MZ Technical Festival

MYSTERY ZILLION Second Anniversary အထိမ်းအမှတ် နှင့် Technology Festival ကို ဧပြီလ ၅ရက်(တနင်္ဂနွေ) နေ့တွင် Myanmar Info-Tech ပင်မအဆောင် ရှိ Confrence Hall တွင် နံနက် ၁၀ နာရီမှ ညနေ ၅နာရီအထိ ကျင်းပသွားမည်ဖြစ်သည်။
စာတမ်းဖတ်ပွဲ ၊ဟောပြောပွဲ၊ မြန်မာ Open source Product များကို ခင်းကျင်းပြသခြင်းများအပြင် MZ Mobile Dictionary ကိုပါ အခမဲ့ install လုပ်ပေးခြင်း MZ open source product များကို install လုပ်ပေးခြင်းများပါ ပါဝင်မည်ဖြစ်သည်။ Web 2.0, Cyber Security, Open Technology, Ethical Hacking, Digital Forensic စသည်တို့ တို့ ကို ဆွေးနွေးတင်ပြသွားမည်ဖြစ်သည်။
နည်းပညာပွဲတော် ကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ
Technology များနှင့် လူငယ်များရင်နည်းမှုရှိစေရန်။
အဆင့်မြင့်နည်းပညာများကို တိုးတက်လေ့လာနိုင်ကြစေရန်။
မြန်မာနိုင်ငံတွင် Open Source Product များနှင့် ပတ်သက်သည့် လုပ်ငန်းများ ပိုမိုတိုးတက်လာစေရန် ရည်ရွယ်ပါသည်။

စိတ်ပါဝင်စားသူ မည်သူမဆိုတက်ရောက် လေ့လာနိုင်ပါသည်။ ပွဲနှင့်ပတ်သက်၍ သိလိုသည်များနှင့် ပွဲတွင် ဝင်ရောက် ဆွေးနွေးလိုသူများ စာတမ်းဖတ်လိုသူများသည်။ စည်သူအောင်(MYSTERY ZILLION)
ဖုန်း ၀၉ ၈၅၁၅၂၃၅ သို့ဆက်သွယ် စုံစမ်းနိုင်ပါသည်။

နောက်ဆက်တွဲ : MZ talk အနေနဲ့ Freelance for Myanmar ကို IT လုပ်ငန်းရှင်တစ်ဦးနဲ့ ဆွေးနွေးရန် ကြိုးစားနေပါသည်။

2 Comments

  1. MrDBA says:

    ကျွန်တော့်ဆီမှာလဲ ကြော်ငြာမယ်ဗျာနော်

    1. saturngod says:

      လုပ်သင့်တယ်… :D ကို DBA ရဲ့ post တစ်ခုဖတ်ဖို့ အရေး အကြာကြီးစောင့်ရတယ်… :P

Leave a Comment

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.