ကျွန်တော် အရင်ကတည်းက virtual box အကြောင်းဖတ်ပြီး virtual box ကိုသုံးချင်နေတာ။ VMWare ကြီးကလေးလွန်းလို့ဗျာ။ ဒါနဲ့ အရင်တုန်းက virtual box ကို သွင်းမယ်ဆိုပြီး သူ့ offical website ကိုသွားပြီး download ချတာ မြန်မာနိုင်ငံမို့ ပိတ်တယ်တဲ့ဗျာ။ လူက ဘာပြောရမှန်းမသိဖြစ်သွားတယ်။ Virtual Box က SUN က ထုတ်တာဆိုတော့ မြန်မာနိုင်ငံက download ချလို့မရဘူးပေါ့။ ကျော်ခွပြီး download ချလည်း ကြာမှာပဲလေ။ နောက်တော့ Thailand connection ရတဲ့နေရာကနေ သူငယ်ချင်းတစ်ယောက် ဆွဲပေးလိုက်လို့ သူ့ offical site ကနေ download ချလို့ရသွားတယ်ဗျာ။ ဒါနဲ့ စသုံးဖြစ်တာပဲ။ စိတ်ကုန်နေတဲ့ VMWare ကြီးကို ဖြုတ်ချပြီး VirtualBox ကိုသွင်းဖြစ်လိုက်တယ်။ တော်တော်ကောင်းတာပဲဗျ။ VMWare လိုအလေးကြီးမဟုတ်ဘူး။ VMWare က service လည်း ယူလို့ windows ပါလေးသွားတယ်။ သူကတော့ အဲလိုမဟုတ်ဘူးဗျ။ တော်တော်လေးကို ပေါ့ပါးတယ်။ 1GB လေးနဲ့အဆင်ပြေတယ်။ 3GB မှ ပိုကောင်းမှာပေါ့။ အခုတော့ fedora ကို 512 လေးနဲ့ စမ်းနေရတယ်။ ခဏခဏတော့ memory မလောက်တဲ့ ပြသနာဖြစ်တယ်။ hostmemory မလောက်ပါဘူးဆိုတဲ့ message တွေ ခဏခဏပြတယ်ဗျ။

နောက်ဆုံး version 2.0.6 ထွက်လာတော့ www.filehippo.com ကနေ download ချလို့ရမှန်းသိသွားကော။ Sun က မြန်မာနိုင်ငံကမို့ download ချခွင့်မပေးဘူး။ ရတယ်လေ။ မြန်မာနိုင်ငံသားလည်း တန်းတူအခွင့်အရေးပေးတဲ့ site က download ချမှာပေါ့။ ဒါမှမဟုတ် တခြားနိုင်ငံက သူငယ်ချင်းကို အကူအညီတောင်းပြီး ftp မှာပြန်တင်ခိုင်းလည်းဖြစ်တယ်။ သူမပေးပေမယ့် မြန်မာတွေက ရအောင်ယူနိုင်တယ်။ ပိတ်ထားတာက မြန်မာတွေကို စိတ်အနှောင့်အယှက်ဖြစ်စေရုံလောက်ပဲ။ file ကိုမရဘူးဆိုတာတော့ မဟုတ်ဘူး။ မြန်မာတွေက ကမ္ဘာ့ရဲ့နေရာတော်တော်များများမှာ ရောက်နေပြီဆိုတာ မသိလို့လား။ မြန်မာတွေမှာ online friend တွေရှိတယ်ဆိုတာ မေ့နေလို့လား။ အဲလိုပိတ်လည်း မထူးတဲ့အတူတူ ဖွင့်ထားပေးသင့်တာပေါ့။ ကဲ.. ထားလိုက်ပါ။ ဒါက SUN Company ကိစ္စ။ ကျွန်တော်သုံးတာက သူတို့ product Virtual Box ။ Linux ကို စမ်းကြည့်ချင်တယ်ဆိုရင်တော့ VirtualBox ကတော်တော်အဆင်ပြေတယ်။ တခြား Virtual Machine တွေထက် ပိုကြိုက်တယ်။ သုံးရတယ်လည်းလွယ်တယ်။ ပေါ့လည်းပေါ့တယ်။ Windows ကိုလည်း ဘာပြသနာမှမဖြစ်စေဘူး။ သူ့ကို သွင်းလိုက်လို့ windows ကြီးနှေးသွားတာတွေမရှိဘူး။ များပြားလှတဲ့ distro တွေကို စမ်းသပ်ချင်တဲ့လူတွေအတွက် VirtualBox က သင့်တော်ပါတယ်ဗျာ

One response to “Virtual Box”

  1. Qemu လည်း တော်တော်ပေါ့တယ်။ စမ်းကြည့်ပေါ့ …
    >> သူ့ offical website ကိုသွားပြီး download ချတာ မြန်မာနိုင်ငံမို့
    >> ပိတ်တယ်တဲ့ဗျာ။

    အီး … ဘာပြောရမှန်းတောင် မသိတော့ဘူး …

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.