ကျွန်တော့်အကျင့်လေးများ

ကိုမျက်လုံး ၊ အစ်မ သဉ္ဇာ ၏ Tag မှုကိုခံလိုက်ရသောကြောင့် ကျွနု်ပ်၏ ပေါက်တတ်ကရ အကျင့်လေးများကိုရေးသားရန် အကြောင်းဖန်လာပါတော့သည်…….
(ဝတ္တုထဲက အတိုင်းရေးကြည့်တာ)

ကျွန်တော့်ရဲ့ အကျင့်လေးတွေကတော့…

၁.ရောက်လေရာနေရာတွင် အိပ်ငိုက်တတ်ခြင်း

ညဆိုရင် ၂ နာရီမှ အိပ်ပျော်တယ်… မနက်ရောက်ရင် ကျောင်းသွားဖို့ ၆ နာရီက ထရတယ်…
အဲဒါကြောင့် ferry မှာ ရော ကျောင်းမှာပါ အိပ်တတ်သည်။ ကျောင်းပိတ်ရက်တွေ ဆိုရင်တော့ မနက် ၁၁ နာရီလောက်မှ ထတယ်…

၂.မီးပျက်ချိန်တွင် အရူးတစ်ယောက်ကဲ့သို့အော်ဟစ်ခြင်း

မီးပျက်ပြီဆိုရင်တော့ မနေနိုင်ဘူး… မီးလာတာကို ထိုင်စောင့်ပြီး ပါးစပ်ကလည်း မီးရုံးကိုပဲ ဆဲဆိုနေတာ… မီးလာရင်တော့ ဟေးခနဲဆိုပြီး ဘောပွဲကြည့်တာထက် အသံကျယ်ကျယ်လောင်လောင်အော်တာပဲ…

၃.ဘာမှ မလုပ်တတ်ခြင်း

အိမ်မှာ မီးလာရင် computer ရှေ့မှာထိုင်ပြီး တကုပ်ကုပ်ပဲ (ဝဲကုပ်နေခြင်းမဟုတ်ပါ)။ တခြားဘာခိုင်းခိုင်း ခဏနေပါအုံး… ပြီးရင်လုပ်ပေးမယ်… အကြောင်းအမျိုးမျိုးပြကာ ဘာမှ မလုပ်ခြင်း….

၄.စာသင်ချိန်တွင် အိပ်ငိုက်ခြင်း

first year က အတန်းထဲမှာ အိပ်လို့ ဆရာမ ခေါင်းလာခေါက်တာခံဘူးတယ်…
second year ရောက်တော့ ဆရာမ စာခဏခဏမေးတယ်… ဆရာမတွေ ရွဲ့ပြီးပြောတာလည်းခံရတယ်…
third year ရောက်တော့ အတန်းထဲမှာ အိပ်လွန်းလို့… အတန်းထဲရှိ ကောင်မလေးများ ရယ်ခြင်း ၊ ဆရာ ဆရာမများ မှတ်မိခြင်း ၊ roll call ခဏခဏ လွတ်ခြင်း တို့ ဖြစ်ဖူးတယ်…
honus ရောက်တော့ ဘာဖြစ်မယ်မသိဘူး… အခုတော့ roll call က ကျော်သွားမှ ထောင်ဖြစ်တယ်… အိပ်ပျော်သွားလို့ ဘေးနားက သူငယ်ချင်းနှိုးမှ နိုးတယ်…

၅.အစားအစာ

အစားအစာတွင် အခြောက်မှ စားတတ်ပါသည်… ဆီပြန်ဟင်းတို့ ဟင်းရည်တို့ကို လုံးဝစားမရပါ…
သို့သော် လူအခြောက်တော့ မကြိုက်ပါ…
နောက်ပြီး အအေးအလွန်ကြိုက်တာပဲ… အမြဲလိုလိုအအေးဖိုးနဲ့ ပိုက်ဆံကုန်နေတာ… အိပ်မှာ အအေးဝယ်ထားလည်း ဘယ်လောက်မှ မခံဘူး… ကုန်တာပဲ… အအေးကို ရေလိုသောက်တာ… ဘယ်နေ့ ဆီးချိုရောဂါရမလည်း မသိဘူး…

၆.အနေအထိုင်

အနေအထိုင်က ပြောစရာမလိုဘူး… တကယ့် smart… ဖြစ်သလိုနေတဲ့နေရာမှ ပြောတာ… သူငယ်ချင်းတွေ အိမ်ကို လာရင် ကြွက်သိုက်ကတောင် အဘ ခေါ်ရတယ်လို့ ပြောယူရလောက်အောင်ပဲ… အပြင်သွားရင်လည်း ဒီလိုပဲ ဖိုသီဖတ်သီပေါ့… ပြင်ပြင်ဆင်ဆင်နေရတာ အလုပ်ရှုပ်လို့… ဖြစ်သလို ပေါ့ပေ့ါပါးပါးပဲနေတယ်.. အရေးကြီးတဲ့ နေရာတို့ မင်္ဂလာဆောင်တို့မှ ခေါင်းလေးဘာလေးဖီးသွားတတ်သည်….

၇.ရုပ်ရှင်အလွန်ကြိုက်ခြင်း

မြန်မာကားဆိုရင်တော့ လုံးဝမကြည့်ဘူး… ပေါတယ်ထင်လို့.. ဒါပေမယ့် english ကား ငပေါကားတွေတော့ ကြိုက်တယ်… ဟီး.. ဘာဖြစ်လို့လည်းတော့မသိဘူး… english ကားဆိုရင် ဇာတ်အိမ်ခိုင်မာတဲ့ drama တွေကိုကြိုက်တယ်… ကိုရီးယားတို့ တရုတ်တို့တော့ သိပ်မကြည့်ဘူး…

၉.အမြဲလိုလို ရယ်နေတတ်ခြင်း

ဘာဖြစ်လို့မှန်းကို မသိတာ… လူကို အမြဲ စပ်ဖြီးဖြီးနဲ့… ဒါတောင် တခါတလေ လူတတ်ကြီးစတိုင်ဖမ်းတယ်… မရဘူး… ဒီလိုပဲ… နည်းနည်းလေး ပြုံးတုန်းတုန်းလေနေတော့ ငပေါလိုလိုဘာလိုလိုဖြစ်နေတယ်… ဟီး..

၁၀.စာကြည့်ချိန်ဆိုတာမရှိ

ဘာဖြစ်လို့မှန်းကို မသိတာ… စာဆိုတာ ဆေးထက်တောင် ကြောက်ဖို့ကောင်းလို့လားမသိဘူး.. ကျောင်းစာဆို လုံးဝကိုမကြည့်တာ… 2 subject 1 night ပဲ…

ဒီလောက်ပဲ စဉ်းစားလို့ရတယ်….
တခြားလူကို tag ဖို့ရှာလိုက်တော့… မြန်မာ blogger တွေ တော်တော်များများ tag ပြီးတာပြီဆိုတော့…
သေသေချာချာရှာပြီးမှ edit လုပ်ပြီး ပြန် tag ရမယ်…

တစ်ယောက်တွေ့ပြီ…
ကဲ tag လိုက်ပြီ…
http://khunmoekyaw.blogspot.com/

9 responses to “ကျွန်တော့်အကျင့်လေးများ”

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading