Unicode ဘယ်လိုသုံး

Unicode မြင်ဖို့ကတော့ Font ရှိဖို့ပဲလိုပါတယ်။ Font ရှိရင် မြင်ရပြီ။ ဒါဆိုရင် ဘာ ဖောင့်တွေ ရှိသလဲ ဆိုတာ ကြည့်ရအောင်။

စာဖတ်ဖို့

လက်ရှိ Unicode Font တွေကတော့ ဒီမှာ သွားဖတ်လိုက်ပါ။

ကျွန်တော့် blog sidebar မှာလည်း Font Link ထည့်ထားပေးပါတယ်။

Mac အတွက်ကတော့ ရှင်းတယ်။ ဒီ package ကို Install လုပ်လိုက်ရင်ရပါပြီ။ သို့ပေမယ့် OS X 10.6 တော့ လိုတယ်။ Font ပဲ လိုချင်တယ်ဆိုရင်တော့ ဒါကို download ချလိုက်ပါ။

စာရိုက်ဖို့

Keyboard ကတော့ ဒီမှာ ဖတ်လိုက်ပါ။ ပြဿနာ တစ်ခုကတော့ အဲဒါ သွင်းလိုက်ရင် လက်ရှိ ဇော်ဂျီ keyboard သုံးမရတာပဲ။ NHM writer အတွက် keyboard ကတော့ လက်ရှိ zawgyi keyboard နဲ့ တူအောင် ကိုရာဗီ ပြန်ရေးထားတာပါ။ ဒါမှမဟုတ် အက္ခရာ keyboard ကို သုံးပါ။ ရိုက်ရတာကတော့ ဇော်ဂျီနဲ့ မတူဘူး။ သူ့ကို သုံးမယ်ဆိုရင်တော့ 64 bit လား 32 bit လား ဆိုတာ သိဖို့တော့လိုပါတယ်။

Mac အတွက်ကတော့ keymagic ကို အသုံးပြုပါတယ်။ တော်တော်လည်း အဆင်ပြေပါတယ်။

အခြား

Unicode ကော ဇော်ဂျီကော မြင်ချင်ရင်တော့ Parallel Universe ကို သုံးပါ။ Chrome Extension ပါ။ ဇော်ဂျီတွေကိုပါ unicode ပြောင်းပြီး မြင်ချင်ရင်တော့ One Universe သုံးပါ။ Facebook မှာ စာလုံး မမြင်ရရင် one universe ကို ဖြစ်ဖြစ် Parallel universe ကို ဖြစ်ဖြစ် နှိပ်လိုက်ရင် မြင်ရသွားပါလိမ့်မယ်။

WordPress အတွက်ကတော့ MMUnicode Embed ကို သုံးနိုင်သလို combo box လည်းသုံးနိုင်တယ်။ MMUnicode Embed က comment ကို ကြိုက်တာနဲ့ ရိုက် unicode ပြောင်းသိမ်းပေးတယ်။ font ပဲသွင်းထားတယ်။ keyboard မရှိဘူး။ ဇော်ဂျီပဲ ရှိတယ်ဆိုလည်း ဖြစ်တယ်။ ဇော်ဂျီနဲ့သာ ရိုက်ခဲ့လိုက် သူ့အလိုလို unicode ပြောင်းပေးသွားမှာပါ။ 1.2.2 မှာတော့ jquery conflict တွေရှိသေးတယ်။ wordpress blog တွေက plugin တွေ များလာတာနဲ့ jquery library ခေါ်တာတွေလည်း အရမ်းများလာတယ်။ အဲဒီအတွက် Admin panel ရေးရအုံးမယ်။ သောကြာနေ့ ညမှပဲ ရေးပေးတော့မယ်။

ကျွန်တော် font embed javascript ကို တင်ပေးပါ့မယ်။ အဲဒီ javascript ကို သုံးလိုက်ရင် ဘာမှ ထပ်ဖြည့်စရာမလိုဘူး။ သူ့အလိုလို embed လုပ်သွားမယ်။ လက်ရှိ blogspot သုံးနေတဲ့သူတွေလည်း javascript လေး ဖြည့်လိုက်ရုံပဲ။ အဆင်မပြေတာရှိရင် ပြောပါ။

58 responses to “Unicode ဘယ်လိုသုံး”

  1. It’s me again.. sorry.. တစ်ချို့ ဟထိုးတွေ rendering နည်းနည်းလွဲနေတယ်။ ဘာလို့လဲ မသိ.. အမဘရောက်ဇာကြောင့်လား..Mac မှာ ရေးလို့လား.. မသိဘူး။ ကိုလူပျိုကြီးနဲ့ ကိုဒီဘီဘလော့ကိုတော့ ကောင်းကောင်းဖတ်လို့ရတယ်။

    1. ကျွန်တော် ရေးတဲ့ keyboard ကြောင့်ဖြစ်မယ်နဲ့တူတယ်။ order က လွဲနေတယ်။ mac မှာက Masterpiece သုံးတယ်။ ပြဿနာမရှိဘူး။ ဒါပေမယ့် ယွန်းချို နဲ့ ပြဿနာဖြစ်နေတာ။ သူ order render ပြန်ပြင်ဖို့တော့ လိုလိမ့်မယ်။

  2. ကျနော် chorme browser ကို သုံးထားပြီး google reader ထဲမှာအခုpage ကိုဖတ်တော့ ဗမာစာကို အကုန်လုံးဖတ်လို့ရတယ်။ ဒါပေမယ့် အခုဒီ home page ကို သွားဖွင့်ကြည့်တဲ့ အခါကျတော့ စာတွေက ဖတ်လို့မရဘူး ဖြစ်နေတယ်။ ကျနော် XP ကိုသုံးထားပါတယ်။ zaw gyi ကို install လုပ်ထားပါတယ်။ Myanmar3.ttf ကို ဒေါင်းလုဒ်လုပ်ပြီး ထဲ့ထားပါတယ်။ ဒါကြောင့် ကျနော် ကွန်ပြူတာဟာ Myanmar3 unicode ကို ဒေါင်းလုဒ် လုပ်ပြီး install လုပ်ဘို့လိုပါသေးသလား။ တကယ်လို့ myanmar3 unicode ထဲ့ ခဲ့ရင် zaw gyi ကို uninstall လုပ်ဘို့လိုပါသလား။ဟိုးအရင်တုန်းက မြန်မာ font တွေကို ၂ မျိုး install လုပ်ထားရင် ကီးဘုဒ် လက်ကွက်တွေမှာ ပြသနာတွေတက်ခဲ့ဘူးလို့ Myanmar1 unicode ကို uninstall လုပ်ခဲ့ ဘူးလို့ပါ။ လေးစားစွာဖြင့် ဖြေကြားပေးစေလိုပါသည်။

    1. ကျွန်တော့်ကို screenshot လေး ပြလို့ရမလား။ ကျွန်တော့်အထင်တော် ယွန်းချို font က ပြဿနာ ထင်တယ်။ ယွန်းချို font မရှိတဲ့အတွက်ကြောင့် download ချသွားတယ်။ အဲဒီ အခါ rendering မလုပ်တော့ဘူး။ ယွန်းချို font ကို sidebar မှာ ထည့်ထားတယ်။ အဲဒါလေး သွင်းပြီး ဖတ်လိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ RSS မှာက font embed မပါတဲ့အတွက်ကြောင့် Myanmar3 နဲ့ ဖတ်လို့ရပေမယ့် ကျွန်တော်က ယွန်းချိုကို priority ဒုတိယ ပေးထားလို့ပါ။ ကျွန်တော် ပြန်ပြင်လိုက်ပါ့မယ်။

    2. ပြသနာကတော့ ယွန်းချို font မရှိလို့ပါ။ ယွန်းချို font ကို sidebar ကနေ သွင်းလိုက်ရင် ရပါတယ်။

      1. ယွန်းချိုfont ကို ကျနော်ထဲ့ လိုက်ပြီး စက်ကို restart ပြန်လုပ်ပေးလိုက်တော့ ဖတ်လို့ရသွားပါပြီ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။
        နောက်တစ်ခုကျနော်သိချင်တာက Myanmar3 unicode ကို install လုပ်ရင် zaw gyi unicode ကို uninstall လုပ်ဘို့လိုပါသလားခင်ဗျား၊ zaw gyi ကို uninstall လုပ်ဘို့လိုမယ်ဆိုရင် zaw gyi font ကို ချန်ပြီး uninstall လုပ်ပေးရမယ်လို့ထင်ပါတယ်။
        ဟိုးအရင် Myanmar3 unicode ထဲ့ ပြီးတော့ စာရိုက်တော့ သဝေထိုးတွေက automatic ပေါင်းပြီးပါနေတော့ ကိုယ်လိုချင်တာကိုရိုက်လို့မရတာဖြစ်ခဲ့ဘူးပါတယ်။ ဒါကြောင့် အခု Myanmar3 unicode version အသစ်မှာ အဲဒီပြသနာဖြစ်မှာကို စိုးရိမ်မိတယ်။

        1. နောက်ကိုစေတန်ရဲ့ email လေးကျနော့်ဆီပေး လို့ရမလား။ ကျနော် print screen လုပ်ထားတာ လေးပို့ပေးချင်လို့ပါ။
          အခု စာတွေကို မြင်ရတယ်ဆိုပေမယ့် ရာခိုင်နှုန်းပြည့် ကောင်းအောင်မြင်ရတာတော့မဟုတ်ဘူး။ အဲဒါကိုလည်း print screen လုပ်ပေးပြီး ပို့ပေးချင်ပါတယ်။ ဥပမာ …” လေ့လာ” ဆိုတဲ့ စာလုံးဆိုရင် ” လေ” ဆိုပြီးတော့ အောက့်ကမြင့်က … သုညအောက်ကမြင့် ဆိုပြီးပေါ်နေတယ်။
          ” လေ ဝ့ လာ”
          လေးစားစွာဖြင့်

          1. ကျွန်တော် သုံးတဲ့ keyboard က order လွဲနေတယ်ဗျ။ အဲဒါကြောင့် တစ်ချို့စာလုံးတွေ မပေါ်ဘူးဖြစ်နေတာ။ keyboard developer ကိုတော့ feed back ပို့ထားပါတယ်။ ကျွန်တော့် mail က saturngod at mysteryzillion dot com ပါ။ အဲဒီကိုပို့ပေးပါ။ ကျေးဇူးတင်ပါတယ်။

        2. zawgyi font ကို uninstall လုပ်ဖို့မလိုပါ။ zawgyi Arial ကိုတော့ uninstall လုပ်ဖို့လိုတယ်။ အခု NHM မှာဇော်ဂျီ keyboard အတိုင်းရိုက်ရုံပဲဗျ။

  3. ဝင်းဗလမင်း Avatar
    ဝင်းဗလမင်း

    ကိုစေတန်ရေးထားထာတွေကို ကောင်းကောင်းမြင်ရပါတယ်။ ဒါပေမယ့် တစ်ချို့စကားလုံးတွေက နည်းနည်းလွဲနေတယ်။ ဥပမာဆိုရင် ‘ရှိ’ ဆိုရင် ရကောက်နဲ့လုံးကြီးတင်းက တစ်ခု ဟထိုးက တစ်ခြားဖြစ်နေတယ်။ အဲဒါဘာကြောင့်ဖြစ်တာလဲ။

    1. အဲဒါက ကျွန်တော် သုံးထားတဲ့ keyboard ပြဿနာ ဖြစ်နေတာ။ ကျွန်တော် ပြန်စစ်ပြီး ပြန် တင်ပေးမယ်ဗျ။

  4. ဝင်းဗလမင်း Avatar
    ဝင်းဗလမင်း

    အဲဒါ mozilla သုံးတာလား။

  5. ဝင်းဗလမင်း Avatar
    ဝင်းဗလမင်း

    Unicode ကော ဇော်ဂျီကော မြင်ချင်ရင်တော့ Parallel Universe ကို သုံးပါ။ Chrome Extension ပါ။ ဇော်ဂျီတွေကိုပါ unicode ပြောင်းပြီး မြင်ချင်ရင်တော့ One Universe သုံးပါ။ အဲဒါမော်ဇီလာမှာ သုံးတာလား။ ‘ယွန်းချို’ အဲဒါဘာကိုပြေတာလဲ။ ကျွန်တော်နားမလည်ဘူး။

    1. Chrome အတွက်ပါ။ firefox အတွက်ကတော့ grease monkey script ပဲရှိတယ်။ သိပ်အဆင်မပြေလို့။

  6. ကျွန်တော် အခုဇော်ဂျီနဲ့ရေးလိုက်တယ်

    ကျွန်တော်ယူနီကုတ်ဒ်ကိုလေ့လာနေလို့ဘယ်လိုသုံးရလဲဆိုတာ
    ကိုစေတန်ကိုကျေးဇူးတင်တယ်

  7. ကျန်တော့ ကတော့ ကိုစေတန်ဆိုဒ်ကိုဖတ်ဖို့ Myanmar3_Unicodeအဲဒါကိုဒေါင်းတယ် တင်တယ် မရဘူး အဲဒါကျောင့် winnwa.5.3.10ဒါကိုတင်မ ပဲဖတ်လို့ရတယ် ဘာလို့လဲကျန်တော်က IE သုံးတယ် myanmar 3 font ကိုဖောင့်ဖိုဒါထဲထည့်တယ် အဲဒါဆိုရင်တန်းမျင်ရမာ မတ်လား ကိုစေတန်ပျောတဲ့ဖောင့်တေ ကိုထည့်တယ် အဆင်မပျေဘူး အဲဒါလေးပျောပေးပါ
    စာလုံးတစ်ချို့မားနေတာဘယ်လိုမ ရိုက်လို့မရလို့ပါ

    1. ကျွန်တော်က Yunghkio Font ကို သုံးထားတယ်။ ကျွန်တော့် keyboard က စာလုံး order အချို့များနေတာကြောင့်ပါ။ အဲဒါ ပြန်ပြီးရင်တော့ ဖတ်လို့ရပါလိမ့်မယ်။ နော်ပြီး ဘယ် os မှာ သုံးနေတာလဲမသိ။

      1. ကျန်တော် xp sp2 သုံးတယ်
        အစ်ကိုပျောတာနဲ့စမ်းလိုက်ဦးမယ် ယ် န်းချို ဖောင့်နဲ့ကိုပြေပာတာလား

  8. ios အတွက် ဘယ်ဟာကို သုံးရမလဲ။

    1. MasterPiece ကို သုံးပါ။ iOS အတွက်တော့ font package မထွက်သေးပါဘူး။ iOS မှာ font embed လုပ်ထားတဲ့ site တွေပဲ ဖတ်လို့ရလိမ့်မယ်။

  9. Hi Bro,
    How can I change Yunghkio font size?
    The font size is very small in facebook & ko DB blog.Your blog is Ok.
    What is the problem?
    Thanks

    1. because facebook size is too small. You can change font size with https://chrome.google.com/extensions/detail/nlphfkfhcgigoedmamkolcpmbafapihm

  10. ကျွန်တော်လည်း Firefox မှာလည်း အကို့ရဲ့ဆိုဒ်ကို စာလုံးတွေသေချာမမြင်ရဘူး.. Chrome မှာလည်း အတူတူပါပဲ.. ဖောင့်တွေလည်းစုံနေပြီ.. mm3ဖောင့် Yunghkio ဖောင့် တွေနဲ့စုံနေတယ်.. ပြီးတော့ ကျွန်တော့်ရဲ့ WordPress ဆိုဒ်မှာလည်း.. ယူနီကုတ်ကိုပြောင်းလိုက်တာ..ဘားမှဖတ်လို့မရတော့ဘူး..ကျွန်တော်လန့်သွားလို့ မူလ Export လုပ်ထားတဲ့ဟာကိုပြန်ထည့်ထားလိုက်ရတယ်.. ဆိုဒ်တစ်ခုလုံးကို အိပ်စပို့စ် လုပ်ပြီး Zawgyi to Unicode Convetor နဲ့ပြောင်းလိုက်တာပါ..
    ယူနီကုတ်ကိုပြေင်းချင်ပေမယ့်.. အခုလောလောဆယ်..ကတိကအောင့်တွေ ဖြစ်လွန်းလို့.. .ပြီးတော့ ကျွန်တော် အိုင်ဖုန်းအတွက်လည်း အကိုအားရင် ယူနီကုတ် ဖောင့်ထုတ်ပေးပါလား..မဟုတ်ရင် မြန်မာကျူတိုရီရယ်နဲ့..အကို့ဆိုဒ်တွေရဲ့စာကို ဖုန်းကနေကြည့်လို့မရလို့ပါ..

    ကျေးဇူးတင်ပါတယ်..

    1. ဘာ OS သုံးလဲမသိဘူး။ Windows Firefox မှာ ပြဿနာ မရှိသလို Linux မှာလည်း ပြဿနာမရှိပါ။ ကျွန်တော့် keyboard ပြဿနာ အချို့ပဲရှိတယ်။ Mac သုံးတယ်ဆိုရင်တော့ Masterpiece font လိုပါတယ်။

  11. Please see it bro
    i installed unicode fonts but when i type and read in IE, keyboard layout is not the same.. some words are still missing..
    in Chrome, unicode works well in some blogs but doesnt work in other blogs, including ur blog.. but now.. Chrome is ok with parallel universe..
    but in Typing, it’s not the same keyboard layout as the original.. (for example.. “S” is “Athet” and “F” is “PatSint” words when i type.. ) :( help me pls…

    1. I wrote wrong order about ကြောင့် …. should be င ့် … are you using Myanmar 3 because your font look old myanmar 3. If you want to use Myanmar 3 update the latest, http://www.myanmarlanguage.org/unicode/aio-myanmar-gpl-fonts-package-version-1

      For keyboard, just use NHM writer. It same like zawgyi keyboard

  12. zawgyi နဲ့ Unicode ကတစ်ခုပဲမြင်ရတယ်လား…..တစ်ချို့ကိုမေလ်းထဲကဇော်ဂျီကို ဖက်လို့မရပဲ web ပေါ်မှာတော့ဖက်လို့ရတယ်….unicode ကြတော့မေးလ်ထဲမှာဖက်လို့ရပြီး web ကြတော့ဖက်လို့ရတော့ဘူး….ကျွန်တော်ကြည့်တဲ့ဆိုဒ်ကhttp://www.htootayzar.com ပါ။
    window က xp sp2 ပါ…

    1. ကျွန်တော်ကတော့ မြင်ရတယ်။

      conflict မဖြစ်ချင်ရင်တော့ http://www.thanlwinsoft.org/MyanmarConverter/ ကို သွင်းထားလိုက်ရင် အဆင်ပြေသွားမယ်။ Chrome သုံးရင်တော့ https://chrome.google.com/extensions/detail/lbhfiapldmdlhcfbnbehflocmenejlio ကို အသုံးပြုလို့ရတယ်။ ဘာလာလာ unicode နဲ့ပဲ မြင်တာပေါ့။

      ၂ ခု လုံး တွဲမြင်ချင်ရင်တော့ https://chrome.google.com/extensions/detail/dlgmiidgfdpjcnhnhafijlpinepjkpnd ကို အသုံးပြုနိုင်ပါတယ်။ Firefox addon ကိုလည်း တင်ပေးပါ့မယ်။ စမ်းနေတုန်းမို့ပါ။

      Windows XP SP2 နောက်ဆုံး version မှာတော့ rendering ပါနေပြီနဲ့တူတယ်။ ပြဿနာတွေကို myanmaritpro မှာ မေးလို့ရသလို MZ User မှာလည်း မေးလို့ရပါတယ်။

  13. I can not see the words. But i used myanmar 3 unicode.Why is it happen?

    1. because I use Yunghkio and Yunghkio font embed

  14. Thanks for the tips. I have been wanting to try out the unicode system, but I didn’t know how to do it. I’ll follow up on the links and check them out at home later on.

