Nokia Lumia 800 with WP 7.5

Nokia Lumia 800 ကို စမ်းပြီး သုံးကြည့်တော့ မဆိုးဘူးလို့ ဆိုရပေမယ့် ကောင်းတယ်ဆိုတာတော့ မဟုတ်ပြန်ဘူး။ Nokia Lumia 800 က Windows Phone 7.5 Mango ကို အသုံးပြုထားပါတယ်။ Hardware quality က တော့ ကောင်းတယ်လို့ ဆိုရပေမယ့် camera quality ကတော့ iPhone 4s လောက် မကောင်းပါဘူး။

ကောင်းတဲ့ အချက်နဲ့ မကောင်းတဲ့ အချက်ကို ယှဉ်ကြည့်ရင်တော့

– c# , silverlight developer တွေ လွယ်လွယ်ကူကူ App ရေးလို့ရတဲ့အတွက် နောက်ပိုင်းမှာ App တွေ များလာနိုင်ခြေရှိတယ်။
– Metro UI က iphone , android တို့နဲ့ ကွဲပြားခြားနားပြီး ခံစားမှု အသစ်ဖြစ်စေတယ်။
– Hardware quality ကတော့ camera က လွဲရင် မဆိုးဘူးလို့ ဆိုရမယ်။ Hang သွားတာတွေ အလိုလို ပိတ်သွားတာတွေ မရှိဘူး။ သုံးရတာ စိတ်ချမ်းသာတယ်။
– Zune ကနေ synchronize လုပ်ရတော့ virus ပြဿနာ ခေါင်းစား စရာ မလိုတော့ဘူး။ တနည်းပြောရင် iphone လို iTunes ကနေ sync လုပ်ရသလိုမျိုးပေါ့။
– facebook နဲ့ ချိတ်ထားပြီး phone no. တွေ အလွယ်တကူ sync လုပ်လို့ရတာလေးကတော့ မိုက်တယ်။ လူတွေရဲ့ profile photo တွေကိုတော့ facebook က profile ပုံပြပေးတာလေးကို သဘောကျတယ်။

မကြိုက်တာလေးတွေကတော့

– app တွေ မရှိဘူး။ iPhone မှာ မဖြစ်မနေ သုံးဖြစ်တဲ့ gothere.sg , POSB , LINE , Viber , dropbox , wunderlist … စတာတွေ မရှိဘူး။
– iOS နဲ့ ယှဉ်ရင် Game ကောင်းကောင်းတွေ မရှိသလောက်ပဲ။
– emoji keyboard မပါဘူး။
– အခုအချိန်မှာ သိသလောက်ကတော့ phone ကို developer unlock ရပေမယ့် phone ကို full access မရပါဘူး ။ xap ပဲ သွင်းလို့ရတာပါ။ နောက်ပြီး font သွင်းမရသးပါဘူး။ ဒါကြောင့် မြန်မာလို မြင်ရမယ့် ကိစ္စ မဖြစ်နိုင်သေးဘူး။
– windows phone 7 IE မှာ @font-face အလုပ်မလုပ်ဘူး။ ဒါကြောင့် မြန်မာစာတွေကို လုံးဝ မြင်ရမှာ မဟုတ်သေးဘူး။
– bing search နဲ့ bing map က google search နဲ့ map လောက် မကောင်းတာကတော့ အမှန်ပဲ။

windows phone 7.5 ကြော်ငြာ youtube video လေးကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

Discover more from Saturngod

Subscribe now to keep reading and get access to the full archive.

Continue reading