MYO

ဒီနေ့ Zite ဖတ်ရင်း နဲ့ မျိုး အကြောင်းရေးထားတာ ဖတ်မိတယ်။ MYO ဆိုလို့ မြန်မာ နာမည် မျိုး နဲ့ ခပ် ဆင်ဆင်ပါပဲ။ leap motion လိုမျိုး GESTURE CONTROL တစ်ခု ပါပဲ။ တခြား GESTURE CONTROL နဲ့ မတူတာက သူက လက်မှာပတ်ထားရပြီးတော့ လက်ဖျံ က ကြွက်သားနဲ့ gesture ကို ထိန်းတာပါ။ ဒါကြောင့် camera မလိုပဲ နဲ့ gesture ကို အလုပ်လုပ်နိုင်ပါတယ်။ leap motion ကတော့ အထဲမှာ camera ၆ ခုလောက်နဲ့ gesture ကို control လုပ်ထားတာပါ။

leap motion ထက် မျိုး ကို ပိုသဘောကျတယ်။ iOS , Android အတွက် API ထုတ်ပေးမယ်ပြောတယ်။ လက်ရှိတော့ App တွေကော hardware တွေကော အများကြီး မရှိသေးပါဘူး။ Bluetooth ကို သုံးထားတဲ့အတွက် iPhone + MYO + Hardware ဆိုရင်တော့ တော်တော်လေးကို မိုက်တဲ့ product တွေ ဖန်တီးလို့ရမှာပါ။ ဒါမှမဟုတ် XBMC ကို MYO နဲ့ တွဲ ပြီး သုံးရင်တော့ ကျွန်တော့် အိမ်က Media Center အတွက် အတော့်ကို ပြည့်စုံသွားပြီလို့ ဆိုရမယ်။ အခု Pre order ရပြီဆိုပေမယ့် ထွက်ပြီးမှ အခြားသူတွေ review လုပ်ပြီးမှ ပဲ စမ်းဝယ်ကြည့်တာ ပိုကောင်းပါလိမ့်မယ်။

https://www.youtube.com/watch?v=oWu9TFJjHaM

1 Comment

  1. oakkar7 says:

    Gesture control တွေမှာ များသောအားဖြင့် device တစ်ခုခု အကူအညီယူရပါတယ်၊ ဥပမာ kinetic ဆိုရင် camera, ဒီ MYO ဆိုရင် လက်မှာပါတ်ထားရတယ်၊ တစ်နည်းအားဖြင့် camera ဆိုရင် line of sight ဖြစ်မှရတယ်၊ တစ်ခြားဟာဆိုရင် bluetooth လို communication device တစ်ခုလိုတယ်၊
    ကွျှန်တော် စိတ်ဝင်စားတာက wisee ပါ၊ line of sight, non line of sight, လူပေါ်မှာ ဘာမှလဲ ဝတ်ထားစရာ မလိုဘူး၊ တကယ် apply လုပ်နိုင်အောင်တော့ စောင့်ရဦးမယ် ထင်တယ်။
    http://wisee.cs.washington.edu/

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.