  15. အောင္ခိုင္မင်း Avatar
    အောင္ခိုင္မင်း

    ကိုစေတန် ခင်ဗျာ
    ကျွန်တော် firefox မှာသုံးတာ ဖောင့်တွေအရမ်းသေးနေလို့ဗျာ
    ဘယ်လိုပြင်ရမလဲ ခင်ဗျ
    ပြီးတော့ chrome မှာ သွင်းပြီးရင်လည်း ယူနီကုတ်နဲ့ရေးထားတာတွေဖတ်မရဘူးဗျာ
    အဲဒီ “က ခ ဂ ” ဆိုတာလေးကိုကလစ်ပေးတာပဲ …

    1. chrome can’t work font embed. If you want to bigger font , use Yunghkio or latest Myanmar 3 font, http://goo.gl/ZHcww

  16. ကိုစေတန်ခင်ဗျာ…….
    ရှမ်းအတွက် portable ကီးဘုတ်ကိုဘယ်မှာသွားယူရမလဲမသိဘူး။ ဇော်ဂျီ-ယူနီ Keymagic portable လိုပါ။ အဲဒီထဲမှာရှမ်းအတွက်ထည့်ချင်လို့ပါခင်ဗျာ။ ဒါကတော့ ပန်လုံဖောင့်ပါ http://panglong.googlecode.com/files/PangLong_2011feb7.ttf အချိန်ရရင် စမ်းသုံးကြည့်ပါလား။
    လေးစားလျှက်

    1. keymagic latest version already include Yunghkio Shan keyboard. I need to check in portable version.

  17. portable version ရရင်ပြောပြပါဦး ကျေးဇူးပါ။

  18. ko sayturn,
    when i installed KMZ.pkg( unicode for mac),I can’t read zawgyi now.
    can’t typing zawgyi font also.Please explain me how can I read both ?
    What I need to do ?

    1. use parallel universe for chrome and firefox. You can search parallel universe on chrome extension gallery or firefox addon gallery. Why can’t type zawgyi ? you can choose Zawgyi Keyboard on KeyMagic.

  19. ဝင်းဒိုးဆာဗာ ၂၀၀၃ မှာ Notepad ထဲမှာ
    unicode ရိုက်လို့မရဘူး
    rendering မဖြစ်ဘူး သဝေထိုးတွေအကုန် နောက်ရောက်ကုန်တယ်
    winword, excel မှာတော့ရတယ်
    Notepad ထဲမှာ ရအောင် ဘယ်လိုလုပ်ရမလဲမသိဘူး

    XP မှာတော့ Notepad ထဲမှာ ရိုက်လို့ရတယ်

  20. i have install icomplex, but not yet!
    is there some more trick? pls

    1. Control Panel->Regional and Languages Options->Languages, check “Install
      files for East Asian languages” ->OK

      You need windows 2003 cd to install east asian language.

  21. ကျြန်ောတ္ကေလ့ဘာသူအဆင္ပပါ..
    ကျြနေတ္ဘာလော့http://www.ayeikayeik.blogspot.com/.ကိုယူနီကုဒ်ေျပာင်းျခင္တယ်…
    ဘယ္လိုေျပာင်းရမလဲဆိုတာ…ညြန်ျပေပးပါခင္ဗ်ာ

  22. ကျွန်တော်ကလေ့လာသူအဆင့်ပါ…စမ်းတဝါးဝါးအဆင့်ပေါ့..
    ကျွန်တော်ဖန်တီးထားတဲ့ဘလော့ဂ်ကို..အရင်ကဇော်ဂျီနဲ့ရေးတာပါ
    ခုယူနီကုဒ်ပြောင်းချင်လို့…ဘယ်လိုပြောင်းရမလဲဆိုတာ..ကျေးဇူးပြုပြီး
    လမ်းညွန်ပေးပါခင်ဗျာ….။

  23. icomplex ရော east asian languages ပါ လုပ်ပြီးသွားပြီ
    မရသေးဘူးဗျ
    the link here, screen shot
    http://imageupload.org/?di=1412998580083

    1. I can’t open image link . Your OS may be can’t support myanmar unicode. Please, ask in http://www.myanmaritpros.com

  24. Blackberry အတွက်လဲရေးပေးပါအုံးဗျို့…ကျေးဇူးတင်ပါတယ်.

    1. blackberry is not my way … I don’t have blackberry and I never use it before and after :D

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.