Useful library for objective-c

Objective-C အခုတလော အရေးများလာရင်း တချို့ library လေးတွေ တော်တော်လေးကို အသုံးဝင်လှပါတယ်။ တနည်းပြောရင် မူရင်း SDK ထဲမှာ မပါဝင်ပဲ အခြား developer တွေ ရေးပေးထားတဲ့ library တွေပေါ့။ အဲဒီ အထဲမှာ ကျွန်တော် အသုံးများတဲ့ library လေးတွေကို ပြန်လည်စုစည်းပြီး တင်ပြလိုက်တာပါ။

JSON Framework

ဒီ library ကတော့ အသုံးအများဆုံးပဲ။ အဓိက အသုံးပြုဖြစ်တာက API တွေကို ခေါ်တဲ့အခါမှာ JSON string return ပြန်ပါတယ်။ အဲဒီ JSON ကို NSDictionary ပြောင်းဖို့အတွက် အဓိက အသုံးပြုဖြစ်ပါတယ်။

Zip Archive

iOS ကနေ တဆင့် upload ပြန်တင်တဲ့ အခါ ဒါမှမဟုတ် download ဆွဲချပြီး zip ပြန်ဖြည်တဲ့ အခါမှာ မရှိမဖြစ် လိုအပ်တဲ့ Library ပါ။ သာမာန် text data တွေကို zip လုပ်လိုက်တဲ့ အခါမှာ file size သိသိသာသာ သေးသွားပါတယ်။ အထူးသဖြင့် plist database တွေပေါ့။ လက်ရှိ dhamma stream project မှာ အသုံးပြုထားပါတယ်။

Audio Streamer

Audio player တစ်ခု ဖန်တီးတဲ့ အခါမှာ တော်တော် လေးကို အသုံးဝင်ပါတယ်။ iOS SDK မှာ ပါတဲ့ library ထက် ပိုမို အသုံးပြုရတာ လွယ်သလယ် ပိုမိုလည်း ကောင်းမွန်တယ်လို့ ဆိုရပါမယ်။ ဒီ library ကိုလည်း dhamma stream မှာ အသုံးပြုထားပါတယ်။

5 responses to “Useful library for objective-c”

  1. ကိုစေတန်.. ဘလော့ကို အရင် theme ပြန်မလုပ်တော့ဘူးလား… အခုဟာက အရမ်းရှင်းနေလို့။ ပလိန်းကြီးဖြစ်နေလို့ပါ။

    1. အခု theme ကိုပဲ သဘောကျပါတယ်။ စာ ရှင်းရှင်းလင်းလင်း ဖတ်လို့ရတာကြောင့်ပါ။

      1. Yep this wordpress default theme is really clean and neat.

  2. iOS အတွက် Windows မှာရေးလို့ရတဲ့ Software များမရှိဘူးလားဗျ…။
    စမ်းကြည့်ချင်လို့။

    1. sorry, not yet for objective-c . But you can try with titanium for iOS app. It’s not so much different between android and iOS in titanium mobile sdk.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.