လူညီလျှင်

လူညီလျှင် ဤသည် ကျွဲဖြစ်သည်လို့ ငယ်ငယ်တုန်းက ကြားဖူးတယ်။ အခုတော့ google က မှန်ကန်ကြောင်းပြနေပါပြီ။

ပလက်စတစ် (522) VS ပလတ်စတစ် (9,510)

လျော့သုံး (3) VS လျှော့သုံး (0)

ငပိ (2,620) VS ငါးပိ (5,450)

မင်္ဂလာ (55,700) VS မင်ဂလာ (88)

ဝေါဟာရ (2,890) VS ဝေါဟာရ (6,480)

ဝလုံး (2,310) VS ဝလုံး (641)

ယူနီကုတ် (3,080) VS ယူနီကုတ်ဒ် (1) VS ယူနီကုဒ် (4,940)

စေတန်ဂေါ့ (14,300) VS စေတန်ဂေါ့ဒ် (795)

ကွင်းစကွင်းပိတ်နဲ့က google မှာ ရှာလို့တွေ့တဲ့ search result စုစုပေါင်းပါ။

11 responses to “လူညီလျှင်”

  1. မင်္ဂလာ နဲ့ ငါးပိကတော့အမှန်လို့ထင်တာပဲ …
    ယူနီကုဒ်တို့ ပလက်စတစ်တို့ကတော့ အသံထွက်ကိုမှန်းပြီးရေးကြတာဆိုတော့ …

    1. မင်္ဂလာနဲ့ ငါးပိက အမှန်ပါ။ နောက်ပြီး ၀ နဲ့ ဝ နဲ့ ခွဲမရေးကြတာများတယ်။ ပလတ်စတတ် က အမှန်ပါ။ ပလက်စတတ် လို့ ရေးတဲ့သူတွေလည်း ရှိပါတယ်။

  2. ဟုတ်တယ်ဗျာ .. အဲ့ဒါတော့ တော်တော်ဆိုးတယ် တစ်ချို့သူတွေက ဝ နဲ့ ၀ ကွဲမှန်းကိုမသိတာ တစ်ချို့ကျတော့ သိသိနဲ့ရေးတာ … searching လုပ်ရင် အခက်တွေ့ရော …

  3. ပလက်စတစ်နဲ့ ပတ်သက်လို့ Plastic ဆိုတာရဲ့ အဘိဓာန်တွေမှာ ရေးတဲ့ အသံထွက်အတိုင်း လူတွေရေးတာ လိုက်ပြောင်းလာကြတာလို့ထင်ပါတယ်။
    ဝလုံး သုညကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်မြင်တာကတော့ တစ်ချို့ မြန်မာစာစရိုက်တာ KeyBoard ပဲကြည့်ရိုက်တာဗျ။ ဇော်ဂျီမှာ ပါတဲ့လက်ကွက်ဇယားကို ကြည့်ခဲတဲ့အပြင် ကြည့်ရင်လည်း သာမန်ကာလျှံကာလောက်ပဲ ကြည့်ကြတယ်။ နောက်တစ်ခု ကီးဘုတ်တွေမှာ ပါတဲ့ မြန်မာစာသင်္ကေတတွေကလည်း ဇော်ဂျီနဲ့ မကိုက်တာတွေအများကြီးလေ။ ခု ကျွန်တော်သုံးနေတဲ့ A4TECH မှာဆို ယပက်လက်ရဲ့အပေါ်မှာ ရရစ်ဝဆွဲကြီးပြထားတာ။ အဲဒီတော့ မတတ်တတတ်နဲ့ ရိုက်တဲ့လူက ပြီးပြီးရော သုညနဲ့ပဲ လုပ်ချလိုက်ရော … ။ တစ်ချို့ဆို ဝလုံးနဲ့ သုည နှစ်ခုပါမှန်းတောင်မသိဘူး။ သုညတစ်ခုတည်းကိုပဲ နှစ်မျိုးသုံးရတာတောင်ထင်နေတာလေ။ အဲဒါ အဲဒါ ( … ကိုစေတန်ရေ … ကျွန်တော်လည်း ဝလုံးနဲ့ သုည ပို့စ်တစ်ခုရေးဖူးတာမို့ အရစ်ရှည်ရှည် ကွန်မင့်ပေးလိုက်ပါတယ်။ ကျွန်တော်မှားနေရင်လည်း သည်းခံပါခင်ဗျာ …:)

  4. ပလပ်စတစ်
    လျှော့သုံး
    ငါးပိ
    မင်္ဂလာ
    ဝေါဟာရ
    ယူနီကုတ်
    ဝလုံး
    စေတန်ဂေါက်

  5. ကျေနပ်ချင်နပ်.မနပ်ချင်နေ။

    1. ကျေနပ်ပါသည်။ :P ပလပ်စတစ် ဆိုတာကို မရှာမိလိုက်ဘူး.. :D

  6. တော်သေးတာပေါ့. စိတ်များဆိုးသွားမလားလို့။

  7. […] ဘလော့ဂ်မှာ တွေ့ခဲ့တဲ့ ပို့စ်က၊ လူညီလျှင် တဲ့။ အဲမှာမှ သိတယ် ဝလုံး=ဝ  နဲ့ သုည=ဝ  […]

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading