Facebook F8

Facebook f8 အကြောင်းရေးမယ် ရေးမယ်နဲ့ MZ newsletter က အချောသတ်တာ မပြီးသေးတာနဲ့ အချိန်ပေးလိုက်ရလို့ မရေးဖြစ်ဘူးဖြစ်သွားတယ်။ ပထမပိုင်းမှာ Mark Zuckerberg က အဖွင့် keynote နဲ့ စလိုက်တာပဲ။ ပွဲမစခင်မှာ ပြထားတဲ့ video လေးက စမ်းနေတယ်။ Graph တွေ ဆွဲနေတဲ့ပုံတွေ တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်နေတဲ့ ပုံတွေ video ပြကတည်းက တစ်ခုခုတော့ တစ်ခုခုပဲလို့ တွေးမိလိုက်တယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း facebook connect ကို ကြေငြာခဲ့သလို ဒီတစ်ယောက်တော့ နောက်ထပ် API အသစ်တစ်ခုခုတော့ ထုတ်တော့မလား လို့ စဉ်းစားမိတယ်။

Keynote အဖွင့်မှာကတည်းက Open Graph API နဲ့ စလိုက်တာပဲ။ Open Graph ဆိုတာကတော့ ကျွန်တော်တို့ ကျောင်းမှာသင်ခဲ့ရတဲ့ sementatic ပါပဲ။ အဲ… UCSY မှာကတော့ မသင်ရဘူးလားမသိဘူး။ ကျွန်တော် Hons လုပ်တုန်းက Master Thesis လုပ်နေတဲ့သူဆီကနေ ခဏ ငှားဖတ်မိပြီး သဘောကျတာနဲ့ တခြား စာအုပ်တွေကိုဖတ်ကြည့် လေ့လာကြည့်မိဘူးတယ်။ Theory အရသဘောတွေ့ပေမယ့် လက်တွေ့မှာ တော်တော်ဖြစ်ဖို့ခဲယဉ်းတယ်လို့ ဆိုရမယ်။ လူပျိုကြီးနဲ့လည်း Sementatic အကြောင်း ဆွေးနွေးဘူးသေးတယ်။ theory ကောင်းပေမယ့် သူ့ကိုသုံးမယ်ဆိုရင် developer တွေက အကုန်လိုက်ပြင်ရမလို ဖြစ်နေတော့ ဖြစ်ဖို့ သိပ်မလွယ်လှဘူးပေါ့။ Mark ကလည်း စကတည်းက Open Graph ကို တန်းမပြောဘူး။ Steve စတိုင်အတိုင်း statics တွေနဲ့ facebook connect လူသုံးများလာတာတွေ နောက်ပြီး fan page တွေ လူသုံးများလာတွေကို ရှင်းပြတယ်။ အဲဒါက အစပဲ။

facebook connect လူသုံးများလာခြင်းက Open Graph ကို ဖြစ်လာစေဖို့အများကြီး အထောက်အကူပြုတာပဲ။ မလွယ်လှဘူးထင်တဲ့ Sementatic Network ကြီးပေါ်လာစေခြင်း အစပဲ။ facebook connect တွေ လူသုံးများလာတာ ကိုယ်လည်း သိတယ်။ အဲလို လူသုံးမျာလာတာ Sementatic Network ဖြစ်စေတယ်ဆိုတာကို ကိုယ့်ကို မသိလိုက်လေခြင်းလို့ တွေးမိပြီး အားမလို အားမရတောင် ဖြစ်သွားတယ်။ Open Graph ကရှင်းပါတယ်။ Facebook Connect ကို သုံးမယ်။ ပြီးရင် Graph အတိုင်းဆွဲထုတ်လိုက်ရုံပဲ။ ဥပမာ။ ကျွန်တော်က cocacola ကြိုက်တယ်။ သူ့ Fan Pages ကို Like လုပ်လိုက်တယ်။ ဒါဆို ကျွန်တော် cocoacola ကြိုက်တာကို ကျွန်တော့် သူငယ်ချင်းတွေ သိနိုင်တယ်။ နောက်ပြီး facebok connect သုံးထားတယ်။ အရင်ကလို code တွေ အများကြီးနဲ့ ခေါ်နေစရာမလိုတော့ဘူး။ Login ဝင်ထားသူရဲ့ information သိချင်တယ်။ ဒါဆိုရင် https://graph.facebook.com/me/ လို့ ခေါ်လိုက်ရုံပဲ။ ဒါဆိုရင် home wall  ကို သိချင်တာလား https://graph.facebook.com/me/home ဆိုရင် ရပါပြီ။ ရိုးရှင်းတယ်။ လွယ်ကူပါတယ်။ နောက်ပြီး oAuth 2.0 ကို အသုံးပြုထားပါတယ်။ အရင်ကထက် သုံးရတာ အများကြီးလွယ်သွားပြီ။ နောက်ပြီး Picture , Analystic , Publish Post စတာတွေကို လုပ်လို့ရလာပြီ။

နောက်ထပ် တစ်ခုကတော့ Social Plugins အသစ် ၇ ခုကို ကြေငြာခဲ့ပါတယ်။ သဘောအကျဆုံးကတော့ like button ပဲ။ သမာရိုးကျ wordpress မှာ like button သုံးရတာထက် facebook like button ကို သုံးရတာ ပိုသဘောကျတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကိုယ့် ဘယ်သူငယ်ချင်းတွေ like သလဲဆိုတာကို သိနိုင်လို့ပါ။ အဲဒီ like button ကိုလည်း meta tag တွေသုံးထားခဲ့ရင် ကိုယ် ဘာကို like ထားလဲဆိုတာကို ပြန်ဖော်ပြပေးနိုင်တယ်။

နောက်ပြီးတော့ အရင်ကလို Authentication လုပ်ပုံမဟုတ်တော့ပဲနဲ့ တစ်ခါတည်းနဲ့ Authentication အများကြီးကို Allow လုပ်လို့ရပါပြီ။ အရင်ကဆို Allow ကြီးပဲ ၂ ခါ ၃ ခါ လောက်နှိပ်ရတဲ့ ပြဿနာတွေ ကင်းဝေးသွားတာပေါ့။

Facebook F8 ပွဲ keynote မှာ

Graph API
Authentication
Social plugins
Open Graph protocol

အဲဒီ လေးမျိုးကို ကြေငြာသွားခဲ့ပါတယ်။ ကျန်တဲ့ session တွေကိုတော့ ဆက်မကြည့်တော့ဘူး။ အိပ်ငိုက်တာနဲ့ အိပ်ပလိုက်ကော။ တကယ်လို့ ပြန်ကြည့်ချင်တယ်ဆိုရင်လည်း http://apps.facebook.com/feightlive/ မှာ ကြည့်လို့ရပါတယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.