ဒီနေ့ WordPress 3.0 ထွက်ပါပြီ။ WordPress 3 မှာ ဘာတွေ ပါလဲပြောဖို့အတွက် အပိုင်း ၂ ပိုင်းရှိပါတယ်။ User ပိုင်းနဲ့ Developer ပိုင်းဆိုပြီး ၂ ပိုင်းပါပါတယ်။ ကဲ.. User တွေ ဘာတွေ လုပ်လို့ရမလဲဆိုတာ အောက်က video လေးကို ကြည့်လိုက်ပါ။
Developer ပိုင်းမှာ တော့ function အသစ်တွေ အများကြီးပါလာသလို function အဟောင်းတွေ တော်တော်များများကိုလည်း ဖြုတ်လိုက်တာတွေ့ရမှာပါ။ သဘောအကျဆုံးပိုင်းက jquery 1.4.2 ကို ပြောင်းလဲလိုက်ပြီးတော့ jquery ui 1.7.3 ကို ထည့်သွင်းထားပါတယ်။ နောက်တစ်ချက်က Post Type function ဖြစ်တဲ့ register_post_type() ပါ။ အဲဒီ အကြောင်းသိတာကတော့ 4 လ ပိုင်းကတည်းကပါ။ အဲဒီ အကြောင်းကို ဒီမှာ ရေးထားပါတယ်။ နောက်ပြီးတော့ register_taxonomy() ပါ။ အဲဒီဟာလေးလည်း သဘောကျတယ်။ အဲဒီ ၂ ခုကို ကျွန်တော် ပြန်လေ့လာဖို့လိုသေးတယ်။ အဲဒီ အကြောင်းကို net.tutsplus မှာ ရေးထားပြီးသားပါ။ နောက်ပြီးတော့ အသစ်ထပ်ပါလာတာက menu ပါ။ menu ကို widget လိုမျိုး ဖန်တီးလို့ရလာတယ်။ အဲဒါကိုလည်း သေချာပြန်ဖတ်ရအုံးမယ်။ အခု 3.0 template မှာ ပါလာတယ်။ အဲဒီဟာလေးတော့ သဘောကျတာ အမှန်ပဲ။ ဒါပေမယ့်လည်း လိုလည်း မလိုပါဘူးလေ။ နောက်တစ်ချက်က short link ပဲ။ post တွေကို short link ဖန်တီးလို့ရလာတယ်။ အဲဒီ feature က developer ဘက်မှာကော user ဘက်မှာပါ ပါတယ်။ နောက်ပြီး editor.css ကိုလည်း ပြင်ခွင့်ရလာပြီ။ တနည်းပြောရင် editor design အသစ်တွေ ဖန်တီးလို့ရလာနိုင်တယ်ပေါ့။
3.0 အသစ်မှာ ဘာတွေပါလာသလဲဆိုတာကို ဒီမှာ ဖတ်လို့ရတယ်။ အခုတော့ လေ့လာစရာ အသစ်တွေ ထပ်တိုးလာတာပေါ့ဗျာ။
Leave a Reply