Essential For Ubuntu

Software source အသစ်ထည့်ခြင်း

Terminal တွင်

$sudo gedit /etc/apt/sources.list

လို့ရိုက်လိုက်ပါ။ password ကို ထည့်လိုက်ပါ။

# newer versions of the distribution ကိုရှာလိုက်ပါ။

အဲဒီ အောက်တွင်

deb http://security.ubuntu.com/ubuntu/ hardy main
deb http://mirror.in.th/ubuntu hardy main
deb http://repository.cairo-dock.org/ubuntu hardy cairo-dock
deb http://ppa.launchpad.net/googlegadgets/ubuntu hardy main
deb-src http://ppa.launchpad.net/googlegadgets/ubuntu hardy main

ထည့်သွင်းလိုက်ပါ။ ပြီးရင် save သွင်းပြီး ပိတ်လိုက်ပါ။ terminal တွင်

$sudo apt-get update

ရိုက်ထည့်လိုက်ပါ။ အဲဒါကတော့ package list အသစ်တွေပါ သိအောင် ပြုလုပ်တာပါ။

အခု source အသစ်မှာ ထိုင်း server နဲ့ အမြဲဖွင့်ထားတဲ့ security server ထည့်သွင်းထားပါတယ်။ အဲဒါဒီအတွက် အောက်က software တွေသွင်းတဲ့အခါမှာ ပိုမို မြန်ဆန်စေမှာပါ။

Firefox 3

Firefox ကတော့ မဖြစ်မနေ သွင်းရမှာပါ။ Ubuntu မှာပါတဲ့ version က beta ကြီးဖြစ်နေတဲ့အတွက် firefox ကိုသွင်းကို သွင်းရမှာပါ။

$sudo apt-get install firefox-3.0

Ubuntu Restricted Extra

မဖြစ်မနေသွင်းသင့်တယ်။ ဒါပေမယ့် size ကတော့ များလွန်းတယ်ဗျ။ သူကတော့ muisc တွေ video တွေနဲ့ အခြား format မျာများ ဖွင့်လို့ရအောင် သွင်းရတာပါ။

$sudo apt-get install ubuntu-restricted-extras

VLC

video format တွေတော်တော်များများကို ဖွင့်နိုင်ပါတယ်။ music တွေလည်း ရတယ်။ ဒါပေမယ့် ubutnu-restricted-extras ကိုတော့ သွင်းထားသင့်တယ်။

$sudo apt-get install vlc
$sudo apt-get install vlc-plugin-*

supertux

Linux တွေမှာ Game ကောင်းကောင်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် graphic card ကိုက်ဖို့တော့လိုတယ်။ Nvidia Card  နဲ့ ATi Card တွေနဲ့ game တော်တော်များများ OK ကြတယ်။ ကျွန်တော့် notebook ကတော့ Intel onboard ကြီးဖြစ်တော့ ဆော့လို့မရတဲ့ game တွေအများကြီးပဲ။ ဒါပေမယ့် supertux ကတော့ စက်တိုင်းဆော့လို့ရပါတယ်။ mario လိုမျိုးပေါ့။ ဆော့လို့ကောင်းတဲ့ game လေးတစ်ခုပါ။ mario ကြိုက်တဲ့လူတွေအတွက်တော့ စိတ်ကြိုက်ပေါ့ဗျာ။

$sudo apt-get install supertux

Compiz Fusion

Ubuntu ကို ပုံမှန်ထက် ထူးသွားစေဖို့။ vista ထက်သာလွန်ကောင်းမွန်တဲ့ GUI တွေမြင်ရဖို့အတွက် compiz က ဆောင်ရွက်ပေးပါတယ်။ ကိုယ့် desktop ကို လူတွေကြည့်တာနဲ့ ဟာ ။ မိုက်တယ်။ လန်းလှချည်လား လို့ ပြောလောက်အောင် ကောင်းမွန်တဲ့ desktop effect တွေပါ။

$sudo apt-get install compiz-fusion-* compizconfig-settings-manager

GnoChm

chm ebook တွေကို ဖွင့်ဖို့ပါ။ chm file တွေကို ဖတ်ဖို့အတွက်တော့ သွင်းထားသင့်ပါတယ်။

$sudo apt-get install gnochm

Bluefish Editor

php , html တွေရေးတော့မယ်ဆိုရင်တော့ ide တစ်ခုခုတော့ လိုပါတယ်။ ကျွန်တော်ကတော့ bluefish ဆိုတဲ့ ide ကိုအသုံးများတယ်။ webdeveloper တွေသွင်းထားသင့်ပါတယ်။

$sudo apt-get install bluefish

gPHPEdit

PHPEditor တစ်ခုပါ။ သုံးလို့ကောင်းတယ်။ PHP သမားတွေအတွက် bluefish ထက်ပိုကောင်းတယ်လို့ ခံစားရစေမှာပါ။

$sudo apt-get install gPHPEdit

Gwget

ကျွန်တော်တို့တွေ အင်တာနက် သုံးမယ်ဆိုရင် တောင့်တောင့်တတနဲ့ လိုအပ်တာကတော့ download manager ပါ။ firefox မှာပါတဲ့ downthemall ကို သုံးလည်းဖြစ်ပါတယ်။ gnome ရဲ့ download manager gwget ကလည်း အရမ်းမလိုအပ်ပေမယ့် သွင်းထားသင့်ပါတယ်။

$sudo apt-get install gwget

GFTP

FTP software တစ်ခုပါ။ file upload တွေ အတွက် အသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် firefox add-on ဖြစ်တဲ့ fireftp ကိုလည်း သုံးလို့ရပါတယ်။

$sudo apt-get install gFTP

Inkscape

Ubuntu မှာ Vector တွေဆွဲလို့မရဘူးလို့ပြောမလို့လား။ ဒါဆိုရင် မှားသွားမယ်နော်။ Adobe Illustrator လောက်နီးနီး စွမ်းဆောင်ရည် ရှိတဲ့ Inkscape ဆိုတာရှိပါတယ်။ ကျွန်တော်က vector သမားမဟုတ်တော့ ဘယ်လောက်အသုံးဝင်လဲ ဆိုတာကိုတော့ သေသေချာချာမသိဘူး။

$sudo apt-get install inkscape

Phatch

Phatch ဆိုတာကတော့ Image အများကြီးကို Resize လုပ်တာတွေ Rotate လုပ်တာတွေအတွက်ပါ။ လှပတဲ့ design နဲ့ သုံးလို့ကောင်းတဲ့ program လေးတစ်ခုပါ။ သူ့ကိုတော့ အောက်က လိပ်စာမှာ download လုပ်နိုင်ပါတယ်။

http://photobatch.stani.be/

LAMP

PHP သမားတွေကတော့ မဖြစ်မနေသွင်းကို သွင်းသင့်ပါတယ်။ Apache , MySQL, PHP တွေတစ်ခါတည်းသွင်းရတော့ size က နည်းနည်းတော့ များတယ်။

$sudo apt-get install apache2 php5-mysql libapache2-mod-php5 mysql-server php5-gd phpmyadmin php5-curl php5-xmlrpc

Cario-Dock

Mac Dock တွေလိုမျိုး လှပသေသပ်လှတဲ့ dock တစ်ခုပါ။ Windows မှာရှိတဲ့ dock တွေထက် ပိုမိုကောင်းမွန်ပါတယ်။ နောက်ပြီး ပိုပြီးလှပတဲ့ theme တွေ ပါဝင်တယ်လေ။ ကျွန်တော်တို့တွေ အပေါ်မှာ software source ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် အခု တစ်ခါတည်း သွင်းလို့ရတာပါ။

$sudo apt-get install cairo-dock

Google Gadget

Ubuntu မှာ sidebar မပါလို့ စိတ်ပျက်နေလား။ side bar တွေ widget တွေမရှိလို့ desktop ကြီးရှင်းလင်းနေတာ ရိုးရှင်းတယ်လို့ ထင်နေသလား။ ဒီအတွက် google က Ubuntu အတွက် ထုတ်ထားပေးပါတယ်။ Desktop တွေကို အလှဆင်ရတာ ဝါသနာပါတဲ့သူတွေ အကြိုက်ပေါ့ဗျာ။

$sudo apt-get install google-gadgets

Launchy

Alt + R လို့နှိပ်ပြီးတော့ windows က run လိုမျိုး ubuntu မှာ သုံးလို့ရပါတယ်။ ဒါပေမယ့် launchy.net ကနေ deb package ကို download ချပြီး သွင်းသင့်ပါတယ် ။ ကိုယ် run ချင်တဲ့ program လေးတွေကို စာရိုက်လိုက်တာနဲ့ icon လေးဖော်ပြပေးတယ်။ နောက်ပြီးတော့ list လေးပါ ချပေးတော့ ရွေးလို့လည်းရတယ်လေ။ ကိုယ့် စက်ထဲမျာ သွင်းထားသင့်တာ အမှန်ပဲဗျ။

Add in Sessions

Sessions ဆိုတာကတော့ windows မှာပါတဲ့ startup လိုပါပဲ။ OS တက်တက်ခြင်း ဘယ် program တွေအလုပ်လုပ်စေချင်လဲဆိုတာကို ထည့်သွင်းထားလို့ရပါတယ်။ ကျွန်တော်တို့ကတော့ google gadget နဲ့ cairo dock ကို စတက်တက်ခြင်းမှာ ပေါ်အောင်လုပ်ဖို့လိုပါတယ်။ နောက်မို့ဆို OS တက်တိုင်း သွားသွားဖွင့်နေရလိမ့်မယ်။ ဒါကြောင့် sessions ထဲမှာ ထည့်ဖို့အတွက် Settings > Preference > Sessions ကိုသွားပါ။ Add လုပ်လိုက်ပါ။ Command ggl-gtk လို့ရိုက်ထည့်လိုက်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ Name ကို Google Gadget ပေးလိုက်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ Add ထပ်လုပ်ပါ။ Name ကို cairo-dock ပေးလိုက်ပါ။ command ကိုလည်း cairo-dock လို့ပေးလိုက်ပါ။ ပြီးရင် OK လုပ်လိုက်ပါ။ ဒါဆိုရင် နောက်တစ်ခေါက် တက်လာရင် သူ့ဘာသာသူ cairo-dock နဲ့ google gadget က တက်ပြီးသားဖြစ်နေမှာပါ။

Other Source

Theme Design လှလှလေးတွေပြင်ချင်တယ်။ Login screen တွေပြင်ချင်တဲ့ သူတွေအတွက်ကတော့ http://www.gnome-look.org ရှိပါတယ်။ Software တွေကို စမ်းသွင်းမယ်။ စမ်းသုံးမယ်ဆိုသူတွေကတော့ http://www.gnomefiles.org/ ကိုသွားလိုက်ပါ။

12 Comments

  1. Pingback: Phatch | Saturngod
  2. KyawSwar says:

    very good technology sharing. I want to know one thing.
    How to internet sharing from ubuntu?
    Can u share me for this question?

  3. pyae phyo says:

    အစ်ကိုရေ..
    ubuntu 8.10 အတွက် VPN network ချိတ်နည်းလေးသိချင်လို့ပါ..
    နောက်ပြီး ubuntu 8.10 အတွက် network manger package လေးကိုတင်ပေးပါလားအစ်ကို..
    tks..

  4. အကိုရေ
    ubuntu 7.04 မှာ ဇော်ဂျီရယ် ဂျီတော့ရယ် သုံးချင်ပါတယ်
    ဘယ်လိုလုပ်ရမလဲ…..

  5. တာရာ says:

    ကျွန်တော် အစ်ကိုပြောသလို သွင်းတယ်..
    ဒါပေမဲ့ သွင်းပြီးသား ဟာတွေကို ဘယ်မှာရှာရမလဲအစ်ကို…

    1. saturngod says:

      Application Menu မှာ ပေါ်လာတယ်လေ…

  6. တာရာ says:

    အစ်ကိုရေ.
    google gadgets တွေက သွင်းမရတော့ဘူးလားဟင်
    မရလို့..အခု
    screenlets ကို သုံးနေတာ..

  7. sanlinhtet says:

    ကိုစေတန် ကြီး .. ကူပါအုံးဗျ …
    ကျွန်တော်မှာ ပြဿနာတတ်နေလို့ … ဒီလိုဗျာ…ကျွန်တော်က Ubuntu server 10.04 ကို သုံးချင်တာ…ကျွန်တော်တစ်ခါမေးဘူးပါတယ်..ကိုစေတန် ပဲ googl ဆီကိုပဲ ကျွန်တော့်ကိုပို့ခဲ့တယ် :P ဒီတစ်ခါတော့ ကျွန်တော်ရှာကြည့်ပြီးပါပြီ…အခုပြဿနာပေါ့ .. အရင်က ကျွန်တော် ရိုးရိုး MotherBoard ကိုပဲ သုံးပါတယ် …အခု ကျွန်တော် HARDWARE RAID CONTROLLER အတွက်ဆိုပြီး Intel® Desktop Board DP55WG ကို i3 နဲ့ သုံးကြည့်ပါတယ် အဆင်မပြေပုံကတော့ အဲဒီ board ရဲ့ Menual ထဲမှာ Loading the Intel Matrix Storage Technology
    RAID Drivers and Software (Required for
    Microsoft Windows XP Installation)ဆိုတာ ပဲ ပါတယ် RAID အတွက်ပေါ့ ။ ubuntu အတွက် နဲ့ တစ်ခြား OS တွေအတွက်မပါလာဘူးဗျာ…ကျွန်တော်သုံးတာက 160 GB HDD တစ်လုံးရယ် 1TB HDD နှစ်လုံးကိုသုံးပါတယ် .. user လိုချင်တာ က သူက OS တစ်လုံးပေါ့ … os အတွက်ကို ကျွန်တော်က 160 GB ကိုသုံးပြီ DATA တွေအတွက်ကို 1TB နှစ်လုံးကို MIRROR အနေနဲ့လိုချင်နေတယ်…ကျွန်တော် အခု အဆင်မပြေလို့ … အခု hradware raid controller ကလည်းအဆင်မပြေဘူဖြစ်နေတယ်…ကိုစေတန် ကြီးမှာ အကြံကောင်းလေးများ သို့ မဟုတ် လမ်းညွှန်ချက်ကောင်းကောင်းလေးများရှိရင် ညွှန်ပေးပါအုံး…

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.