KDE 4 so nice

KDE 4 အသစ်ထွက်တာ သုံးကြည့်ဘူးလား။ တော်တော်လေးကို လှပတယ်။ နောက်ပြီး built-in desktop widget တွေပါလာတယ်။ widget တွေကိုလည်း desktop ပေါ်မှာ 360 degree လှည့်လို့ရတယ်။ size တွေ ကြိုက်သလို လုပ်လို့ရတယ်။ desktop ပေါ်မှာ icon တွေမထားတော့ပဲ widget အခြေပြုပုံစံပြောင်းထားတယ်။ နောက်ပြီး menu က ပိုမိုရိုးရှင်းလွယ်ကူတဲ့ ပုံစံပြောင်းထားတယ်။ start menu ကို category တွေနဲ့ ခွဲပြီးတော့ တည်ဆောက်ထားတယ်။ နောက်ပြီး start menu က application တွေ search လုပ်ပြီးရှာတာ မြန်တယ်။ ထူးခြားတာက folder တွေကို mouse နဲ့ multi-select လုပ်လို့ရအောင်လုပ်ထားပေးတယ်။ folder ပေါ်မှာ + icon လေးတွေ နှိပ် နှိပ်ပြီးတော့ select လုပ်ရတယ်။ folder ကို 1 click နဲ့ folder open ဖွင့်လို့ရအောင်လုပ်ထားပေးတယ်။ KDE 3 နဲ့ တခြားဆီကို ဖြစ်သွားတယ်ဗျာ။ ကျွန်တော်တောင် KDE ပြောင်းသုံးမလား စဉ်းစားနေတာ။ GUI က အရမ်းကို လွယ်ကူတယ်။ Kubuntu ကို install inside windows လုပ်တော့ ubuntu ရှိနေလို့ သွင်းမရဘူး။ ဒါနဲ့ Kubuntu အတွက် partition တစ်ခုနဲ့ လုပ်မလို့ စဉ်းစားနေတယ်။ virtubox နဲ့က အရမ်းနှေးတယ်။ ကျွန်တော့် memory 1 GB နဲ့ အဆင်သိပ်မပြေဘူးလေ။ အမှန်တိုင်းပြောရင် Kubuntu ကို သွင်းရမှာက ခပ်လန့်လန့်ပဲ။ Grub ကို ကြောက်နေတာ။ kubuntu မကြိုက်လို့ ဖြတ်ချပြီးမှ fix boot ပြန်လုပ်နေရမှာဆိုးလို့။ ဘာပဲပြောပြော စမ်းသွင်းကြည့်လိုက်အုံးမယ်ဗျာ။ KDE 4 လေးကြောင့် kubuntu က သုံးချင်လာအောင် ဆွဲဆောင်မှုရှိနေတယ်။ ကျွန်တော်က Opensuse KDE 4 ကို VirtuaBox မှာ သွင်းပြီးကတည်းက သဘောကျနေတာအမှန်ပဲဗျာ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading