MYSTERY ZILLION (2018)

MYSTERY ZILLION ကို unicode ကနေ ဇော်ဂျီ ပြန်ပြောင်းလိုက်တယ်။ အဓိက unicode သုံးလိုက်ပြီး နောက်ပိုင်းမှာ ဇော်ဂျီ အသုံးပြုကြသည့် သူတွေအနေနဲ့ သိပ်အဆင်မပြေတာကြောင့်လည်း အမေးအဖြေတွေဟာ မရှိသလောက် ဖြစ်သွားတာလည်း ပါတယ်။ နောက်ပြီး data အဟောင်းတွေကို archive.mysteryzillion.org မှာ ထားခဲ့ပြီး အကုန်လုံး data အသစ် နဲ့ ပြန်စဖို့ ဆုံးဖြတ်လိုက်တာကြောင့် junior တွေ အသုံးများဖို့လိုတယ်။

အဓိက junior တွေကို အရင် ကလို မေးဖို့နေရာ တစ်ခု ပြန်ဖန်တီးပေး ဖို့ လိုအပ်တယ်လို့ မြင်မိတယ်။ Facebook မှာ ရှိတယ် ဆိုပေမယ့် group တွေများနေသလို forum သဘောသဘာဝ မဟုတ်သည့် အတွက်ကြောင့် code တွေကို ဖော်ပြရမှာ အခက်အခဲတွေ ရှိတယ်လို့လည်း မြင်မိတယ်။ အသစ်ပြန်စဖို့ flaurm နဲ့ discourse ဘယ်ဟာ ကို သုံးရင် ကောင်းမလဲကြည့်တော့ discourse ဆိုရင် လက်ရှိ server cost ကို မဖြစ်နိုင်တာကြောင့် ကျွန်တော် ကိုယ်တိုင် ပြန်ပြင်နိုင်မယ့် php နဲ့ ရေးထားသည့် flaurm ကိုပဲ ပြောင်းသုံးထားတယ်။

မေလ ၃ ရက်နေ့က စပြီး စမ်းသပ်ထားတယ်။ အခုတော့ စပြီးတော့ အမေးအဖြေလေးတွေ ရှိလာပြီ။ တတ်နိုင်သလောက် ကျွန်တော် ကိုယ်တိုင် ဖြေပေးနိုင်အောင် ကြိုးစားပါ့မယ်။ programming ပိုင်းမှာ ဆိုရင်တော့ swift ကလွဲပြီး အခြား langauge တွေက အခြေခံလောက်ပဲ သိတော့တယ်။ ဒါကြောင့် မေးသမျှ ကျွန်တော် သိမှာ မဟုတ်တော့ဘူး။ အရင်ကလို community answer တွေ ရှိလာအောင် ပြန်လုပ်ဖို့ တော့ လိုလိမ့်မယ်။

အခု 2018 MZ ကိုတော့ developer တွေ ကို focus ထားပြီး ဖန်တီးထားတာဖြစ်သည့် အတွက်ကြောင့် developer တွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်မိတယ်။

5 Comments

  1. စိုးမိုးသူ says:

    Php ကို လေ့လာချင်ပါ ဘယ်
    ကစရမလဲမသိဘူး
    webdesign တော့တက်ထားပါတယ် မကြေညက်သေးလို့ ထပ်လေ့လာချင်ပါတယ်ခင်ဗျာ လမ်းညွန်ပေးပါအုံး

    1. saturngod says:

      start from some basic php book. You need to understand PHP , CSS , MySQL (Database).

  2. kaungkyawzaw says:

    I’m also planning to deploy Flarum as our production forum for ConceptX platform. Please send me an email to discuss with each other on how we can mutually cooperate between us.

  3. Ye Thway Naung says:

    what’s with MZ bro?

    1. saturngod says:

      now, it’s working back. I will be back on MZ after this month.

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.