ရောင်းမည်

iRiver H340 (40G) –>$150

တချိန်က iPod killer ဟုခေါ်ခဲ့ကြသော iRiver ကို $150 နဲ့ ပြန်ရောင်းမယ်တဲ့။ 40 G ပါဝင်ပြီး သီချင်း , video format တော်တော်များများကို ဖွင့်လို့ရတယ်။ 1used ပဲဖြစ်ပြီး amazone မှာတော့ $335 1 used နဲ့ ယှဉ်ရင် တော်တော်တန်တယ်ဗျ။ သေသေချာချာ သိချင်ရင် Amazone မှာ သွားကြည့်လိုက်နော်..

Canon powershot S3is-> $300

ဒါက ဓာတ်ပုံ သမားတွေ အကြိုက်တွေ့မယ်လို့ ထင်တယ်။ ကျွန်တော်က camera အကြောင်းကောင်းကောင်းမသိပေမယ့် Amazone မှာ 16 used ကိုတောင် $220 ဆိုတော့ 1 Used $300 ဆိုတာ တော်တော်လေး တန်တယ်လို့ ဆိုလို့ရမယ်။ ဘာတွေ ကောင်းလဲတော့ သေသေချာချာ မပြောတတ်ဘူး။ ဒါပေမယ့် ထုံးစံအတိုင်း သိချင်ရင် ဒီ Link လေးသွားဖတ်ကြည့်လိုက်ပေါ့။ 4GB high speed memory card ပါဝင်မယ်လို့ဆိုပါတယ်။

Canon Scanner LIDE 600F -> $150

ယခုအချိန်မှာ အသစ်ကို $350 လောက် ရှိတယ်။ scanner တစ်လုံး $350 လောက်ရှိတယ်ဆိုတော့ တော်ရုံတန်ရုံ scanner တော့ မဟုတ်လောက်ဘူးထင်တာပဲ။ အခုပြန်ရောင်းမှာက ပုံ ၁၀၀ တောင် မဖတ်ရသေးတဲ့ 1 used လေးပါ။ ဒီအတွက် $150 ဆိုတာကလည်း တော်တော်လေးကို သင့်တော်တယ်ထင်တယ်ဗျ။ နောက်ပြီး negative film တွေပါ ပြန်ဖတ်လို့ရတော့ အရင်က ဓာတ်ပုံတွေကို film ကနေ scanner ဖတ်ပြီး photo ပြန်ထုတ်လို့ရပြီပေါ့…

သေသေချာချာဖတ်ကြည့်ချင်ရင်
Hp iPAQ  HW6965 -> $300

စပေါ်ကာစ ဝယ်တုန်းကတော့ SGD 1100 ပေးရတယ်။ အခု google ကနေ ရှာကြည့်လိုက်တော့ $640 ပဲရှိတော့တယ်။ 1 Used ဖြစ်ပြီး Windows Mobile 5 ပါဝင်တယ်။ နောက်ပြီး အထဲက software တွေကလည်း တရားဝင် ဝယ်သုံးထားတဲ့ software တွေလို့ဆိုပါတယ်။ 2GB Transcend memory card ထည့်ပေးထားတယ်လို့ဆိုပါတယ်။ Detail…
Laptop ASUS 1.5 GHZ , 720 MB , 60 GB -> $250

လက်ရှိအချိန်မှာ laptop တွေက တော်တော်လေး ခေတ်စားလာတယ်။ လူတိုင်းနီးပါး laptop သုံးလာကြတယ်။ နောက်ပြီး ရှိတဲ့လူတွေကလည်း အဟောင်းကို ထုတ်ရောင်းလာတာတွေ့ရတယ်ဗျ။ အခုလည်း ASUS (model နံပတ်မေ့) P4 Celeron 1.5 GHZ, Memory 720 MB, Harddisk 60 GB ကို $250 နဲ့ ပြန်ရောင်းဖို့ရှိတယ်။ 1 used ပဲ ရှိသေးတယ်။ Model နံပတ် မေ့နေလို့ လက်ရှိ ပေါက်ဈေးကတော့ ရှာရခက်နေတယ်။

အထက်ပါ ပစ္စည်းများကို ဝယ်ယူလိုလျှင် သို့မဟုတ် စုံစမ်းလိုလျှင် ဖုန်း — (၀၉)၄၄၄၅၄၃၂၁ ကို ဆက်သွယ် မေးမြန်း ဝယ်ယူနိုင်ပါတယ်။ 1 stock ပဲရှိတဲ့အတွက် နောက်ကျရင်တော့ ရမှာမဟုတ်ဘူးဗျ ;)

One response to “ရောင်းမည်”

  1. Dont trust amzon to buy something ,i got nothing after i brought from there where should i go and sue them if they cheat you

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading