Ubuntu Dial up သမားတွေကတော့ စိတ်ဓာတ်ကျစရာပဲ… တကယ်လို့ သင့်မှာ computer နောက်တလုံးရှိတယ်ဆိုရင်တော့ စိတ်ပူစရာမလိုပါဘူး.. Network ချိတ်ပြီး အင်တာနက် ကောင်းကောင်းသုံးလို့ရပါတယ်… ဒါပေမယ့် မရှိရင်တော့ မတတ်နိုင်ဘူးပေါ့လေ… Linux Support တဲ့ Modem ကိုဝယ်ဖို့လိုပါတယ်… ဒါမှမဟုတ် Dell ကထုတ်တဲ့ Ubuntu သွင်းပြီးသား Laptop တွေကတော့ dial-up အတွက်ပါ အဆင်ပြေတယ်လို့ဆိုပါတယ်… သင်က နိုင်ငံခြားမှာနေတယ်ဆိုရင် (ဟိုမှာနေမှတော့ dial-up သုံးမလား) support လုပ်တဲ့ driver ကို ဝယ်သုံးနိုင်ပါတယ်.. $20 ပတ်ဝန်းကျင်လောက်ပေးရပါမယ်.. အခုလက်ရှိ modem အတွက်ပေါ့… ဒီမှာနေတော့ ဝယ်လို့လည်း မရ… ဝယ်မရပဲ သူပေးတဲ့ demo လေးကတော့ အဆင်ပြေပါတယ်.. ဒါပေမယ့် 14Kb/s ပဲရတယ်လေ… အခုတော့ network ပေါ်ကနေပဲ အင်တာနက်ကို သုံးနေရတယ်… Ubuntu က အင်တာနက်အတွက် ပိုပြီး စိတ်ချရတယ်ထင်တယ်.. ပိုမြန်တာတော့အမှန်ပဲဗျို့…
Leave a Reply