မနေ့က iOS 13 ကို စမ်းကြည့်တော့ မြန်မာစာ အတွက် keyboard ပါလာတာ တွေ့တယ်။ Language ထဲမှာ မြန်မာ ထည့်တော့ Standard နဲ့ Zawgyi ရွေးလို့ရတာကို တွေ့တယ်။
အကျဉ်းချုံးပြီးပြောရရင်တော့ iOS 13 မှာ
- Unicode အတွက် Keyboard ပါလာတယ်။ မြန်မာ ၃ နဲ့ အတူတူပဲ။
- Unicode အတွက် Hardware keyboard ပါလာတယ်။ မြန်မာ ၃ လက်ကွက် နဲ့ အတူတူပဲ။ Bluetooth keyboard ရှိရင် မြန်မာစာ ရိုက်လို့ရပြီ။
- Zawgyi ပါလာတယ်။ Font profile သွင်းဖို့ မလိုဘူး။ Setting > General > Language မှာ Burmese ကို အရင်ထည့်။ Setting > General > Language > Burmese > Zawgyi ရွေးလိုက်ရင် ရပြီ။
- Zawgyi အတွက် keyboard built in မပါဘူး။ App store ကနေ Sar Lone ဖြစ်ဖြစ် TTKeyboard ဖြစ်ဖြစ် အခြား zawgyi keyboard ကို သုံးပြီးရိုက်ရမယ်။
- Zawgyi အတွက် hardware keyboard မပါဘူး။ hardware keyboard သုံးမယ်ဆိုရင်တော့ unicode ပဲ သုံးမှ ရမယ်။
- Myanmar font က regular, bold, light ပါလာတယ်။
Can’t choose the ZawGyi on languages
iPad doesn’t support yet
thank you for the info. I do not need to install zawgyi font separately anymore.
Thank you for the info. I was trying out installing zawgyi separately (using profile just like in prior version) and it didn’t work anymore.
but now back to normal!
i was able to use/choose on my ipad using ios13 beta 3
Thank you, it was a very great help
I think we need a hybrid version to be able to view legacy ones and also unicode, like those hybrid font profiles in ios12. 13’s setting are forcing us to choose side; zawgyi or unicode clearly :(