Fedora 10

Fedora 10 CD လိုချင်သူများ

ဖုန်း ဝ9၈0၂2၉3၉ ကို ဆက်သွယ်နိုင်ပါတယ်။

(ကျွန်တော့်ဖုန်းနံပတ်ပါ)

ကျွန်တော့်မှာ ရနိုင်တဲ့ Linux တွေကတော့

Fedora 10 CD ( ISO )
Ubuntu 8.10 CD that include wubi ( ISO )
Ubuntu 8.10 DVD that not include wubi ( DVD အခွေလွတ်နဲ့ လာကူးနိုင်ပါတယ်။ Activemedia အခွေဆိုင်မှာလည်းဝယ်လို့ရပါတယ် )
BackTrack 3 ( ISO )

အဆိုပါ ISO file များကို 1 GB stick ဖြင့် အခမဲ့ ကူးယူနိုင်ပါတယ်။ ရန်ကုန် မန်းလေး မဟုတ်သော နေရာမှ လူများ

saturngod AT mysteryzillion.org သို့
subject: CD Request
Message:

နာမည် :
လိပ်စာ :
မှတ်ပုံတင်အမှတ် :

ထည့်ပြီး တောင်းယူနိုင်ပါတယ်။ ပို့ခကို ဒီဘက်က ပေးချေမှာတော့ မဟုတ်ပါ။ ရွေးသူကသာ ပေးချေရပါမည်

ရန်ကုန် က လူများ ISO File သာ Free ပေးနိုင်ပြီး DVD , CD အခွေဖိုး ကျွန်တော် မတက်နိုင်သောကြောင့် Free မပေးတာပါ။ နယ်ကလူတွေကတော့ နယ်ဖြစ်လို့ ပို့ပေးတာပါ။ မန်းက လူများ ခွန်၏ ဆိုင်တွင် အဆိုပါ File များ ရောက်အောင် ကျွန်တော် ပို့ပေးထားပါမယ်။

11 Comments

  1. နယ်မှာပဲနေတော့မယ်ဗျား ပို့ပေးလိုက် ဟုတ်ပြီလား
    လိပ်စာက ရန်ကုန်အပြင်ဘက်ပေါ့ဗျား

  2. Trh says:

    What about the people abroad ? ;P
    BTW, brother, you can request CDs for free in official ubuntu site.
    Yeah, it also works for Myanmar … ( it takes around two weeks according to my friend )

  3. saturngod says:

    Trh ရေ.. မြန်မာနိုင်ငံက လူတွေအတွက် download က အဆင်မပြေဘူးဗျ… တခြား distro တွေတော်တော်များများက CD request မရဘူးလေ… ဒါကြောင့် ဒီလိုဆောင်ရွက်ပေးတာပါ…

  4. Rapster88 says:

    @Trh
    Yes, You can request those CDs for free but the bloody custom dept might charge you with some fee. That happened to me before and I was so pissed off.

  5. minlwin121 says:

    MDY မှာ .. fedora 10 က ဝယ်လို့မရ ဘူးဗျ..

    ဆိုင်တွေ လဲ စုံနေဘီ..

    နောက်ပြီး .. linux အတွက်.. saturngod ရဲ ့ ရေးထားတဲ့.. package တွေ အကုန် လို

    ချင်တယ် ခင်ဗျ.. အခု မှ .. linux ကို စတင် သုံးစွဲဘူးလို့ပါ ခင်ဗျာ…

    ကျေးဇူး.ပါ

    1. saturngod says:

      FutureSky Internetcafe ၇၃ လမ်း ၃၃ x ၃၄ လမ်းကြား ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ မှာ ရယူနိုင်ပါတယ်။ ခွန်မိုးကျော်ကို မေးပြီးတောင်းယူနိုင်ပါတယ်။

  6. minlwin121 says:

    linux နဲ့ပတ်သတ်ပြီး ဆော့ဝဲလ် တွေ ကို တစ်ပေါင်းတည်း လိုချင်သေးတယ်ဗျ..

    မန်းလေး ကဆိုတော့.. ဘဏ်က နေ ငွေ အရင် ပို့ပေးလို့၇လား ဗျ

    1. saturngod says:

      ဘာ software လိုချင်တာလဲမသိဘူး

  7. zmtin says:

    ကိုစေတန်

    ကျွန်တော် မြိတ်ရောက်နေတုန်း မြိတ်ကမှာတဲ့ လူတွေရှိရင်လဲ ကျွန်တော် တာဝန်ယူပြီး ဖြန့်ပေးပါမယ်။

  8. minlwin121 says:

    FutureSky Internet cafe က ကိုခွန်မိုးကျော် ကို မေးလ် ပို့ထားတာ အကြောင်းလဲ မပြန်ဘူးဗျ. ဘယ်အချိန်မှာ သွားကူး ရင် အဆင်ပြေနိုင်မလဲ ဆိုတာ ပို့ထားတာ…
    wine အကြောင်းလေးလဲ သိချင်ပါတယ်..ဘလော့မှာ ဖော်ပြပေးပါခင်ဗျာ..

  9. saturngod says:

    ဟုတ်လား။ သူ့ email ပြောင်းသွားလို့ဖြစ်မယ်။ ကျွန်တော် ပြန်စုံစမ်းပေးပါ့မယ်။

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.