Gardar for iPhone 5

iOS 6 မှာ Architecture က armv7s ဖြစ်သွားတယ်။ ဒါကြောင့် လက်ရှိ library တွေက Xcode 4.5 မှာ အလုပ်မလုပ်တော့ဘူး။ မနေ့က Gardar ကို iPhone 5 အတွက် ပြင်ဖြစ်တယ်။ သို့ပေမယ့် Google Admob က compile မရလို့ ဖြုတ်ထားလိုက်ရတယ်။ Admob မရတော့ iAds ထည့်မယ်ဆိုပြီး စမ်းပြန်တော့ iOS 6 မှာ iAds က မပေါ်ဘူးဖြစ်နေတယ်။

အခု Gardar ကိုတော့ iPhone 5 အတွက် ပြင်ပြီးပြီ။ bugs တွေကိုလည်း ပြင်ထားတယ်။ 1024 icon size အတွက် App icon ကို pixelmator နဲ့ အစကနေ ပြန်ဆွဲလိုက်ရတယ်။ သို့ပေမယ့် Setting မထည့်ရသေးဘူး။ user ကို font ကို ရွေးခိုင်းမယ့် အစား Setting ထဲမှာ default font ကို ထည့်ထားလိုက်တော့မယ်။

Setting ပြီးရင်တော့ Gardar ကို App Store ပေါ်မှာ version အသစ်ပြန် တင်ပေးပါ့မယ်။ Google Admob ကတော့ ရရင် ပြန်ထည့်မယ်။ မရတော့လည်း စောင့်ရုံပဲပေါ့။ ဖြစ်နိုင်ရင် Gardar ကို ဒီ အပတ်အတွင်းမှာ app store ပေါ်တင်ဖို့ လုပ်နေပါတယ်။ ပြီးတာနဲ့ Ornagai , OrnagaiMe, Sar စတဲ့ App တွေကိုလည်း iPhone 5 ပြင်ပေးပါ့မယ်။

2 responses to “Gardar for iPhone 5”

  1. အကယ်လို့ယူနီကုတ်ပါ support ရင်တော့ ရှယ်ပဲကိုစေတန်

    1. Will support to change MON3 Anonta 1 font.

      If you choose auto font in Setting page, it will detect zawgyi or unicode.

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.