I promise

ကျွန်တော် ornagai 1.0 ရောက်ရင် opensource ပေးမှာပါ။ စိတ်ချပါ။ ဘာလို့လည်းဆိုတော့ dictionary ဆိုတာ တစ်ခုတည်း တည်ရှိနေတာမဟုတ်ဘူးလေ။ နောက်ပြီး တိုင်းရင်းသားတွေလည်း သူတို့ဘာသာသူတို့ dictionary တစ်ခုလုပ်ချင်ကြမှာပဲ။ code ကိုလေ့လာချင်တဲ့လူတွေရှိမှာပဲ။ ကျွန်တော် နှစ်ကုန်မှ ပြန်ရေးဖြစ်မယ်ထင်တယ်။ ၂၀၁၀ နှစ်ဆန်းပိုင်း မှာ ကျွန်တော် ပြောဘူးတဲ့အတိုင်း ornagai ကို တကယ် opensource ပေးပြီး လူတိုင်း ယူသုံးခွင့်ပေးမှာပါ။ ဘယ်သူမဆို ကိုယ့်ဘာသာကိုယ် ဖန်တီးနိုင်အောင်ပေါ့။

တချို့တွေက ပြောတယ်။ အဲလိုလုပ်လိုက်ရင် dictionary တွေ ဖောင်းပွကုန်မှာပေါ့။ ranking တွေ ကျကုန်မယ်လို့ ပြောတယ်။ ကျွန်တော့်အနေနဲ့ ornagai တစ်ခုတည်းနဲ့ dictionary ဖြစ်နေတာမဟုတ်ဘူး။ တနည်းပြောရင် eng <> mya တစ်ခုတည်းနဲ့ dictionary ဖြစ်နေတာမဟုတ်ဘူး။ တိုင်းရင်းသားတွေလည်း သူတို့ဘာသာစကားနဲ့ လုပ်ချင်တဲ့လူ ရှိရင် ရှိမှာပဲ။ နောက်ပြီး အခြား ဘာသာစကားနဲ့ လုပ်ချင်တဲ့လူတွေ ရှိမှာပဲ။ ဒါကြောင့် ထုတ်ပေးတာ။ နောက်ပြီး MVC နဲ့ ပြောင်းရေးထားတယ်။ အကြမ်းတော့ ပြီးပြီ။ ခက်တာက အကြမ်းဆိုတဲ့အတိုင်း alpha အဆင့်တောင် မရှိသေးလို့ မထုတ်သေးဘူး။

ornagai တင်မယ်ဆိုရင် PHP, Mysql ရှိရင် လုံလောက်ပါတယ်။ အခြား ဘာမှ ထွေထွေထူးထူးမထည့်ထားဘူး။ အခုတလော error အချို့တွေ လိုအပ်ချက်အချို့တွေ တွေ့ထားတာလေးတွေပါ ထပ်ဖြည့်သွားမယ်။ အခုတော့ မပြီးသေးဘူး :D စိတ်ချ ၂၀၁၀ မှာ တကယ် ရအောင် ကြိုးစားပေးမှာပါ။

PS: မေးနေကြလို့ ဖြေပေးလိုက်တာပါ။

One response to “I promise”

  1. you are awesome

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading