Newton Apple iPhone Game

ဒီနေ့ ရုံးမှာ ၃ လလောက် ရေးထားတဲ့ Game ကို app store မှာ approve ဖြစ်သွားပါပြီ။ Game ကတော့ ရိုးရိုးရှင်းရှင်းလင်းလင်းပေမယ့် bugs တွေပြင်တာတွေ အခြား feature တွေ ဖြုတ်ထုတ်တပ် တွေ လုပ်နေတာနဲ့ ၃ လ ကျော်ကျော်လောက် ကြာသွားတယ်။ game ရဲ့ အဓိက ဇာတ်လမ်းကတော့ ပန်းသီး ကြွေကျတာကို pop လိုက်လုပ်ပေးရတာပါ။ Newton ခေါင်းပေါ် ပန်းသီး မကြွေကျအောင် ကာကွယ်ပေးရတာက အဓိက game ဇာတ်လမ်းပဲ။ ကျွန်တော်ကတော့ ဒီ game မှာ mini game ဖြစ်တဲ့ worm game နဲ့ zombie game ပဲ ရေးထားတယ်။ worm game က ၃ မျိုးလောက် ရေးပြီးမှ ၁ ခုကို ထည့်လိုက်တာပါ။ Worm game ကို acculturation နဲ့ တစ်ခေါက်ရေးတယ်။ ပြီးတော့ box2d နဲ့ တစ်မျိုးရေးတယ်။ အခု ထည့်ထားတာကတော့ အရိုးအရှင်းဆုံး cocos2d တစ်ခုတည်းနဲ့ပဲ ရေးထားတာ။ Worm Game ၃ မျိုးကို ၁ လ လောက် ကြာသွားတယ်။ တစ်မျိုးမကြိုက် တစ်မျိုးပြောင်းတာနဲ့။ နောက်ပြီး level design ၁၀ ခု လောက်ကို စမ်းပြီးမှ သင့်တော်တဲ့ ၃ ခု ကို ထည့်ထားပါတယ်။ အစက ၆ ခု ထည့်မလို့ပဲ။ ကျွန်တော်က ၃ ခုလောက်ပဲ ရေးပြီးတော့ ကျန်တဲ့ ၇ ခုလောက်ကို intern လေးကို အပ်ပြီး ရေးခိုင်းလိုက်တာ။ အဲဒီ အထဲကမှ အကောင်းဆုံး ၃ ခုကို ရွေးခဲ့တယ်။ သို့ပေမယ့် သူက grid ပေါ်မှာ layout ချထားတာမဟုတ်တော့ worm သွားတဲ့ လမ်းကြောင်းက detect မသိတော့ဘူး။ ဒါနဲ့ ကိုယ့်ဘာသာရေးထားတဲ့ ၃ ခုပဲ ထည့်လိုက်ရတယ်။

Newton Apple ကတော့ အစအဆုံး ရုံးက ပြင်သစ်ရေးထားတာပဲ။ အဲဒီအထဲမှာ သဘောကျတဲ့ အပိုင်းက သစ်ရွက်ကြေတဲ့ animation အတွက် သူသုံးထားတဲ့ formula ပဲ။ game က ဒီအတိုင်းဆော့လိုက်ရင် ဘာမဟုတ်ဘူးထင်ရပေမယ့် ထင်သလောက် တော့မလွယ်ဘူး။ နောက်ပြီး cocos2d မှာ gestures မပါတော့ ကိုယ့်ဘာသာ ကိုယ် ပြန်ရေးရတာတွေ ရှိတယ်။ multi touch တော့ မပါသေးဘူး။ ပန်းသီးကြွေကျတာဖြစ်ပေမယ့် random engine ကိုလည်း သူ့ဘာသာ သူရေးထားတာပဲ။ game ကတော့ ကလေးတွေ အကြိုက် ရေးထားတာလို့ ဆိုရမလားပဲ။ boss ရဲ့ ကလေးတွေကတော့ တော်တော်လေးကို သဘောကျတယ်။ ကျွန်တော်တို့ရုံးကလူတွေကတော့ testing လုပ်ရလွန်းလို့ game ကို တော်တော်ကျွမ်းနေပြီ။

အဲဒီအထဲမှာ ပါတဲ့ နောက်ထပ် mini game တစ်ခုကတော့ newton zombie ပဲ။ အဲဒါကတော့ ကျွန်တော် ရေးထားတာပါ။ box2d ကို သုံးပြီး ပန်းသီးကို flick လုပ်တဲ့ အပိုင်းရေးထားတာပါ။ အစပိုင်းကတော့ flick ကို ဘယ်လို လုပ်ရမှန်းမသိဘူး။ တော်တော်တော့ အချိန်ပေးလိုက်ရတယ်။ ၁ လ လောက်တော့ ကြာတယ်။ gam ကတော့ ဘယ်လိုနေလဲတော့ မသိဘူး။ ကျွန်တော့် အတွက်က လွယ်လွန်းနေတယ်။ game design ကတော့ ကလေးတွေ သဘောကျမယ်လို့ ထင်တာပဲ။ ရေးရတဲ့ အထဲမှာတော့ အဲဒီ game လေးကို သဘောကျတယ်။ ဘာလို့လည်းဆိုတော့ bugs က နည်းနည်းနဲ့ ပြန်ပြင်ရတာ သိပ်မရှိဘူး။

အခြား အပိုင်းတွေကတော့ ကြားက education law လေးတွေပဲ။ netwon ရဲ့ law 1 , law 2 နဲ့ law 3 ကို cocos2d နဲ့ animation လေး ပြန်ဆွဲထားတာပါ။ အလွယ်ကြီးမဟုတ်သလို အခက်ကြီးလဲ မဟုတ်ပါဘူး။ ခက်တာဆိုလို့ background moving လေး တစ်ခုပဲ ပါတယ်။ ဘာပဲပြောပြော ရုံးမှာ ၄ လ လောက် အလုပ်လုပ်ပြီးတဲ့ သကာလမှာတော့ game တစ်ခု ပြီးသွားတယ်လို့ ဆိုရမယ်။

iTunes Link ကတော့ http://itunes.apple.com/us/app/newtonapples/id417698312?mt=8 ပါ။ lite version လည်းရှိပါတယ်။ စမ်းချင်တဲ့ သူတွေကတော့ lite version ကို free download ချလို့ရပါတယ်။

10 responses to “Newton Apple iPhone Game”

  1. Wow.. so kool :) … the game is receiving 5 stars reviews

  2. ငါ ဘယ်သူလဲ Avatar
    ငါ ဘယ်သူလဲ

    MZ ဆိုက်အတွက်လဲ App တစ်ခုလောက်လုပ်ထားပါလားဗျ
    facebook app လိုပုံစံပေါ့
    ဆာဖါရီထဲ မကြည့်ပဲနဲ့ ကိုယ်app နဲ့ကိုယ်သုံးလို့ရရင်ပိုမိုက်တယ်

  3. ကိုစေတန်ရေးထားတဲ့ Ornagai ကကျွန်တော့် iPod Touch4 မှာသွင်းလိုက်ပြီးတော့ ဖွင့်လိုက်ရင်ပြန်ပြန် ပိတ်⁠ပိတ်သွားတယ်ဗျ…။ဘယ်လိုဖြစ်လို့လဲမသိဘူး။Free Version 1.4.6 ပါ…။အဲ့ဒါအဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲမသိဘူး။

    1. remove လုပ်ပြီး ပြန်သွင်းကြည့်ပါ။ ကျွန်တော် ပြန်စစ်ကြည့်ပါအုံးမယ်။

  4. မရဘူးခင်ဗျ။အဲ့ဒီလိုဘဲပြန်⁠ပြန်ဖြစ်နေတယ်။ကျွန်တော့်ဆရာတစ်ယောက်ဆီကနေ သွင်းတုန်းကလည်းမရဘူး။သူ့အတွက်ဘဲထင်လို့..။သူပြောတာကတော့ ကိုစေတန်ဆီက Mail နဲ့ရတယ်ဆိုတော့သူ့တစ်ယောက်အတွက်ဘဲထင်လို့သွင်းတာမရခဲ့ဘူး။ဒါနဲ့ Free လေးသွင်းတော့လည်း ကျွန်တော်ပြောသလိုဖြစ်နေတယ်။စိတ်မရှိပါနဲ့ခင်ဗျာ။အလုပ်ရှုပ်နေရင်လည်းထားလိုက်ပါ။
    ကျေးဇူးတင်ပါတယ်။

    1. I can install in my iPhone 3Gs and iPodTouch 3G. Are you install from app store ?

  5. ကျွန်တော်က Installous ကနေသွင်းတာပါ။iFunBox နဲ့ထည့်ပီးတော့သွင်းပါတယ်။
    iTunes နဲ့မသွင်းတာကတော့ အရင်တုန်းက ဆိုင်တွင် JailBreak လုပ်ခဲ့တဲ့အတွက်ကြောင့်ပါ။Apple Products နဲ့ပက်သက်ရင်တော့သိပ်မသိပါဘူး။အဆင်ပြေသလိုလေးလမ်းညွန်ပေးပါ။
    ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    1. sorry, I don’t support from installous. You should install from app store.

  6. Dr.Kyaw Than Aung Avatar
    Dr.Kyaw Than Aung

    Ornagai က free ပေးတာလား
    ဘယ်လို down ရမလဲ
    ios 4.2.1 ကို အစ်ကို့ blogက ကြည့်ပြီး jailbreak unlock လုပ်လို့ ရသွားပါတယ်
    ကျေးဇူးပါ

    1. you can download from apple app store

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.