Unicode FAQ

unicode ဆိုတာဘာလဲ ။

ကျွန်တော် အဲဒီအကြောင်းကို ဒီမှာ ပြောခဲ့ပါတယ်…

မြန်မာစာ unicode ပေါ်လာတာ ဘယ်လိုမြင်လဲ ။

ကောင်းပါတယ်… မြန်မာစာ unicode ပေါ်လာတော့ English စာကော မြန်မာစာပါ တွဲရိုက်လို့ရတဲ့ အပြင် တခြား အများကြီးကို အသုံးဝင်လာပါတယ်။ ဥပမာ မြန်မာစာ sorting ပေါ့…


အခု ဇော်ဂျီ Font ကကော Unicode ဟုတ်လား ။

ဟုတ်ပါတယ်… ဒါပေမယ့် မြန်မာစာ Unicode အစစ်အမှန်တော့ မဟုတ်ဘူး…
Unicode 5 ရဲ့ စည်းမျဉ်းတွေကိုလည်း လိုက်မနာထားပါဘူး…
အသုံးပြုရသူလွယ်ကူအောင် လုပ်ထားတဲ့ Unicode Font ပါ…

ဒါဆို Myanmar 3 နဲ့ MyMyanmar ကကော ။

သူတို့ကတော့ တကယ့် အစစ်တွေပါ… စည်းမျည်းစည်းကမ်းတွေကို လိုက်နာထားပါတယ်…

ဒါဆို မြန်မာ Blog တွေ မြန်မာ website တွေမှာ ဘာလို့မသုံးတာလဲ။ နောက်ပြီး seminer မှာလည်း ဇော်ဂျီကြီးပဲ ပြောသွားတယ်။ unicode အစစ်အမှန်တွေ သုံးရင် ပိုမကောင်းဘူးလား။

unicode အစစ်အမှန်တွေသုံးချင်တယ်ဆိုရင်တော့ မြန်မာစာကို ကြည့်မယ်လူတိုင်းက windows xp မှာဆို rendering သွင်းထားရပါမယ်… ဒါမှ မဟုတ် Windows Vista ကိုအသုံးပြုရပါမယ်။ ကျွန်တော် rendering ဆိုတာကို unicode ဆိုတာမှာ ပြောခဲ့ပါတယ်။ စက်တိုင်းမှာ မြန်မာစာ rendering မရှိပါဘူး။ နောက်ပြီး font မရှိ၇င် မပေါ်ပေမယ့် IE မှာတော့ eot အသုံးပြုပြီး font မရှိလည်း ကြည့်လို့ရအောင် လုပ်လို့ရပါတယ်… MyMyanmar တို့ Myanmar3 တို့ကို သုံးပြီ Blog ရေးရင် eot အသုံးပြုထားရင်တောင် လူတိုင်း ဖတ်လို့ရဖို့ မလွယ်ပါဘူး… ကြည့်တဲ့လူရဲ့ စက်မှာ မြန်မာ unicode rendering ရှိနေရပါမယ်… ဇော်ဂျီမှာ font rendering.. မပါတဲ့ အတွက် eot ထည့်သွင်းလိုက်ရုံနဲ့ font ရှိတဲ့ စက်ကော မရှိတဲ့စက်ကပါ… ကိုယ့်site ကို ie နဲ့ကြည့်လို့ရပါတယ်… MyMyanmar ကတော့ Linux , Mac တို့မှာပါ ရတယ်လို့ပြောပါတယ်.. တကယ်ဟုတ်မဟုတ်တော့ ကျွန်တော်လည်း စမ်းမကြည့်ဘူးတော့မသိဘူး.. ဇော်ဂျီမှာ font rendering မရှိတဲ့အတွက် ဘယ် browser , ဘယ် OS နဲ့မဆို အဆင်ပြေပါတယ်… ဒါကြောင့် Web ပေါ်မှာ ဇော်ဂျီပဲသုံးသင့်ပါတယ်.. ဒါပေမယ့် sorting ကိစ္စတွေပါလာရင်တော့ Myanmar3 ဒါမှမဟုတ် MyMyanmar ကိုသုံးရပါမယ်.. အစိုးရပိုင်းဆိုင်ရာ website တွေကတော့ Myanmar3 ကိုသာအသုံးပြုကြပါတယ်..

ဒါဆို ဇော်ဂျီကို windows မှာရောသုံးသင့်လား။ သုံးလို့ကော အဆင်ပြေလား။

Windows မှာတော့ Folder name တွေ file name တွေပေးဖို့ဆိုရင်တော့ ဇော်ဂျီကရပါတယ်… အဆင်လည်းပြေပါတယ်.. ဒါပေမယ့် ကျွန်တော်ကတော့ Myanmar3 ကို recomment လုပ်ပါရစေ… MyMyanmar ကတော့ သူတို့ရဲ့ font အသစ်မထွက်သေးလို့ မသိရသေးဘူး.. Myanmar3 ကို folder name တွေ file name တွေပေးဖို့သင့်တော်ပါတယ်.. ဘာဖြစ်လို့လည်းဆို sorting ကြောင့်ပါ… Vista မှာတော့ sorting ကိစ္စအဆင်ပြေပါတယ်… sortring အတွက် လိုအပ်ချက်လေးတွေတော့ ရှိအုံးမှာပေါ့…

ကိုယ်တိုင်မေး၍ ကိုယ်တိုင်ဖြေထားသည်… :)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.