ကိုမိုးတိမ်ရေးထားတဲ့ topic လေးကနေ ပြန်လည်တင်ပြလိုက်ပါတယ်..
ကျွန်တော် Your-freedom Software မသုံးတတ်သေးသူတွေအတွက် ပြုလုပ်ပုံအဆင့်ဆင့်ကို တင်ပြပေးချင်ပါတယ်.
Freedom Software ကိုအသုံးပြုနိုင်ဖို့အတွက် Freedom Account ရှိရပါမယ်။
Account မရှိသူများ ဤနေရာတွင် Request လုပ်ပါ။ Account ရှိသူများ ဝိုင်းဝန်း ပြုလုပ်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။
ဦးဆုံးပထမ Your-freedom Software ကို Download အရင်ချပါ။ Download Your Freedom
Full Latest Version ပါ။ File Size တော့နည်းနည်းကြီးမယ်။ Dial-up User တွေအတွက် အဆင်သိပ်မပြေပါဘူး။ 28 MB လောက်ရှိတယ်။
Download ပြီးရင် Install လုပ်ရပါမယ်။ Install လုပ်ပုံကိုတော့ မတင်ပြတော့ပါဘူး။ အားလုံးလုပ်တတ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။
Install လုပ်ပြီးသွားရင် Program ကို Launch လုပ်လိုက်ပါ။ အောက်ပါပုံအတိုင်းမြင်ရမှာ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ မိမိယူထားတဲ့ Account Info ကိုသွင်းရပါမယ်။ (User name & password etc.)
ဒီနေရာလေးမှာ သွင်းရမှာပါ
ပြီးရင် Proxy Setting Tap ကိုသွားပြီး Proxy Address ထည့်ရပါမယ်။ (မိမိအသုံးပြုနေသော Proxy server ပေါ်မူတည်၍ ကွဲပြားနိုင်ပါသည်)
ကိုယ့်အသုံးပြုနေတဲ့ Proxy Address ကိုမသိရင် အောက်ပါအတိုင်း ကြည့်နိုင်ပါတယ်။
Control panel > Internet Option > Connection Tap > LAN setting (Local Network အသုံးပြုသူများသာ။ Dial-up User များအတွက် Dial-up & Virtual Private Network တွင်ကြည့်နိုင်သည်) > Advanced > Proxy Address
နောက်ဆုံးအနေနဲ့ Sever Selection Tap ကို အောက်ပါအတိုင်း Configure လုပ်နိုင်ပါတယ်။
ပြီးရင် အောက်နားက Save & Exit Button ကိုနှိပ်ပြီးထွက်လိုက်ပါ။
ပြီးသွားရင် Start Connection ဆိုတာ Button လေးကိုနှိပ်ပါ။
Your-freedom Main Window ရဲ့ ညာဘက် အလယ်နားက တံခါးပေါက်လေး ပွင့်သွားရင် သုံးလို့ရပါပြီ။
Your-Freedom ကို Setup လုပ်ပြီးသွားရင်
ကိုယ်အသုံးပြုချင်တဲ့ Application ကို Your-freedom Proxy နဲ့ Configure လုပ်ရပါ့မယ်။
ဥပမာ – Firefox Browser နဲ့ Configure လုပ်မယ်ဆိုပါစို့
Tool > Option > Advanced Tap > Network > Setting ထဲကိုသွားရပါမယ်။
ပြီးရင် Dialog Box မှာ Manual Proxy Configuration ဆိုတာကိုရွေး
Proxy Address မှာ ပုံပါအတိုင်း 127.0.0.1 port 8080 ကိုထည့်ပေးရပါမယ်။
ပြီးရင် OK နှိပ် ထွက်။ ဒါဆိုရင် ကိုယ်ကြည့်ချင်ရာကို အတားအဆီးမရှိ ကြည့်နိုင်ပါပြီ။
တစ်ခုသိထားရမှာက Your-Freedom Account ကို Free Service ယူထားတယ်ဆိုရင်တော့ သူသတ်မှတ်ထားတဲ့ Connection Speed ပဲအသုံးပြုနိုင်မှာဖြစ်ပါတယ်။ Pay Account ဝယ်နိုင်ရင်တော့ ပိုပြီးမြန်ပါတယ်။
ဒီလိုပဲ ဘယ် Software ကိုသုံးသုံး .. Freedom နဲ့ သုံးချင်တယ်ဆိုရင် Connection Setting မှာ Proxy Address ကို 127.0.0.1 or localhost port 8080: or 1080 အသုံးပြုရပါမယ်။
မိုးတိမ်
ကျေးဇူးတင်ပါတယ် ကိုမိုးတိမ်
ကျွန်တော် လက်ရှိအသုံးပြုနေတဲ့ Your Freedom address ကတော့
Address : ems15.your-freedom.de
Port : 80
protocol : http
ပါ…
Freedom account မရှိသူများ ကျွန်တော့်ဆီ mail ပို့လိုက်ပါ..
ကျွန်တော် လုပ်ပေးပါ့မယ်…
saturngod
Leave a Reply