Welcome to the Mac World

1255275071_macတကယ်လို့ သင် mac book pro ကို အသုံးပြုခဲ့မယ်ဆိုရင် Linux ပဲ ဖြစ်ဖြစ် Windows ပဲဖြစ်ဖြစ် ပြောင်းသုံးချင်စိတ်ရှိတော့မှာမဟုတ်တော့ဘူး။ အဲ… သင်က gamer ဆိုရင်တော့ Windows မှာပဲ ပျော်ရှာမှာပါ။ mac book pro က ဈေးကြီးတယ်လို့ ပြောရင် ပြောလိမ့်မယ်။ software တွေ က ရှားတယ်။ ဈေးကြီးတယ်လို့ ပြောကောင်းပြောမယ်။

Presenter

တကယ်လို့ သင်ဟာ prensentation တွေ ပုံမှန်လုပ်နေရတဲ့ လူဆိုရင်တော့ mac book က သင့်ကို အများကြီး ကူညီနိုင်ပါတယ်။ windows မှာ powerpoint ရှိတယ်လို့ ပြောမလို့လား။ apple ရဲ့ keynote က ဝါးဟားဟားလို့ အော်ရယ်လို့ ရအောင် သနားတယ်လို့ ပြောလိုက်ပါအုံးမယ်။ တကယ်လို့ prensentation တွေ အပြိုင်အဆိုင် ပြပြီး project တွေ ယူရတဲ့ ကိစ္စ မှာ powerpoint နဲ့ keynote မှာဆိုရင် တခြားစီလို ကွာခြားပြီး keynote နဲ့ graph တွေ magic move တွေနဲ့ ပြသလိုက်ခြင်းဟာ သင့် prensentation ကို လှပပြီး လူပိုနားလည်အောင် ဖန်တီးနိုင်ပါလိမ့်မယ်။ သိန်းပေါင်းများစွာ တန်တဲ့ project တွေအတွက်သာဆိုရင်တော့ mac book pro တစ်လုံးနဲ့ iWork software လေး ဝယ်တာ ဘာမှ မပြောပလိုက်ပါဘူး။ တကယ်လို့ ကျောင်းသား တစ်ယောက်ဖြစ်ပြီး prensentation တွေ ပြရမယ်ဆိုရင်လည်း keynote က သင့်ကို powerpoint ထက် ပိုမို ထိရောက်တဲ့ prensentation တွေကို ကူညီပေးနိုင်ပါတယ်။

Developer

ငါ က developer, programmer apple မလိုပါဘူးကွာလို့ ပြောရင်တော့ သင် ဘာ developer လဲ ပေါ်မှာ မူတည်ပါလိမ့်မယ်။ သင်က DotNet developer မဟုတ်ဘူးဆိုရင်တော့ mac book က အတိုင်းအထက် အလွန်ပေါ့ဗျာ။ အဲ.. DotNet Developer ဖြစ်လို့ mac book သုံးမရဘူးမဟုတ်ဘူးနော်။ mac book မှာလည်း Windows တင်လို့ရတယ်။ တကယ်လို့ dual မတင်ချင်ရင်လည်း Virtual Box လေးနဲ့ တင်ပြီး တပြိုင်တည်း mac ကော windows ပါ မနှေးပဲနဲ့ သုံးလို့ရတယ်နော်။ PHP, Python, Java  ဆိုရင်တော့ နာမည်ကြီး Textmate ရှိတယ်လေဗျာ။ ဘာလို့ နာမည်ကြီးလဲတော့ မမေးနဲ့ဗျ။ သုံးကြည့်လိုက်။ သဘောကျသွားမှာပါ။ အဲ.. အလကား မရပဲနဲ့ $59 လောက်တော့ ပေးရတယ်ဗျ။ တကယ်လို့ free သုံးချင်ရင်တော့ Komodo Edit ရှိတယ်ဗျ။ သူလည်းတော်တော်ကောင်းတဲ့ Editor ပဲ။ တကယ်လို့ ပိုက်ဆံ တတ်နိုင်ရင် Dreamweaver ဝယ်သုံးပေါ့ဗျာ။

Web Designer

Web Designer တွေအတွက်ကတော့ mac book က မရှိမဖြစ်ပဲဗျ။ ပိုက်ဆံ အကုန်တော့ ခံရလိမ့်မယ်ဗျ။ Dreamweaver,Photoshop,Flash စတာတွေ ရှိတယ်။ Windows မှာလည်း ရှိတယ်လို့ ပြန်ပြောမလို့လား။ ယှဉ်သုံးကြည့်လိုက်ပါ။ ကွာတာကို သိသိသာသာ တွေ့လိမ့်မယ်။ Photoshop CS 4 ကတော့ OS X Lepoard မှာ အလုပ်လုပ်ချင်မှ လုပ်လိမ့်မယ်ဗျ။ ကျွန်တော် ဟိုနေ့က ဖတ်လိုက်ရတယ် ပြဿနာ ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ ပိုက်ဆံ မကုန်ချင်ဘူးလား။ စိတ်မပူပါနဲ့ဗျာ။ Free ရတဲ့ Nvu ရှိတယ်။ သူက design ပိုင်းပဲ။ PHP နဲ့တွဲသုံးလို့ကတော့ လုံးဝအဆင်မပြေဘူး။ Seashore , GIMP စတာတွေကလည်း Photoshop ကို ယှဉ်နိုင်ပါတယ်။ Google တောင် GIMP သုံးတယ်လို့ ဖတ်ဘူးတယ်ဗျ။ Web Designer တိုင်း mac book pro လိုချင်ကြမှာပါဗျာ။

Others

အများကြီးရေးရင်လည်း ပျင်းသွားအုံးမယ်။ ပြောမယ်ဆိုရင်တော့ ပြောကုန်မှာမဟုတ်ဘူးဗျ။ photographer တွေလည်း mac book ရှိမှ အဆင်ပြေမှာ။ အရောင်တွေ ခွဲတာတွေကို mac နဲ့ windows ယှဉ်လိုက်ရင် တခြားစီပဲဗျ။ mac နဲ့လုပ်ထားတဲ့ ပုံကို ထုတ်လိုက်ရင် အဲဒီ အတိုင်းထွက်လာတယ်။ windows မှာက desktop ပေါ်မှာသာ လှပ နေတာ။ ထုတ်လိုက်ရင် တခြားစီ။ သာမာန် user တွေအတွက် mac က installation အဆင်ပြေတယ်။ နောက်ပြီး ဟမ်း သွားတာ ရှားတယ်။ program တွေ အများကြီး ဖွင့်ထားလို့ရတယ်။ Virtual Box နဲ့ windows သုံးနေတယ်။ ချက်ခြင်း ဒီဘက်ကိုလာပြီး mac ပြန်သုံး။ မနှေးပဲနဲ့ မြန်မြန်ဆန်ဆန် သုံးလို့ရတယ်ဗျာ။ ပြောရရင်တော့ အများကြီးပဲဗျ။ Software ကောင်းကောင်းလေးတွေ အများကြီးရှိတယ်။ mac အတွက် ရှိတဲ့ opensource တွေကို www.opensourcemac.org ကိုသွားပြီး အားပါးတရ download ချလို့တယ်။ ခက်တာက size တွေက အရမ်းကြီးနေတဲ့အတွက် မြန်မာနိုင်ငံ connection နဲ့အဆင်ပြေမှာမဟုတ်ဘူးဗျာ။ ကဲ.. ကျွန်တော်လည်း edu ဘက်သွားပြီး Jquery အကြောင်းလေး နည်းနည်းရေးလိုက်အုံးမယ်ဗျာ။ Welcome to the Mac World !!!! Mac ကမ္ဘာမှ သင့်ကို ကြိုဆိုပါတယ်။ (သုံးရတာ တန်တယ်ဆိုပြီး ပိုက်ဆံအကုန်ခံနိုင်ရင်ပေါ့)

SDC10176

12 Comments

  1. fighternk says:

    Macbookpro ဆိုအရမ်းကြိုက်၊အရမ်းစိတ်ဝင်စားပါတယ်၊ ဈေးနှုန်းအနည်းဆုံးဘယ်လောက်ရှိလဲ ဆိုတာလေးကော သိချင်ပါတယ်၊ ပြောပြပေးရင်တော့ ကျေးဇူးအရမ်းတင်ပါတယ်

    1. saturngod says:

      you can check in apple store :)

  2. Myo Thu says:

    သိပ်မှန်တာပေါ့ဗျာ။ ကျွန်တော်လည်း Mac crazy lay.

    1. saturngod says:

      welcome from http://www.macforus.com :) that my mac blog

  3. Myo Thu says:

    Mac မှာ application ကိုuninstall လုပ်ချင်ရင်ဘယ်လိုလုပ်ရသလဲ။ ကျွန်တော့ Macbook pro က စက်တက်တဲ့အချိန် လေးနေလို့ ဘယ်လိုလုပ်ရင်ရမလဲ.။ windows လိုမျိုုး defragment လုပ်လို့ရလား?

  4. talachan says:

    Zapper http://www.appzapper.com that is can remove all application from Mac

  5. hackham says:

    ကျေးဇူးပါ

  6. arkar says:

    ကိုစေတန်
    ကျွန်တော် Macbook pro ဝယ်ချင်လို့ အဲဒါ သိချင်တာလေးတွေရှိလို့ ကျွန်တော့ကို အကြံပြုပေးပါအုံး
    ကျွန်တော်က သာမန် ယူဇာ တစ်ယောက်ပါ (ပညာရှင်မဟုတ်ပါ)
    window ကနေ MAC ပြောင်းသုံးချင်လို့ ကျွန်တော် သိချင်တာလေးတွေ လှမ်းမေးလိုက်ပါတယ်
    -Visual Box နဲ့ Window ကို ဘယ်လောက် အတိုင်းအတာ အထိသုံးလို့ ရလဲဗျ
    -ကျွန်တော့် အိမ်မှာ Boradcom 802.11 b/g WLAN သုံးပါတယ်
    အဲဒီ wireless LAN က MAC အတွက် အဆင်ပြေနိုင်ပါသလား?
    -MAC မှာ Gtalk သုံးလို့ ရပါသလား?
    -Pdf file format ကို support လုပ်ပါသလား?
    _MAC ကို support လုပ်တဲ့ Firefox က ဇော်ဂျီ font ကို သုံးလို့ရပါသလား?
    _New Macbook pro ကို ဘယ်hardware နဲ့ softwareတွေ customize ထပ်ဖြည့်သင့်ပါသလဲ?
    ကျွန်တော်သိချင်တာလေးတွေ ဖြေကြားပေးပါအုံးဗျာ
    ကျေူးဇူးတင်ပါသည်
    arkar

    1. saturngod says:

      virtual box ထက် bootcamp ဆိုတာရှိပါတယ်။ Windows နဲ့ Mac ကို parallel boot ရပါတယ်။ boot တက်ချိန်မှာ Option key ကို ဖိထားပြီး windows လား mac လား ရွေးလို့ရပါတယ်။ bootcamp မသွင်းခင် manual ကို သေချာဖတ်ဖို့လိုပါတယ်။
      Wireless ရ၏။
      Gtalk ရ၏။ voice တော့ မရပါ။ voice အတွက် online gtalk ပဲ သုံးလို့ရမယ်။
      PDF ရတယ်။ http://www.apple.com မှာ hardware အသေးစိတ် သွားကြည့်နိုင်တယ်။

  7. arkar says:

    ကိုစေတန်
    reply ပြန်တဲ့အ တွက် ကျေးဇူးတင်ပါတယ်
    ကျွန်တော် မေးချင်တာလေးရှိသေးတယ်ဗျာ

    အခု apple က Macbook pro 2.26 GHz, 2GB memory ကို 930$ နဲ့ refurbished item ဆိုပြီးလျော့ထားတယ်

    New Macbook pro နဲ့ယှဉ်လိုက်ရင် Tax အပါအဝင် 300$ လောက်သက်သာနိုင်တယ်ဗျာ

    ကျွန်တော့်ကလောလော ဆယ်တော့ Win ကနေ Mac ပြောင်းသုံးချင်တာလောက်ပဲဗျ
    (apple technology တွေကို သဘောကျလို့)
    ယေဘူယျ အားဖြင့် 930$ Mac က ကျွန်တော့ အတွက် လုံလောက်ပါတယ်
    Pre-installed OS က update တွေ ရနိုင်တယ်ထင်တယ်

    ကျွန်တော် သိချင်တာက apple က အရင် က သူ့ software တွေ update လုပ်တိုင်း
    သူ့ hardware အဟောင်းတွေကို support လုပ်သလား( နောက်နှစ်ဆို core i5 ,i7 တွေ ပဲထုတ်ပြီး core 2 duo 2.2 လောက်ဟာတွေ မတွေ့ ရလောက်တော့ဘူးထင်တယ်)

    အဲဒါ ကိုစေတန် သဘောအရ Macbook pro 2.2Ghz အတွက် ဝယ်သင့်မဝယ်သင့် ကျွန်တော့ကို အကြံပေးပါအုံး

    (apple product တွေက ဈေးလျော့တာ တော်တော်နည်းပါတယ် အခုဟာက အတိုင်းတာတစ်ခု အထိ လျော့ထားပြီး shipping 1-3 days အရောက်ပို့မယ် တဲ့
    စဉ်းစားရခက် နေတယ်ဗျ ဘယ်ဟာက excellent choice ဖြစ်မလဲ brainstorming လုပ်နေတာ ကိုစေတန့် ဆီက suggestion လေးလဲ သိ ချင်လို့ အကြံ ပြု ပါအုံး

    1. saturngod says:

      ကျွန်တော်ကတော့ Mac Store တွေကပဲ ဝယ်တယ်။ ကိုယ်တိုင်သွားဝယ်တာပဲ သိတယ်။ online ကဆိုရင်တော့ apple store ကနေပဲ သူငယ်ချင်းတွေ မှာပြီးဝယ်ကြတယ်။ အကောင်းဆုံးက mac store တစ်ခုခုမှာ သွားကြည့်ပြီး သိချင်တာတွေ မေးကြည့်။ လုပ်ချင်တာတွေ မေးကြည့်။ ပြီးမှ ကိုယ်နဲ့ အဆင်ပြေမှ ဝယ်ပေါ့။ mac ဝယ်ထားပြီး windows ပဲ သုံးနေတဲ့သူတွေက အများကြီး။ တကယ်လိုအပ်မှ တကယ်သုံးမှ တကယ်သဘောကျမှ ဝယ်တာအကောင်းဆုံးပဲ။

  8. Applepro.mm says:

    mac akyaung thi chin yin may ng par tal byar.sayar gyi dot ma hote par buu.knowledge twe share lote chin loe par.thk

Leave a Reply to Myo Thu Cancel reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.