာနဲ့ တစ်ခါတည်း build လုပ်ပြီး သုံးကြည့်လိုက်တယ်။ ပုံမှန်အားဖြင့် Text Mate ကို $60 လောက်ပေးရပါတယ်။ အခုအချိန်မှာ Text Mate ရဲ့ ပြိုင်ဖက်တွေ ဖြစ်တဲ့ Sublime Text 2, Chocolate စတာတွေက Text Mate နဲ့ အပြိုင် ဖြစ်လာပါတယ်။ Sublime Text 2 ဆိုရင် Free ရပြီးတော့ Linux , Windows, Mac platform တွေ မှာသုံးလို့ရပါတယ်။

အစက Sublime Text 2 ကို ဝယ်မလို့ စဉ်းစားထားပေမယ့် Text Mate 2 ထွက်မယ်ဆိုလို့ စောင့်နေပါတယ်။ အခုတော့ open source အနေနဲ့ ထွက်လာပါပြီ။

Text Mate 2 ကို ကိုယ့်ဘာသာ ကိုယ် build လုပ်မယ်ဆိုရင်

ပြင်ဆင်ခြင်း

1. Clone the repo

git ကို အရင် သွင်းထားဖို့ လိုပါတယ်။

git clone https://github.com/textmate/textmate.git
cd textmate
git submodule update –init

2. Install hg

hg ကိုတော့ http://mercurial.berkwood.com/ ကနေ သွင်းထားနိုင်ပါတယ်။

3. Install Home Brew

You can check on http://mxcl.github.com/homebrew/

အခု Text Mate ကို စပြီးသွင်းပါတော့မယ်။

In terminal
$ brew install ragel boost multimarkdown hg ninja

For OS X 10.7 (Lion)

$ brew install proctools

$ brew install –HEAD llvm –with-clang

Build Target

If you want to build all

./configure && ninja

If you want to build only TextMate.app

./configure && ninja TextMate

file ကို ~/build/TextMate/Application/ မှာ ရနိုင်ပါတယ်။

System Preference > Security & Privacy > Allow > Anywhere ဆိုတာလေး ကို on ထားပေးမှ .app ကို ဖွင့်လို့ရမှာပါ။

ကျွန်တော် build လုပ်ထားတဲ့ file ကို http://minus.com/lbuNgI8uUsySwj မှာ ရနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading