Zawgyi to Unicode Javascript Converter

အရင်က အသုံးပြုနေတဲ့ http://www.solvewaresolution.net/ က javascript converter က free မဟုတ်တော့သလို သူများတွေကိုလည်း ဖြန့်ဝေပေးခွင့် မရှိတော့တဲ့အတွက်ကြောင့် ကိုယ့်ဘာသာကိုယ် ပြန်ရေးမယ်ဆိုပြီး ရေးဖို့ စဉ်းစားထားတာ တော်တော်ကြာပြီ။ ဘယ်ကနေ စရေးရမှန်း မသိတော့ wiki မှာ ပြထားတဲ့ zawgyi နဲ့ unicode code point တွေကို ကြည့်ပြီး ပြန်ရေးဖြစ်သွားတယ်။ ကိုယ့်ဘာသာကိုယ် ပြန်ရေးဖို့ စဉ်းစားထားတာ ဖြစ်တဲ့အတွက်ကြောင့် အရင်က javascript ကို အသုံးမပြုပဲ ပြောင်းချင်တာလေးတွေကို ကိုယ့် converter လေးနဲ့ ကိုယ့်ဘာသာ စမ်းပြောင်းလိုက် ပြင်လိုက် နဲနဲလေး ရေးလိုက်နဲ့ တော်တော်တောင် ကြာသွားပြီ။ သပ်သပ်ကြီး အချိန်ပေးမရေးတာကြောင့်လည်း ပါတာပေါ့။ အခုတော့ beta 1 အဆင့်ကို ရောက်သွားပါပြီ။

ဒီ ပုံ ၂ ပုံသာမရှိရင်တော့ ဒီထက်ပိုပြီး အချိန်ကုန်မှာ သေချာတယ်။ အားတဲ့ အချိန်မှာ အားသလို ရေးထားတဲ့ အတွက်ကြောင့် coding တွေက ရှုပ်ထွေးနေတယ်။ rule တွေကလည်း ရောထွေးနေတယ်။ ပြန်ပြီးတော့ စီစစ်ရအုံးမယ်။ github account ရှိသူများ ZG2Uni_JS ကို fork လုပ်ပြီးတော့ ထပ်ဖွား ပြုုပြင်လို့ရပါတယ်။ စမ်းကြည့်ချင်သူများအနေနဲ့ ဒီမှာ စမ်းသပ်လို့ရပါတယ်။

ဒီ project ကို ရေးသားစမ်းသပ်နေတဲ့ အချိန်မှာ 99sanay.com နှင့် degolar.info က စာများနှင့် စမ်းသပ်ထားပါတယ်။

13 Comments

  1. K says:

    တော်တော်လေး အဆင်ပြေတယ်အစ်ကို။ သဝေထိုးတွေ အောက်ကမြင့်တွေပါ MMNLP Converter ထက်ကိုအလုပ်ဖြစ်တယ်။

    Arigatoo Gozaimasta :)

  2. Aung Thu says:

    အကို

    ကျွန်တော် အကူညီ တစ်ခုလောက် တောင်းချင်လို့ပါ။
    အကို ဝက်ဆိုဒ်က ဘယ် Browser ကပဲ ကြည့်ကြည့် မြန်မာဖောင့် မရှိလည်း မြန်မာလိုမြင်ရတယ်။
    ကျွန်တော်လည်း အဲလိုလုပ်ကြည့်ချင်လို့ပါ။
    ဒါပေမယ့် ကျွန်တော်က အကို့လို IT သမား မဟုတ်တော့ မလုပ်တတ်ဘူး။
    code တွေလည်း မရေးတတ်ဘူး။
    အဲဒါ အကို Website မှာ သုံးထားတဲ့ code လေး ကျွန်တော့်ကို ပေးပါလား။
    ဘယ်လို လုပ်ရမလဲဆိုတာလေးပါ ပြောပြပါနော်။

    အကို့ရဲ ့ ကူညီမှ ု အတွက် ကျေးဇူးအထူးတင်ပါတယ်။
    အောင်သူ။

  3. Ngwe Tun says:

    I hereby officially request to remove misleading text in your post;
    အရင်က အသုံးပြုနေတဲ့ http://www.solvewaresolution.net/ က javascript converter က free မဟုတ်တော့သလို သူများတွေကိုလည်း ဖြန့်ဝေပေးခွင့် မရှိတော့တဲ့အတွက်ကြောင့်

    I gave it freely but I need to get credit for our implementation. sharing is caring.

    1. Someone says:

      We are not used forever of your fucking selfish beggar Conventer.
      FUCK OFF!!
      Now we all will use of bro Saturn’s conventer.

      1. saturngod says:

        sorry, I am not welcome the comment like this. Please don’t use rude words in the comment.

  4. PYAESONEMUE says:

    အဆင်ပြေတယ် ကျေးဇူးပါ

  5. Princeton says:

    ွှThanks for your post. This works great. And is there any way to identify whether user input font is zawgyi or myanmar unicode?

    1. saturngod says:

      you can use like mmfonttagger , check http://userscripts.org/scripts/review/103745 . it’s userscript code and you need to change yourself.

      1. Princeton says:

        userscript site is down bro.

  6. Princeton says:

    thanks :)

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.