Web Design Should be evolution

Web design ပိုင်းတွေကို ပြောင်းလဲသင့်နေပြီလို့ ထင်တယ်။ အချိန်လည်း ကျလာပြီ။ ကျွန်တောှတို့ တချိန်တစ်ခါတုန်းက flash တစ်ခုကို အားကိုးပြီး လန်းဆန်းတဲ့ design တွေကို ဖန်တီးလာတယ်။ နောက်ပြီး ajax ပေါှလာပေမယ့် flash လိုတော့ လှပတာတော့ မဟုတ်ဘူး။ Flash က ကောင်းလေလေ size က ကြီးလေလေ ဖြစ်တယ်။ နောက်ပြီး loading time အတွက် အချိန်ပေးရတယ်။ ဒါကြောင့်နောက်ပိုင်းမှာ Jquery လိုမျိုး javascript library တွေက နာမည် ရလာကြတယ်။

အခုအချိန်မှာ web design တွေက multi tasking မဟုတ်ပဲ ဖြစ်နေသလိုပဲ။ browser တွေက multitasking ကို support လုပ်ထားလို့သာ multitasking လိုဖြစ်နေတာပါ။ ကျွန်တောှဆိုလိုတဲ့ သဘောက link တစ်ခုကို သွားလိုက်တာနဲ့ current link က ပျောက်သွားမယ်။ တကယ်လို့ အသစ်ဖြစ်ချင်ရင်တော့ target=”_blank” နဲ့ browser မှာ tab အသစ် တစ်ခုသွားခေါှတယ်။

ပြောင်းလဲသင့်တာကတော့ ကိုယ့် web page ထဲမှာပဲ ကိုယ့် website တစ်ခုလုံးရဲ့ page အားလုံးကို ကြည့်လို့ရအောင်ပြောင်းလဲ သင့်တယ်။ tab တွေအများကြီး ခေါှစရာမလိုပဲနဲ့ အကုန်လုံးကို ကြည့်လို့ရသင့်တယ်။ ဟိုးအရင်ကတော့ iframe ကို အသုံးပြုခဲ့ကြတယ်။ ဒါပေမယ့် iframe ကလည်း သေသပ် ကောင်းမွန်လှတာမဟုတ်ဘူး။ နောက်ပိုင်းမှာ flash ကိုပြောင်းလဲလာပေမယ့် သူရဲ့ design idea ကတော့ HTML မှာ အသုံးပြုတဲ့အတိုင်းပါပဲ။ သို့ပေမယ့် အများကြီးကို ကောင်းမွန်လာပါတယ်။ တဖြည်းဖြည်းနဲ့ web os တွေကို ဖန်တီးလာတယ်။ multitasking တွေကို web ပေါှမှာ လုပ်လို့ရတယ်ဆိုတာကို ဖောှပြလိုက်တာပဲ။

အဲဒီသဘောအတိုင်းပဲ web page တွေကကော multitasking မလုပ်နိုင်ဘူးလား။ မဖြစ်နိုင်ဘူးလား။ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာ javscript library တွေက strong ဖြစ်လာပြီး။ တောှတောှများများကို ဖန်တီးယူလာနိုင်ပြီ။ multitasking , multi view တွေကို ဖန်တီးလာနိုင်ပြီလို့ထင်ပါတယ်။ ကျွန်တောှကတော့ design လေးကို အရင်ဆုံး jquery နဲ့ စမ်းကြည့်လိုက်အုံးမယ်။ အဆင်ပြေရင် ornagai မှာ ထည့်ဖို့ အစီအစဉ်ရှိပါတယ်။

ornagai မှာ ဘယ်လို အသုံးပြုမလဲ။ ဘယ်လိုအသုံးပြုမလဲဆိုတော့ search ရှာတဲ့အပိုင်းမှာ တစ်ခုကို ရှာလိုက်ရင် result အဟောင်းတွေ ပျောက်သွားတယ်။ အဲလို အပျောက်မခံပဲ view အသစ်ဖန်တီးခွင့်ပေးမယ်။ ဒါဆိုရင် result တွေကို နှိုင်းယှဉ်ကြည့်လို့ရသွားပြီ။ မလိုတဲ့ result တွေကို မပိတ်ချင်ပဲ minimize လုပ်ထားနိုင်ရမယ်။

Google Wave က အဲဒီ idea ကို ဖန်တီးထားတယ်။ wave တွေကို ကြည့်နေရင်းနဲ့ အခြား view တွေကိုလည်း ကြည့်နေလို့ရတယ်။ view တွေ အများကြီးကိုလည်း အသုံးပြုနိုင်တယ်။ မလိုချင်တာတွေကို close လုပ်လိုက်လို့ရသလို မလိုချင်တာတွေကိုလည်း minimize လုပ်ချင်လည်း ရပါတယ်။ ဒါဟာ အလွန်ကောင်းမွန်တဲ့ idea ပဲ။ web ပေါှမှာ ဖန်တီးလာနိုင်တာတွေက တဖြည်းဖြည်းနဲ့ များလာပါပြီ။ နောက်ပိုင်း website တွေဟာလည်း google wave လိုမျိုး evolution ဖြစ်လာနိုင်တယ်။

တနည်းပြောရင် forum တွေဟာ thread တစ်ခုနဲ့ တစ်ခုကို ယှဉ်လို့မရဘူး။ thread တစ်ခုဖွင့်လိုက်ရင် နောက်တစ်ခုပျောက်သွားတယ်။ နောက်ပိုင်းမှာ thread တွေကိုလည်း maximize လုပ်လို့ရလာမယ်။ minimize လုပ်လို့ရမယ်။ close တွေလုပ်လို့ ရမယ်။ အဲလိုမျိုးတွေ ပြောင်းလဲလာနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.